မြန်မာလီလီ ခေါ် ဒေသမျိုးလီလီပန်း စိုက်ပျိုးနည်း

10/08/2021 11:30 AM တွင် မြတ်စုဝေ မြတ်စုဝေ မှ ရေးသား

မြန်မာအမည်   - ဒေသမျိုး လီလီပန်း

အင်္ဂလိပ်အမည် - Easter Lily or trumpet Lily 

သိပ္ပံအမည်     - Lilium longiflorum 

မူရင်းဒေသ    - ဂျပန်နိုင်ငံတောင်ပိုင်း၊ ထိုင်ဝမ်နှင့် အမေရိကန်နိုင်ငံ 

မြန်မာပြည်တွင်း စိုက်ချိန် 

- ၇ လပိုင်း အစမှ လကုန်ထိ (ပျိုးဘောင်ပျိုးချိန်အပါအဝင် )

ပန်းထွက်ချိန်

- ၃ လပိုင်းကုန်မှ ၄ လပိုင်းကုန်ထိ ပန်းထွက်ရှိ။ 

စိုက်ပျိုးရန် သင့်တော်သောဒေသများ 

- အလွန်ပူပြင်းသောနေရာမှလွဲ၍ စိုက်လို့ရပါတယ်။ 

အများဆုံးစိုက်ပျိုးရာဒေသများ 

- ပြင်ဦးလွင်၊ ရှမ်းပြည်နှင့် ကချင်ပြည်နယ် 

    ဒီလီလီပန်းဟာဆိုရင်  အီစတာပွဲတော်အတွင်းမှာ ထွက်ရှိတာဖြစ်လို့ အီစတာလီလီလို့လည်း ခေါ်ပါတယ်။ မြန်မာပြည်မှာတော့ သင်္ကြန်အတွင်းမှာပေါ်ပါကလည်း ဈေးကောင်းရရှိပါတယ်။ အပင်အမြင့် -၂-၃ ပေထိမြင့်နိုင်ပါတယ်။ ပန်းဥကြီးကြီးစိုက်ပါက ရှယ်ဆိုဒ် အဖူးများများ ( ၅-၆) ဖူး နှင့် အပင်ထွက်ရှိပါတယ်။ သူ့ကို စိုက်မယ်ဆိုပါက ၂ မျိုးရှိပါတယ်။ 

၁။ ပျိုးဘောင်တွင် ပျိုး၍ စိုက်ခြင်း 

၂။ မြေပေါ် (သို့) ပန်းအိုးထဲတွင် တိုက်ရိုက်စိုက်ခြင်း 

၁။ ပျိုးဘောင်တွင်ပျိုး၍ စိုက်ခြင်း 

  • ပျိုးဘောင်ဆိုတဲ့အတိုင်း အရိပ်ရှိရပါမယ်။ 
  • ပန်းဥတစ်ဥနှင့် တစ်ဥကို ၎င်းပန်းဥ၏ ၃ ဆ အကွာအဝေးအတိုင်း လေးကွက်ကျ အတန်းလိုက် ပျိုးဘောင်ပြုလုပ်၍ ပျိုးပါ။ အပင်ပေါက်ဟာ တစ်လဝန်းကျင်တွင် စုံတာဖြစ်လို့ အပင်ပေါက်စုံပါက (အပင်အမြင့် ၄ လက်မဝန်းကျင် အရွက် ၃-၄ စုံထွက်ပါက) ပြောင်းရွေ့စိုက်နိုင်ပါတယ်။ 
  • ပြောင်းရွေ့စိုက်နည်းသည် မြေပေါ် (သို့) ပန်းအိုးထဲတွင် တိုက်ရိုက်စိုက်ခြင်းနှင့် အတူတူသာဖြစ်ပါတယ်။

