ခရမ်းသီး စိုက်ပျိုးနည်း

03/08/2018 16:21 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

၁။ အမျိုးအစား

ပင်ထောင် (Up right)၊ တစ်ဝက်ပြန့် (Semi-Spread) နှင့် ပင်ပြန့် (Spread type) ဟူ၍ အုပ်စုသုံးစုရှိပါသည်။ သက်လျင်မျိုးများသည် ပင်ပြန့်မျိုးများဖြစ်၍ သက်ကြီးမျိုးများသည် ပင်ထောင်မျိုးများဖြစ်ပါသည်။ ပထမဦးဆုံး ပန်းပွင့် သည့် အဆစ်နံပါတ် (၆ မှ ၁၄) ဆစ်အတွင်း ဖြစ်ပေါ်နိုင်သည်။

မြန်မာပြည်တွင် ခရမ်းကို အကြမ်းအားဖြင့် သုံးမျိုးခွဲခြား၍ စိုက်ပျိုးလေ့ရှိရာ အရှည်မျိုးကို ဆင်စွယ်ခရမ်းဟုခေါ်သည်။ ရှည်၍ ခရမ်းရောင်၊ အစိမ်းရောင်ရှိသည်။ အလုံးမျိုးတွင် လုံးဝိုင်းသောသဏ္ဍာန်ရှိ၍ ခရမ်း၊ အစိမ်း၊ အဖြူရောင်ရှိသည်။ လုံးရှည်မျိုးတွင် ထောပတ်ခရမ်းကို စိုက်ပျိုးလေ့ရှိပါသည်။

မြန်မာအမည် - ခရမ်း

အင်္ဂလိပ်အမည် - EGG PLANT; BRINJAL

ရုက္ခဗေဒအမည် - Solanum melongena

မျိုးရင်းအမည် - SOLANACEAE

၂။ မူရင်းဒေသ - အိန္ဒိယနိုင်ငံဖြစ်သည်။

၃။ စိုက်ပျိုးသည့်ဒေသ - မြန်မာနိုင်ငံတွင် အလွန်အေးသော တောင်ပေါ်ဒေသမှလွဲ၍ ကျန်ဒေသများတွင် စိုက်ပျိုးဖြစ် ထွန်းနိုင်သည်။

၄။ မြေအမျိုးအစား

ရေသွင်း ရေထုတ်လွယ်ကူသည့် မြေသြဇာကောင်းမွန်သော သဲနုန်းမြေကို နှစ်သက်သည်။ အာဟာရဓါတ် အလွန်စားသုံး သော သီးနှံဖြစ်ခြင်းကြောင့် မြေဆီသြဇာထက်သန်သောမြေကို နှစ်သက်သည်။ pH မှာ (၅.၅ မှ ၆.၅) အတွင်း ပိုမိုဖြစ် ထွန်းနိုင်သည်။ 

၅။ ရာသီဥတု

ပူနွေးသော ရာသီဥတုကို တာရှည်လိုလားသော အပင်ဖြစ်သည်။ အပူချိန် (၁၃) ဒီဂရီစင်တီဂရိတ်မှ (၂၁) ဒီဂရီ စင်တီဂရိတ်တွင် အသင့်တော်ဆုံးဖြစ်သည်။ အပူချိန် (၁၃) ဒီဂရီစင်တီဂရိတ်အောက်ကျော်လွန်က အသီးဖြစ်ထွန်းမှုကို ကျဆင်းစေပါသည်။

၆။ ပျိုးထောင်ခြင်း

ကောင်းစွာဆွေးမြေ့သော နွားချေး၊ သစ်ရွက်စိမ်း၊ မြေသြဇာများအသုံးပြု၍ (၃) ပေအကျယ်၊ (၃၀)ပေ အရှည်ဘောင်များ ပြုလုပ်ပျိုးထောင်နိုင်ပါသည်။ မျိုစေ့များကို တစ်တန်းနှင့်တစ်တန်း (၄) လက်မခန့်ခြား၍ ပျိုးရပါမည်။ အပင်များ ကြပ်မ နေစေရန် မလိုသောပျိုးပင်များ နှုတ်ပစ်ရမည်။ တစ်ဧက မျိုးစေ့ (၃၀၀) ဂရမ်နှုန်းဖြင့် ပျိုးနိုင်ပါသည်။

၇။ မြေပြုပြင်ခြင်း

ပျိုးထောင်ချိန်တွင် စိုက်ခင်းကို မြေပြုပြင်ထားရပါမည်။ ထယ် (၃) စပ် မှ (၄) စပ်ထိုး၍ ထွန်ရေးညက်သည်အထိ ထွန် ပေးရပါမည်။ ပျိုးကိုလိုက်၍ ပင်ကြား၊ တန်းကြား အကွာအဝေးကွာခြားတတ်သော်လည်း အများအားဖြင့် တန်းကြား (၃) ပေ မှ (၄) ပေ ပင်ကြား (၂) ပေမှ (၃)ပေထား၍ ရွှေ့ပြောင်းစိုက်စနစ်ဖြင့် စိုက်ပျိုးနိုင်သည်။

