ရှားစောင်းလက်ပပ် အကြောင်း သိကောင်းစရာနှင့် စိုက်ပျိုးနည်းစနစ်

08/12/2017 22:29 PM တွင် Shwe-Yee-linn Shwe-Yee-linn မှ ရေးသား

ရှားစောင်းလက်ပပ် ဆိုသည်မှာ ပူပြင်းခြောက်သွေ့သော ဒေသများတွင်ပင် စိုက်ပျိုး ဖြစ်ထွန်းပြီး အလွန် အကြမ်းခံသော အပင်တစ်မျိုး ဖြစ်သည်။ ၎င်းအပင်၏ ဆေးဖက်ဝင်သော အကျိုးကျေးဇူးများကြောင့် သဘာဝနတ်ဆေးပင် အဖြစ်​လူသိများသည်။

အာဖရိကနှင့် မက်ဒီတာရေးနီးယန်း ဒေသများတွင် စတင်ပေါက်ပွားသော အပင်ဖြစ်သည်။ လီလီရေးစီးဟု ခေါ်တွင်သော အပင်မျိုးရင်းဝင် တစ်ခုဖြစ်ပြီး အိန္ဒိယ၊ တရုတ်၊ သြစတေးလျ၊ အာဖရိက၊ မက်ဆီကန်နှင့် ယူစက်အေ တို့တွင် စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်ကြသည်။ ရှားစောင်းလက်ပပ် ကို အလှကုန်ပစ္စည်း ထုတ်လုပ်ခြင်းနှင့် စားသောက်ကုန် ထုတ်လုပ်ခြင်းများတွင်လည်း ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲကြသည်။

၁။ ကျန်းမာရေးဆိုင်ရာကောင်းကျိုးများမှာ

အရေပြားဆိုင်ရာ ကုထုံးများအတွက် အသုံးတည့်ပြီး အလှကုန် ပစ္စည်းများတွင် အသုံးပြုရန် အကောင်းဆုံး သဘာဝ ပစ္စည်း ဖြစ်သည်။ ဝက်ခြံ၊ တင်းတိပ် ပျောက်၍ ဆီး၊ ဝမ်း၊သွေး၊ လေ မှန်စေပြီး ကျန်းမာစေသည်။ အမိုက်နို အက်စစ်၊ အဆီဓာတ်၊ သက်စောင့်ဓာတ် နှင့် ကိုယ်ခံအားကောင်းစေပြီး နှလုံးကို ကောင်းမွန်စေကာ အဆိပ်အတောက်ကို ပြေစေသည့် အစွမ်​းသတ္တိ များရှိသည်။

၂။ ရာသီဥတု လိုအပ်ချက်

အခြေခံအားဖြင့် နွေးသမပိုင်းဇုံကို ကြိုက်နှစ်သက်သည်။ သို့သော် ရာသီဥတု အခြေအနေ အမျိုးမျိုး တွင် စိုက်ပျိုးနိုင်သည်။ အကောင်းဆုံး ေသော စိုက်ပျိုးနိုင်သည့် ရာသီဥတု အခြေအနေမှာ မိုးရေချိန် နည်းပြီး ခြောက်​​သွေ့၍ ပူနွေးစိုစွတ်သော အခြအနေမျှိုး ဖြစ်သည်။ ဆီးနှင်းဒဏ်နှင့် အေးမြသော ရာသီဥတုကို ခံနိုင်ရည် မရှိပါ။

၃။ မြေဆီလွှာ အခြေအနေ

သဲဆန်သောမြေမှသည် နူံးမြေအမျိုးအစားထိ မြေအမျိုးအစား အများအပြားတွင် စိုက်ပျိုး ဖြစ်ထွန်း နိုင်သည်။ သို့သော် အကောင်းဆုံးသော မြေအမျိုးအစားမှာ သဲဆန်သောမြေ ဖြစ်သည်။ ရေဝပ်ခြင်းကို မကြိုက်သော အပင် အမျိုးအစားဖြစ်၍ ရေသွင်းရေထုတ် ကောင်းမွန်သော မြေကိုသာ ရွေးချယ်ပါ။ မြေချဉ်ငန်ဓာတ် ၈.၅ အထိ ကောင်းစွာ ရှင်သန် ဖြစ်ထွန်းနိုင်သည်။ ဝါစိုက်မြေများတွင် ကောင်းစွာ ဖြစ်ထွန်းနိုင်သည်။ ဆားပေါက်မြေတွင်လည်း ဖြစ်ထွန်းနိုင်သည်။