၂။ မြေပေါ် (သို့) ပန်းအိုးထဲတွင် တိုက်ရိုက်စိုက်ခြင်း 

  • သူ့ကို outdoor စိုက်ပျိုးမယ်ဆိုပါက ဥတစ်ဥနှင့်တစ်ဥကြား ၈ လက်မပတ်လည် spacing ခြား၍ မြေမချဉ်လွန်း မငန်လွန်းသော မြေတိုင်းတွင် စိုက်နိုင်ပါတယ်။ (ဥအရွယ်အကြီး သို့ ပုံမှန်အရွယ် အတွက် ဆိုလိုပါသည်။ )
  • ဥကို မြေဖုံးရုံလေးသာ လက်မဝက် (0.5 inche) စိုက်လို့ရပါတယ်။ မြေဖုံးများပါက အပင်ပေါက်နှုန်းကြာပီး တစ်ခါတစ်ရံ ဥများပါ ပုပ်သွားတတ်ပါတယ်။ 
  • ဥပန်းအများစုလိုပဲ သူက အမြစ်အရင်ထွက်ပါတယ်။ 
  • စိုက်ပြီး တစ်လဝန်းကျင်ကြာပါက အပင်စုံပါတယ်။ 
  • အဲ့ဒီအချိန်မှာမှ မပေါက်က ဥပုပ်သွားတာမျိုးဖြစ်တတ်ပါတယ်။ 
  • စိုက်ပျိုးပြီး အပင်စုံပြီး ၅ လဝန်းကျင်ဆိုပါက အဖူးလေးတွေ စမြင်ရပါတယ်။ 
  • ပုံမှန်‌ဆိုပါ  မတ်လကုန် ဧပြီလတွင် စတင်ခူးပြီးရောင်းချကြပါတယ်။ 
  • သူက အဖူးလေးစိမ်း‌လေးမှ ဖောင်းလာပြီး အရောင်အဖြူဘက်ရောက်လာပါ ခူးချိုးလို့ရပါတယ်။ 
  • ပန်းဥအနေနဲ့ကတော့ ယခုလို ၆ လပိုင်းကုန်ခါနီးတွင် တူးကြပါတယ်။ 
  • အရိပ်ကြိုက်တဲ့အပင်ဖြစ်လို့ နေရောင်ခြည် ၅၀ % လောက်ရတဲ့နေရာမှာ စိုက်နိုင်ပါတယ်။ 
  • ရေကတော့ လိုအပ်သလိုဖျန်းနိုင်ပါတယ်။
  • ရေများပါကလည်း အပင်ပုပ်တတ်သလို ရေနည်းပါကလည်း အပင်ပေါက်လေးတဲ့အပြင် ကြီးထွားမှုနှေးကွေးစေပါတယ်။ 
  • ***တတ်နိုင်ပါက ဥလေးတွေကို ပျိုးဘောင်လေး‌နဲ့ အပင်ပေါက်အောင်ထားပြီးမှ စိုက်ခင်းသို့ရွေ့စိုက်ပါက ပိုအဆင်ပြေပါတယ်။***
  • မလုပ်နိုင်ပါကလည်း အထက်ပါအတိုင်း ပြုလုပ်နိုင်ပါသည်။ 
  • မြေဩဇာ‌အနေနဲ့ကတော့ သဘာဝမြေဩဇာများများကို မြေခံအနေနဲ့ထည့်ပေးပါ။ မြေဩဇာများလွန်းတာက အပင်စုပ်စားပိုးအန္တရာယ် ပိုဖြစ်စေနိုင်တာဖြစ်လို့ ချင့်ချိန်အသုံးပြုပေးပါ။
  • ရွက်ဖျန်းဆေးအနေနဲ့ကတော့ ပိုတက်ဆီယမ်များစွာပါဝင်သော ရွက်ဖျန်းဆေးအား ဖျန်းပေးနိုင်ပါတယ်။ 
  • အရမ်းအေးတဲ့ဒေသတွင် စိုက်ပျိုးက အပင်တွင်းအပူချိန် ထိန်းညှိရန်အတွက် မြေဆွေးပါးပါးဖုံးပေးလို့ရပါတယ်။ 

ရောဂါပိုးမွှားတွေအနေနဲ့ကတော့ 

၁။ Lily mosaic virus (အပင်အရောင်မညီအဝါကွက်တွေဖြစ်ခြင်း)

    သူကတော့ ပျပိုးတွေကြောင့်ဖြစ်တာဖြစ်လို့ ပျပိုးကို စနစ်တကျနှိမ်နင်းပေးရပါမယ် )

၂။ Pythium Root rot (ဥပုပ်ရောဂါ) 

