အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဒန့်သလွန် စိုက်ပျိုးနည်း

ဒန့်သလွန် စိုက်ပျိုးနည်း

၁။ ရာသီဥတု 

ဒန့်သလွန်ပင်သည် အပူပိုင်းသီးနှံ ဖြစ်သော်လည်း တောင်ပေါ် မြေပြန့်မရွေး ဖြစ်ထွန်းသဖြင့် ရာသီဥတု မရွေးသောအပင်ဟု ဆိုနိုင်ပါသည်။ 

၂။ မြေအမျိုးအစား  

ဒန့်သလွန်ပင်သည် သဲဆန်လွန်းသော မြေနှင့် ကျောက်စရစ်မြေများမှလွဲ၍ မြေမရွေး ဖြစ်ထွန်းပါသည်။ ဒန့်သလွန် စိုက်ပျိုးရန် မြေဩဇာ ထက်သန်ပြီး ရေမ၀ပ်သော နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းမြေစေးများသည် အကောင်းဆုံး ဖြစ်ပါသည်။ 

၃။ စိုက်ပျိုးနည်း 

ဒန့်သလွန်ပင်ကို အိမ်ခြံ၀င်းများ၌ စားသုံးသီးပင်အဖြစ် တစ်ပင်နှစ်ပင်ခန့် စိုက်ပျိုးကြသော်လည်း စနစ်တကျ စီးပွားဖြစ် စိုက်ပျိုးကြခြင်း မရှိကြသေးပါ။ ဒန့်သလွန်ပင်ကို အကိုင်းဖြတ်၍လည်းကောင်း၊ အစေ့တိုက်ရိုက် မြေချ၍ လည်းကောင်း စိုက်ပျိုးလေ့ရှိကြသည်။   

(က) ကိုင်းဖြတ်စိုက်နည်း 

အကိုင်းဖြတ်စိုက်ခြင်းကို မိုးဦးကျချိန်၊ ဇွန်လတွင် ဆောင်ရွက်ရသည်။ ဒန့်သလွန်ပင်ကို တစ်ပင်နှင့်တစ်ပင် ပေ(၂၀) ခန့်ခြား၍ စိုက်ရပါမည်။ ဒန့်သလွန်ပင် စိုက်မည့်နေရာကို (၃-၃-၃) ပေ ကျင်းတူး၍ မြေသားနှင့် နွားချေးဆွေး (သို့မဟုတ်) သစ်ရွက်ဆွေး မြေဩဇာ ဆတူခန့် ရော၍ ထည့်ရပါမည်။ ထို့နောက် အချင်းတစ်လက်မခန့်အရှည်ရှိ တစ်နှစ်သား အဖျားကိုင်းများကိုဖြတ်၍ စိုက်ကျင်းတွင် စိုက်ရပါမည်။ စိုက်ကျင်းအတွင်းတွင် အနည်းဆုံး အနက်(၆)လက်မအထိ အကိုင်းကို မြှုပ်စိုက်ရပါမည်။ အကိုင်းစိုက်ပြီးနောက် မိုးမရွာပါက အနည်းဆုံး တစ်နေ့တစ်ကြိမ် ရေလောင်းပေးရပါမည်။ ဒန့်သလွန်သည် အမြစ်ထွက်လွယ်သော အပင်ဖြစ်သဖြင့် မြေချစိုက်ထားသော အကိုင်းသည် စိုက်ပြီး တစ်ပတ်အတွင်း အမြစ်ထွက်ပြီး ရှင်သန်ဖြစ်ထွန်းနိုင်ပါသည်။  

ကိုင်းဖြတ်သည့် ဒန့်သလွန်(၂) နှစ်သားအပင်သည် စတင်သီးပွင့်နိုင်ပါသည်။ သို့ရာတွင် (၄)နှစ်သား၊ (၅) နှစ်သားရောက်မှ အသီးများများ သီးလေ့ရှိသည်။ 

