နို့စားနွားမများ၏ အစာအာဟာရခွဲဝေ သုံးစွဲပုံ (အပိုင်း ၂)

04/10/2019 13:30 PM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

နို့ပေးနွားမတွေကို အစာနုပမာဏတိုးကျွေးတိုင်း နို့ပိုမိုထုတ်လုပ်ပေးနိုင်တဲ့ အချိုးအစားကတော့ တစ်ကောင်နှင့်တစ်ကောင် မတူညီကြပါဘူး။

အချို့နွားမတွေက အစာကနေနွားနို့ကိုပြောင်းလဲထုတ်ပေးနိုင်မှုများတဲ့အခြေအနေမှာ ရှိပါတယ်။ ၎င်းနွားမများကို အစာနုပိုကျွေးပါက နို့ပိုမိုထုတ်လုပ်နိုင်သည့်အတွက် မိမိအတွက် အမြတ်ပိုမိုရရှိမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အချို့ကတော့ အစာမှ နွားနို့ပြောင်းလဲထုတ်လုပ်မှုနည်းလာသည့်အတွက် အစာပမာဏအများကြီးကျွေးနေပါက နွားမမှာ အနည်းငယ်ဝလာပြီး တောင်သူများအတွက်အစာကုန်ကျစရိတ်များစေကာ မလိုအပ်ဘဲ ငွေကြေးကုန်ကျမှုများစေမှာဖြစ်ပါတယ်။

ဥပမာအနေဖြင့် မွေးပြီး()လအကြာနို့ပေးနွားမဟာ တစ်နေ့ကိုနွားနို့ ၁၀ပိဿာထုတ်လုပ်ပေးနေပြီး ခန္ဓာကိုယ်ပိန်နေပါက သူမဟာအစာကရတဲ့စွမ်းအင်ဓာတ်အားလုံးကို နွားနို့ထုတ်လုပ်ဖို့အတွက်အသုံးချ နေရသောကြောင့် ဖြစ်ပါတယ်။ ဒီလိုမျိုးနွားမကို လိုအပ်ချက်ပြည့်မီစေဖို့ အစာနုပိုတိုးကျွေးကြည့်သင့်ပါတယ်။

နောက်ထပ် ဥပမာအနေဖြင့် မွေးပြီး ()လအကြာ လက်ရှိနွားနို့ ၄ ပိဿာ ပေးနေပြီး ခန္ဓာကိုယ်အနည်းငယ် ဝနေပါက သူမဟာ ကျွေးလိုက်တဲ့အစာကရရှိသောစွမ်းအင်ဓာတ်ဓာတ်ကိုနွားနို့ထုတ်လုပ်ဖို့အတွက်အသုံးပြုတာလျော့နည်းသွားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ဒါကြောင့်မွေးမြူသူများအတွက် နို့ပေးနွားမများကို အစာနုအတိုးအလျော့ ပြုလုပ်ကျွေးမွေးပုံနှင့် မိမိအတွက် တွက်ခြေကိုက်မှု ရှိ/မရှိ တွက်ချက်ပုံကို အောက်ပါပုံတွင် ဥပမာအနေဖြင့် တွက်ချက်ဖော်ပြပေးထားပါတယ်။

ဥပမာ () မွေးပြီး ၂ လအတွင်း နွားနို့ (၁၀) ပိဿာ ပေးနေပြီး ပိန်နေသာ နို့စားနွားကို အစာနု တိုးကျွေးခြင်းဖြင့် ဝင်ငွေပို ရ/မရ တွက်ချက်ကြည့်ခြင်း

- အစာနု ၁ ပိဿာစျေး = ၈၀၀ ကျပ်

- နွားနို့ ၁ ပိဿာစျေး = ၁၁၀၀ ကျပ်

- ထပ်တိုးကျွေးသည့် အစာနု ပမာဏ = ၂ ပိဿာ

- လျော့ကျွေးသည့် အစာနုပမာဏ = .၅ ပိဿာ

ဥပမာ () မွေးပြီး () လအတွင်း နွားနို့ () ပိဿာ ပေးနေပြီး အနည်ငယ်ဝနေသော နို့စားနွားမကို အစာနု လျော့ကျွေးခြင်းအား ဝင်ငွေပို ရ/မရ တွက်ချက်ကြည့်ခြင်း

မှတ်ချက် ။ ။ မိမိနွားမ၏ နို့ပေးကာလနှင့် ခန္ဓာကိုယ်အနေအထားပေါ်မူတည်၍ အစာနုကို အတိုး အလျော့ကျွေးမွေးရန်နှင့် နွားမ၏ နို့ထုတ်လုပ်ပေးမှုကို အစာအတိုးအလျော့ ပြုလုပ်ပြီး () ရက် ကြာ စောင့်ကြည့်ပြီးမှ တွက်ချေကိုက်မှု ရှိ/မရှိ တွက်ချက်ရမည်။

နို့စားနွားမွေးမြူသူတောင်သူများခင်ဗျာ.....

မိမိနွားမ၏ နို့ထုတ်လုပ်မှုနှင့်အစာကုန်ကျ စရိတ်ကို မှတ်တမ်းပြုလုပ်ထားပြီး နို့ပေနွားမများ၏ နို့ပေးကာလနှင့် ခန္ဓာကိုယ်အနေအထား ပေါ်မူတည် ၍ အစာနုကိုအတိုးလျော့ ပြုလုပ်ပြီး တွက်ခြေ ကိုက်အောင်ကျွေးမွေးခြင်းဖြင့် အမြတ်ပိုမိုရအောင်ဆောင်ရွက် ကြပါစို့။

ဤဆောင်းပါးကို MDEP မှ ပံ့ပိုးကူညီပေးထားပါသည်။

 

 

 

 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်