    ရေဝပ်တဲ့မြေ၊ အစိုဓာတ်လွန်ကဲခြင်းတွေကြောင့် ပိုဖြစ်ပွားပါတယ်။ ပန်းပင်ရဲ့ အောက်အရွက်တွေဝါပြီး အမြစ်မှာလည်း အညိုရောင်ပုံစံ တွေ့မြင်ရတာပဲဖြစ်ပါတယ်။ သူ့ကိုကာကွယ်ဖို့ဆိုရင် ပန်းဥကိုမစိုက်ခင်မှ မှိုသတ်ဆေးစိမ်ပါ (သို့) မြေကိုပါ ပိုးသတ်ပေးပါ။ ထိုသို့ ပြုလုပ်ပေးခြင်းဖြင့် အမြစ်ပုပ်ရောဂါကိုပါ ကာကွယ်နိုင်ပါတယ်။ 

၃။ Botrytis Blight 

    စက်ဝိုင်းပုံ သို့မဟုတ် ဘဲဥပုံ နီညိုရောင်အစက်အပြောက်လေးတွေကို အရွက်ပေါ်မှာ တွေ့ရပါတယ် ။ နောက်တစ်ချက်က သူကိုကာကွယ်ဖို့ဆိုရင် စိုက်ခင်းစိုထိုင်းစ (သို့) အစိုဓာတ်ထိန်းညှိပေးရမှာပဲဖြစ်ပါတယ်။

၄။ အရွက်ခြောက်ရောဂါ (Leaf Scorch)

    အရွက်ရဲ့အနားတွေနဲ့ အရွက်ထိပ်လေးတွေမှာ  စက်ဝိုင်းခြမ်းပုံစံခြောက်တာပဲဖြစ်ပါတယ် ။ ဘာကြောင့်ဖြစ်လဲဆိုတာ ခန့်မှန်းခြေအ‌ရ အမြစ်ပုပ်၍ အာဟာရဓာတ်ချို့တာ (သို့)  fluoride အဆိပ်သင့်ခြင်း (သို့) pH level မညီမျှတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် superphosphate နဲ့ အခြား fluoride ပါဝင်တဲ့မြေဩဇာတွေကို အသုံးမပြုပါနဲ့။ အမြစ်ပုပ်ရောဂါမဖြစ်အောင်ကာကွယ်ပါ။ 

မှတ်ချက် 

  • ပထမတစ်နှစ်မှစိုက်ပြီးသော ပန်းဥကို နောက်တစ်နှစ်ပြန်စိုက်ပါ ဥက ပိုသေးသွားပါတယ်။ ပြောမယ်ဆိုပါက F2 မျိုးကနေ F3 ဖြစ်သွားလို့ အပင်ဥကပိုသေးသွားပါတယ်။ 
  • အဲ့ဒီအတွက်ကြောင့် လီလီပန်းဥကို တစ်နှစ်စိုက်ပြီးပါက နောက်နှစ်မျိုးဆိုပြီး တစ်နေရာတည်းမှာ ဆက်မစိုက်ပါနဲ့။ 
  • ကိုယ့်မျိုးကို ရောင်းလိုက်ပြီးမှ တစ်ခြားဒေသမှမျိုးကို ပြန်ဝယ်စိုက်ပါက မျိုးမရတဲ့ ပြသနာတွေကိုလည်း လျော့ချပေးနိုင်တာပဲဖြစ်ပါတယ်။ 
  • ပန်းဥအများစုဟာ ၆ လပိုင်းကုန်ခါနီး ၇ လပိုင်းအစမှာ ရောင်းချကြတာဖြစ်လို့ အိမ်မှာ တစ်ခဏ သိုလှောင်လိုပါကလည်း ‌နေရောင်ခြည်တိုက်ရိုက်မတွေ့သော၊ အေးမြခြောက်သွေ့သောနေရာတွင် မြေကျင်းတူး၊ အောက်မှ သဲခံ၍ ပန်းဥလေးများထည့်ကာ အပေါ်မှဖုံးပြီး သိုလှောင်နိုင်ပါတယ်။ 

Reference : 

extension.psu.edu/easterlily

www.bhg.com

ဒါ့အပြင် Su တို့အိမ်မှာ လွန်ခဲ့သော ၃-၄ နှစ်ခန့်က‌စိုက်ခဲ့သော အခြေအနေများအရရော Su အဖေ၏ အတွေ့အကြုံတွေကို မေးမြန်း၍ ဖော်ပြပေးခြင်းဖြစ်ပါတယ်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်