အယ်ကိုဟောပါဝင်မှုနည်းနည်းနဲ့ အိမ်တွင်းဖြစ်ဝိုင်လေး လုပ်သောက်ရအောင်
နာနတ်ဝိုင်ပြုလုပ်တဲ့အခါမှာ နာနတ်သီးခြောက်၊ စည်သွပ်ထားတဲ့နာနတ်သီးတို့ကိုလည်း အသုံးပြုလို့ရပါတယ်။ ဒါပေမဲ့ လတ်လတ်ဆတ်ဆတ်နာနတ်သီးနဲ့ ပြုလုပ်တဲ့ အနံ့၊ အရသာ ကိုတော့ မီမှာမဟုတ်ပါဘူး။
ပထမဉီးစွာ မှည့်ပြီးပျော့တဲ့အပိုင်းကို ရွေးထုတ်ထားပြီး အနာဖြစ်တဲ့အပိုင်း မှိုတက်တဲ့အပိုင်းများရှိပါက ဖယ်ထုတ်ပစ်လိုက်ပါ။ အကယ်၍ မကောင်းတဲ့အပိုင်း အနည်းငယ်ပါသွားရင်တောင် ဝိုင်ကိုပျက်ဆီးစေနိုင်ပါတယ်။ မှို၊ ဘက်တီးရီးယားများမဝင်အောင်လည်း အဖုံးများအုပ်၍ ကာကွယ်မှုပြုလုပ်ရပါမည်။
ပါဝင်သောပစ္စည်းများ
၁။ နာနတ်သီးအမှည့်- ၃ လုံး
၂။ ရေ- ၁၂လီတာ
၃။ သကြား- ၃ ပိဿာ
၄။ သုံပုရာသီး- ၄လုံး
၅။ ဝိုင် တစေး(ကဇော်)
ဝိုင်ပြုလုပ်ပုံအဆင့်ဆင့်
- ရေဆေးထားသော နာနတ်သီးများကို အခွံခွာ၍ အတုံးသေးလေးများလှီးပါ။ ရေ ၁၂ လီတာနှင့် သကြား ၃ ပိဿာတို့ကိုကျို၍ လှီးထားသောနာနတ်သီးများကိုထည့်ကာ ၆ မိနစ်လောက်တည်ပါ။ ထို့နောက် နွေးသွားသည်အထိ အအေးခံပါ။
- ပလတ်စတစ်ဗူး(သို့မဟုတ်) ပုလင်းထဲသို့ တစေးအခြောက် ၈ ဇွန်း(ထမင်းစားဇွန်း)၊ သံပုရာရည်နှင့် အအေးခံထားသော နာနတ်သီးအရောပါအရည်ကို လောင်းထည့်ပါ။
- အဖုံးဖုံးရာ၌ ဗူးအဖုံးတွင် ပိုက်အရွယ်အစားအပေါက်ဖောက်ကာ ပိုက်ထည့်ပါ။ လက်အိတ်တွင်အပေါက်တစ်ပေါက်ဖောက်ပြီး ပိုက်ကိုစွပ်၍ အဖုံးတွင်အုပ်ပါ။ အုပ်တဲ့နေရာတွင်လေလုံစေရန် သရေကွင်းကြိုးဖြင့်ပတ်ပါ။ ပိုက်၏အခြားတစ်ဖက်ကို ရေထည့်ထားသောဗူးထဲသို့ထည့်ထားပြီးကစော်ဖောက်ခြင်းစတင်ပါ။ ဗူးကိုအမှောင်တွင်ထားပါ။ ၁၀-၁၅မိနစ်ကြာလျှင် ပူဖောင်းလေးများထလာမည်ဖြစ်ပါတယ်။
- ၂-၃ ပတ်ကြာသောအခါ အရည်များကိုစစ်ထုတ်၍ ဗူးအလွတ်ထဲသို့လောင်းထည့်ပါ။ ထပ်ပြီးအရင်နည်းတိုင်း လေလုံအောင်ပြုလုပ်ပါ။
- တစ်လကြာအောင်ထား၍ နောက်ပိုင်းတွင် မိမိသိုလှောင်ထားလိုသော ပုလင်းများထဲသို့ထည့်ကာသိုလှောင်နိုင်ပါသည်။ သိုလှောင်တဲ့နေရာမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်များထွက်ရန် တစ်ခါတစ်ရံအဖုံးကို လေလျှော့ပေးသင့်ပါတယ်နော်။
- နှစ်လကြာသိုလှောင်ပြီးတဲ့အခါ အနံ့အရသာပြည့်စုံတဲ့ နာနတ်ဝိုင်ကို သောက်သုံးနိုင်ပါပြီ။ ဝိုင်ကို အရက်နည်းနည်းနဲ့ အချိုသောက်ချင်သူတွေအတွက် ကစော်ဖောက်ရာတွင် တစေးထည့်ပြီး ၅ရက်မြောက်စီတွင် သကြားကို လိုသလိုထည့်၍ မွှေးပေးနိုင်ပါတယ်။ လေလုံအောင်ပြန်ပိတ်ပေးရန်တော့ သတိပြုရပါမည်။
ကျော့နန္ဒာစိုး
ကိုးကား- https://moonshiners.club/pineapple-wine-recipe-easy-guide-on-how-to-make-pineapple-wine/
min thein
လွန်ခဲ့သော ၄ နှစ် ကသံပုရာရေကဘာလုပ်တာလဲ
ko
လွန်ခဲ့သော ၄ နှစ် ကကောက်ညှင်းနဲ့ဝိုင်ပြုလုပ်နည်းကိုလဲသိပါရစေ
Aung Gyi
လွန်ခဲ့သော ၅ နှစ် ကကုန်စုံဆိုင်တွေမှာရှိတတ်ပါတယ် မုန့်ဖုတ်တဲ့တဆေးဆိုလည်းရတယ်
Naing Lin Aung
လွန်ခဲ့သော ၅ နှစ် ကဝိုင်တဆေးကဘယ်ဆိုင်တွေမှာဝယ်လို့ရလဲဗျာ့
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
ပဲကြီးလှောင်ရင်ဘာဆေးတေအုပ်ရလည်းသိချင်လို့ပါ
ပုတူး • ဖြေကြားချက် 1 ခု
မိုးစပါး စဉ့်သုခ တင်း100ကို ပေါက်ဈေးဘယ်လောက်ရှိလဲ ဧရာဝတီတိုင်း ကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ရခိုင်ပြည်ထဲက ကွမ်းစိုက်ပျိုး ရောင်းဝယ်နေကြတဲ့ ညီကိုတွေနဲ့ဆက်သွယ်ချင်ပါတယ်
Bonaparte Kyawhtay • ဖြေကြားချက် 1 ခု
အိမ်တွင်းဖြစ်ဘိုကာရှီသုံးနည်းကိုရှင်းပြပေးပါ
မောင်ရဲသူအောင် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ကျော့နန္ဒာစိုး
အားလုံး