၄။ ပင်ပိုင်းဖြတ်၍ စိုက်ပျိုးခြင်း

ရှားစောင်းလက်ပပ်သည် မြစ်ပိုင်းများးဖြင့် မျိုးပွားနိုင်သည်။ ပင်မ အမြစ်ကြီးကို မထိခိုက်အောင် ဂရုစိုက်​​၍ အမြစ်အတက်သေးများကို ဖဲ့ယူပြီး အပင်သစ် စိုက်ပျိုးနိုင်သည်။ အမြစ်တက်များကို လက်ညှိုးတစ်ချောင်း အရှည်ခန့်ဖြတ်၍ အဆစ် နှစ်ခုမှ သုံးခုထိ ဖြတ်၍ အပင်သစ်များ ထပ်မံ စိုက်ပျိုးနိုင်သည်။ ပျိုးခင်းအတွက် သဲဆန်သောမြေကို အသုံးပြုနိုင်သည်။ အမြစ်ပိုင်းမှ အတက်လေးများ ထွက်လာပါက စိုက်ခင်း အတွင်းသို့ ပြန်ရွေ့စိုက်ပါ။ ပျိုးခင်း တစ်ဧက အတွက် အမြစ်အတက်ပေါင်း တစ်သောင်းခွဲခန့်ကို ပုံမှန်အားဖြင့် လိုအပ်သည်။

၅။ မြေပြင်ခြင်း

မြေကိုအတတ်နိုင်ဆုံး ဖွ၍ မွအောင် ထားနိုင်လေ အပင် ပိုမိုကောင်းလေ ဖြစ်သည်။ ကောင်းစွာ ဆွေးမြေ့သည့် တိရစ္ဆာန်​စွန့်ပစ်ပစ္စည်းနှင့် သဘာဝမြေဆွေးကို တစ်ဧကလျှင် နွားလှည်း ဆယ့်ငါးစီးမှ နှစ်ဆယ်ထိ ထည့်သွင်းသင့်သည်။ လက်တစ်မိုက် အကွာရှိမြောင်းများဖော်၍ အမြစ်ပိုင်းများကို တစ်ခုနှင့်တစ်ခု တစ်မိုက်စီ ခွာ၍ စိုက်နိုင်သည်။

တစ်ဧကတွင် အပင်တသောင်းခွဲမှ နှစ်သောင်းအထိ ဆန့်ဝင်ပြီး အပင်ကြီးထွားမှု့ကောင်းမွန်ပါက ပင်ကြား တန်းကြားကို ၁၆လက်မ × ၁၈ လက်မ သို့မဟုတ် ၂၄လက်မ × ၁၂ လက်မ အကွာအဝေး ရရှိအောင် အပင်မှုန်းသင့်သည်။

၆။ ရေသွင်းခြင်း

ရှားစောင်းလက်ပပ်ကို မိုးအားကိုး၍ စိုက်ရသော ဒေသတွင် ရေသွင်း၍လည်း စိုက်ပျိုးနို်င်သည်။ ရေသွင်းခြင်းကို အမြစ်ပိုင်းချစိုက် စိုက်ပြီးခြင်း ပြုလုပ်ရန် လိုအပ်သည်။ ပူပြင်း၍ ခြောက်သွေ့သော ဒေသတွင်မူ နှစ်ကြိမ်ထိ ရေသွင်းပေးသင့်သည်။ မိုးရာသီတွင် မိုးရေဝပ်ခြင်း၊ ရေတိုက်စားခြင်းများ ဖြစ်ပေါ်နိုင်၍ ပိုမို ရေသွင်းရေထုတ် ပြုလုပ်မည့် ကြိမ်ရေကို ဂရုတစိုက် ပြုလုပ်ပေးသင့်သည်။

၇။ ပေါင်းနှိမ်ခြင်း

မြေဘောင်တင်ခြင်းကို ပြုလုပ်သင့်သည်။ ပေါင်းနှိမ်ခြင်းကိုလဲ အချိန် အပိုင်းအခြား ထား၍ ဘောင်တင်ခြင်း နှင့်အတူ ပြုလုပ်သင့်သည်။