၈။ စိုက်ပျိုးခြင်း

ပျိုးပင်များ အရွက် (၅) ရွက်ရရှိလျှင် စိုက်ခင်းသို့ ရွှေ့စိုက်နိုင်ပါသည်။ သတ်မှတ်ထားသော တန်းကြား၊ ပင်ကြားဆုံရာ ကျင်းများတွင် ညနေခင်းပျိုးဘောင်မှ ပျိုးပင်များကိုနှုတ်ယူ၍ အမြစ်ဖြောင့်တန်းအောင် ချစိုက်ရပါမည်။ စိုက်ချိန်တွင် အစိုဓါတ်လုံလောက်ရပါမည်။ ခြောက်သွေ့ပူပြင်းသော ရာသီတွင်ဖြစ်၍ အပင်များ နေပူဒဏ်မှ ကာကွယ်နိုင်ရန် သစ်ပင် သစ်ကိုင်းများ စိုက်ပေးရမည်။ ပျိုးပင်များ ကောင်းစွာအမြစ်စွဲလျှင် အရိပ်များဖယ်ပေးနိုင်ပါသည်။

၉။ မြေသြဇာနှုန်းထားများ

နွားချေး- ၁၀ တန်၊ ယူရီးယား- ၅၀ ကီလို (၂) အိတ်၊ ပိုတက်ရှ် ၅၀ကီလို(၂)အိတ်

မြေပြုပြင်စဉ်တွင် ယူရီးယား (၅၀) ကီလို (၁)အိတ်၊ စိုက်ပြီး (၁)လနှင့် (၂) လအကြာတွင် ယူရီးယား(၅၀) ကီလိုကို ထပ်မံထည့်သွင်းပေးရမည်။

၁၀။ အပင်ပြုစုနည်း

အချိန်မှန်စွာ ပေါင်းရှင်းပေးခြင်း၊ မိုးစိုက်ခရမ်းဖြစ်ပါက  ရေမဝပ်စေရန် မြေတောင်မြှောက်ပေးခြင်း၊ ဘောင်လုံးခြင်းနှင့် ဆောင်းစိုက်ခင်းတွင် အစိုဓါတ်ထိန်းနိုင်ရန် ကောက်ရိုး၊ မြတ်ခြောက်များ အုပ်ပေးခြင်း၊ မြေတောင်မြှောက်ချိန်တွင် ယူရီးယားကို ထပ်မံထည့်သွင်းပေးခြင်း၊ အသီးအလေးချိန်ကြောင့် အပင်ယိုင်လဲမှုများ မဖြစ်စေရန် တိုင်ထောင်ပေးခြင်း များ ပြုလုပ်ပေးရပါမည်။

ခရမ်းသီးခူးပြီး အသီးထွက်မှု ကျသွားသော်လည်း လမိုင်းထားခြင်းဖြင့် အသီးကို ထပ်မံရယူနိုင်ပါသည်။ ပင်ခြေမှာ (၃) ဆစ်ခန့်ချိန်၍ (၆လက်မမှ ၈လက်မ) အမြင့်ခန့်တွင် ပင်စည်ကိုဖြတ်၍ အစားအရေစာ ထပ်မံဖြည့်တင်းခြင်းဖြင့် ဖြတ်ပြီး (၁)လတွင် အသီးကို စတင်ခူးနိုင်ပါသည်။

၁၂။ ပိုးမွှားနှင့်ရောဂါ

ခရမ်းခေါင်ညွှန့်ထိုးပိုး၊ သီးလုံးဖောက်ပိုးများ ကျရောက်ဖျက်ဆီးမှု ရှိနိုင်ပါသည်။ လက်နှင့် ကောက်ယူဖျက်ဆီးခြင်း၊ ပင်လုံးပြန့် ပိုးသတ်ဆေးများ ဖျန်းခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ ရောဂါအနေဖြင့် ပင်ညှိုးရောဂါကျရောက်မှု ရှိနိုင်ပါသည်။

၁၃။ ဆွတ်ခူးခြင်း

အသီးဆွတ်ခူးရန်အချိန်သည် အသီး၏ပုံသဏ္ဍာန်ပေါ် မူတည်ပါသည်။ လုံးဝိုင်းပုံနှင့် ဘဲဥပုံ အသီးများကို ပန်းပွင့်ပြီး (၂၅) ရက်မှ (၃၀) ရက်ကြာလျှင် ဆွတ်ခူးနိုင်ပါသည်။ လုံးရှည်ပုံတွင် ပန်းပွင့်ပြီး (၃၀) ရက်ကြာလျှင် ခူးနိုင်ပြီး အသီးရှည်နှင့် အလွန်ရှည်သော အသီးပုံများတွင် ပန်းပွင့်ပြီး (၃၅) ရက်မှ (၄၀) ရက်ကြာလျှင်ခူးနိုင်ပါသည်။ အသီးအရောင် တောက် နေသောအချိန်သည် စားသုံးရန် အနေတော်ဖြစ်ပြီး အရောင်မှိုင်းသွားပါက အသီးရင့်လွန်းပြီး စားသုံးရန် မကောင်းတော့ ပါ။ အသီးများ ပုံမှန်ခူးပေးခြင်းဖြင့် အသီးထွက်နှုန်းကို များစေနိုင်သည်။ တစ်ဧက ပိဿာချိန်(၆၀၀၀-၈၀၀၀) အထိရရှိ နိုင်ပါသည်။ 

Source - ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်းလမ်းညွှန်

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်