(ခ) အစေ့တိုက်ရိုက်ချ စိုက်နည်း 

ဒန့်သလွန်ပင်ကို အစေ့တိုက်ရိုက်ချ၍ လည်းရသည်။ ဒန့်သလွန်ပင်မှ မျိုးစေ့ယူရန်အတွက် နွေကာလ(မတ်လ၊ဧပြီလ) များတွင် ကောင်းစွာ ရင်မည့်သော ဒန့်သလွန်သီးသည် ဖြူမွဲမွဲအရောင်ရှိပြီး ကောင်းစွာ ရင့်မာနေရပါမည်။ ဒန့်သလွန်သီးမှ အစေ့ယူပြီး မိုးဦးကျချိန် ဇွန်လတွင် မြေချစိုက်ပျိုးရပါမည်။ စိုက်မည့်နေရာကို(၁-၁-၁) ပေ ကျင်းတူပြီး မြေသားနှင့် နွားချေးဆွေး သို့မဟုတ် သစ်ရွက်ဆွေး မြေဩဇာ ဆတူရော၍ ထည့်ရပါမည်။ ထို့နောက် ကျင်းအလယ်တွင် အစေ့ကို တစ်လက်မခန့် မြေမြုပ်၍ စိုက်ရပါမည်။ စိုက်ချိန်တွင် မိုးမရွာပါက နေ့စဥ်အနည်းဆုံးတစ်ကြိမ် ရေလောင်းပေးရန် လိုသည်။ အစေ့စိုက်ပြီး တစ်ပတ်အကြာတွင် အပင်ပေါက်လာသည်။ အစေ့စိုက်ပြီး တစ်ပတ်အကြာတွင် အပင်ပေါက်လာသည်။ အစေ့စိုက်ပင်တွင်လည်း တစ်ပင်နှင့်တစ်ပင် ပေ(၂၀) ခြား၍ စိုက်ခြင်းဖြင့် တစ်ဧကတွင် (၁၀၈) ပင်၀င်မည်ဖြစ် သည်။ 

ဒန့်သလွန် အစေ့စိုက်ပင်သည် ကိုင်းဖြတ်စိုက်ပင်ကဲ့သို့ပင် (၂) နှစ်သားတွင် စတင်ပွင့်သီးနိုင်ပြီး (၄)နှစ်(၅) နှစ်သားရောက်မှ အသီးဖြိုင်ဖြိုင် သီးလေ့ရှိသည်။ ကိုင်းဖြတ်စိုက်ပင်ထက် အစေ့စိုက်ပင်က အသီးပိုသီးလေ့ ရှိသည်။ 

ဒန့်သလွန်ပင် အကိုင်းကို မြေထုပ်အစီးနည်းဖြင့်လည်း စိုက်ပျိုးနိုင်ပါသည်။ မြေထုပ်စီး၍ စိုက်ခြင်းသည် ကိုင်းဖြတ်စိုက်ခြင်းထက် အပင်ဖြစ်ထွန်းရန်ပို၍ သေချာပါသည်။ သို့ရာတွင် ကိုင်းဖြတ်စိုက်နည်းဖြင့် လွယ်ကူစွာ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသဖြင့် စိုက်ပျိုးခြင်းကို အသုံးပြုခြင်း မရှိချေ။ 

၄။ အပင် ပြုစုနည်း 

ဒန့်သလွန်ပင် စိုက်ပျိုးကြရာတွင် စနစ်တကျ ပြုစုခြင်းမရှိသေးပါ။ ဒန့်သလွန်စိုက်ခင်းကို မိုးဦးတွင်တစ်ကြိမ်၊ မိုးအကုန်တွင်တစ်ကြိမ်၊ အပင်များကြားတွင် ပေါင်းမြက်များ ရှင်းလင်းပေးရပါမည်။ ဒန့်သလွန်ပင်သည် ရေငတ်ခံနိုင်သော အပင်ဖြစ်သော်လည်း ပူပြင်းခြောက်သွေ့သည့် မတ်လ၊ ဧပြီလများတွင် (၂) ရက်လျှင် တစ်ကြိမ်ကျ ရေသွင်း ရေလောင်းပေးသင့်ပါသည်။ 