၈။ မြေဆီသြဇာ ကျွေးခြင်း

နှစ်စဉ် နှစ်တှိုင်း ကောင်းစွာဆွေးမြေ့သည့် တိရစ္ဆာန်​စွန့်ပစ် ပစ္စည်းနှင့် သဘာဝမြေဆွေး ကို တစ်ဧက လျှင် နွားလှည်း ဆယ့်ငါးစီးမှ နှစ်ဆယ်ထိ ထည့်သွင်းသင့်သည်။ ဓာတုမြေသြဇာ သုံးစွဲလိုပါက နိုက်ထရိုဂျင်၊ တီစူပါ၊ ပိုတက် (NPK)ကို တစ်မျိုးလျှင် ၁၂ ပိဿခန့် အသုံးပြုနိုင်သည်။

၉။ ပိုးမွှားနှင့် ရောဂါ

သံချေးမှို၊ ပင်စည်ပုပ်နှင့် ဘတ်တီးရီးယားပျော့ပုပ်များ အဖြစ်များသည်။

၁၀။ ရိတ်သိမ်း ခူးဖြတ်ခြင်း

စိုက်ပြီး နောက်တစ်နှစ်တွင် အရွက်ဖြတ်နိုင်ပြီ ဖြစ်သည်။ တစ်ပင်တွင် အရင့်ဆုံးအရွက် သုံးခုမှလေးခု အထိ ဖြတ်ယူ နိုင်သည်။ မနက်ခင်း သို့မဟုတ် ညနေခင်းတွင် ဖြတ်ယူခြင်းကို ပြုလုပ် သင့်သည်။ တစ်နှစ်လျှင် သုံးကြိမ် ရိတ်သိမ်းဖြတ်ယူ နိုင်သည်။ လုပ်သားကုန်ကျ စားရိတ် အနဲဆုံးသော သီးနှံလည်း ဖြစ်သည်။ ငါးနှစ်လျှင်တစ်ကြိမ် အသစ်ပြန်လည် စိုက်ပျိုးသင့်သည်။ ဘေးတက်မှထွက်သော အမြစ်ပိုင်းများကိုလည်း ပြန်လည် စိုက်ပျိုး နိုင်သည်။

၁၁။ ရိတ်သိမ်းချိန်လွန် ပြုလုပ်သင့်သည့် အချက်များ

အရွက်များ ရိတ်သိမ်းဖြတ်ပြီးပါက အရွက်များ ခြောက်သွေ့ မသွားအောင် ဂရုတစိုက် ထိန်းသိမ်းသင့်သည်။ စိုက်ကွင်းထဲတွင် ဖြတ်ပြီးသွားသော ရှားစောင်းလက်ပပ် ရွက်များ ခြောက်သွေ့ မသွားအောင်လည်း ဂရုစိုက်​​၍ သယ်ယူ သင့်သည်။ ဖြတ်ထားသော အရွက်၏ ဖြတ်ရာမှ မှိုများ မလိုက်လာအောင်လဲ ခြောက်သွေ့၍ အေးမြသော နေရာတွင် ထားပါ။ ကွန်​ကရစ်​ကြမ်းပြင်ပေါ်တွင် သိုလှောင် သိမ်းဆည်းပါ။

စိုက်ပြီး ဒုတိယနှစ်မှ ငါးနှစ်တိုင်တိုင် ခူးဆွတ်ရိတ်သိမ်း နိုင်သည်။ ပုံမှန်အားဖြင့် တစ်ဧကတွင် အထွက်နှူန်းသည် အရွက်ထူ ၉၀၀၀- ၁၁၀၀၀ကြား ဝန်းကျင် ရှိသည်။ လူသုံး ဆေးကုမ္ပဏီ နှင့် အလှကုန်ပစ္စည်း ကုမ္ပဏီ များတွင် ပို့နိုင်သည်။ နိုင်​ငံတကာ စျေးးကွက် တစ်ခုအဖြစ် တည်ရှိနေသော သီးနှံတစ်မျိုး ဖြစ်သည်။ မိုးနဲဒေသများနှင့် ပူပြင်း ခြောက်သွေ့သော ဒေသတွင် တစ်ကြိမ်သာ စိုက်ရန်လိုအပ်ပြီး ငါးနှစ်တိုင်တိုင် ခူးဆွတ် နိုင်သောကြောင့် လွန်စွာ အဆင်ပြေသော သီးနှံဖြစ်သည်။

ကိုးကား-Agri farming

 
 

ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်