၅။ မြေဩဇာကျွေးနည်း 

ဒန့်သလွန်ပင်စိုက်ရာတွင် မြေဩဇာကို စနစ်တကျကျွေးခြင်း မရှိသေးပါ။ သို့ရာတွင် ဒန့်သလွန်ပင်သည် အခြားအပင်များကဲ့သို့ပင် မြေဩဇာ စနစ်တကျ ကျွေးမှသာလျှင် အပင်ဖြစ်ထွန်းမှုကောင်းပြီး အသီးဖြိုင်ဖြိုင် သီးပါမည်။ 

သီးထွက်ရနေသော အပင်ကြီးများတွင် မိုးဦးတွင်တစ်ကြိမ်၊ မိုးအကုန်တွင် တစ်ကြိမ် မြေဩဇာကျွေးသင့်ပါသည်။ မိုးဦးတွင် မြေဩဇာကျွေးခြင်းဖြင့် အပင်ဖြစ်ထွန်းမှု၊ ပွင့်သီးမှု ပိုကောင်းပြီး အသီးများများတင်နိုင်သည်။ မိုးအကုန်တွင် မြေဩဇာကျွေးခြင်းသည်လည်း ဒန့်သလွန်ပင် အပွင့်အသီး လိုက်ချိန်ဖြစ်သဖြင့် အပွင့်ပွင့်သီး အားကောင်းစေရန်အတွက် အထောက်အကူ ဖြစ်စေပါသည်။ 

၆။ ခူးဆွတ်ခြင်းနှင့် အထွက်  

ဒန့်သလွန်ညွှန့်ကို ဟင်းချိုချက်စားရန် ဆွတ်ခူးလေ့ရှိသည်။ သို့ရာတွင် အသီးဆွတ်ခူးရန်အတွက် စီးပွားဖြစ် စိုက်နိုင်သော စိုက်ခင်းဖြစ်ပါက အညွှန့်မခူးသင့်ပါ။ 

ဖေဖော်ဝါရီလ၊ မတ်လ၊ ဧပြီလများတွင် ဒန့်သလွန်သီး ဖြိုင်ဖြိုင်သီးသည်။ သို့ရာတွင် ဒန့်သလွန်သည် တစ်နှစ်ပတ်လုံး ပန်းပွင့်သော အပင်တစ်မျိုး ဖြစ်သဖြင့် မိုးတွင်းကာလများတွင်လည်း အသီးကို ရက်ခြား ခူးသွားနိုင်ပါသည်။ 

ပုံမှန်သီးပွင့်နေသော ဒန့်သလွန်ပင်ကြီး တစ်ပင်သည် တစ်နှစ်လျှင် အများဆုံး အသီး(၇၀၀)ထိ သီးနိုင်ပါသည်။ ဒန့်သလွန်ပင်တစ်ပင်သည် ပျမ်းမျှတစ်နှစ်လျှင် အနည်းဆုံး အသီး(၂၀၀) ခန့်သီးနိုင်ပါသည်။    

Source - ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

မောင်မောင်ထိုက်

မောင်မောင်ထိုက်

လွန်ခဲ့သော ၁ နှစ် က

မျိုးကို ဘယ်ကဝယ်ရမလဲ

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၅ နှစ် က

yes

koko

koko

လွန်ခဲ့သော ၅ နှစ် က

အန္ဒိယ ဒန့်သလွန်မျိုး ဘယ်လိုစိုက်ရသလဲ သိချင်ပါတယ်

Thiha

Thiha

လွန်ခဲ့သော ၅ နှစ် က

မမြင်ရဘူး

ကိုပြည့်

ကိုပြည့်

လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးတင်ပါတယ်

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 1 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

ငွေတိုးစပါးသက်၂လကေျာ်ပီ လက်သဲစောင်းပေါင်းသတ်ဆေးဖျန်းလို့ရသလားခင်ဗျ ေဖြကြားပေးကြပါဦးဆရာများခင်ဗျာ။

yan Naing Htwe • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။