အပင်အတွက် မရှိမဖြစ်လိုအပ်သော အဟာရများ

08/12/2017 22:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မြေကြီးထဲတွင် အပင်အတွက် လိုအပ်သော အဟာရ များစွာ ရှိပါသည်။ ထိုအာဟာရ များစွာထဲတွင် မရှိမဖြစ် လိုအပ်သော အဟာရ (၁၆) မျိုးရှိပါသည်။ ထို(၁၆) မျိုးထဲမှ ကာဗွန်(C)၊ ဟိုက်ထရိုဂျင် (H2) နှင့်အောက်ဆီဂျင် (O2) အဟာရဓာတ် သုံးမျိုးမှာ လေနှင့်ရေထဲမှ အလွယ်တကူ ရရှိနိုင်ပါသည်။ ကျန်အဟာရဓာတ် (၁၃)မျိုး ကို မြေကြီးထဲမှာ ရယူလေ့ရှိပြီး အုပ်စုအားဖြင့် ပထမအများလို အဟာရဓာတ်များမှာ နိုက်ထရိုဂျင် ၊ဖော့စဖောရပ်နှင့် ပိုတက်ဆီယမ် တို့ဖြစ်သည်။ ဒုတိယအများလို အုပ်စုမှာ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ဆာလဖာ တို့ဖြစ်သည်။ အနည်းလို အဟာရဓာတ်များမှာ သံ၊ မဂ္ဂနိ၊ ဇင့်၊ ကောပါး၊ ဘိုရွင်နှင့် မော်လဒီနမ် တို့ဖြစ်သည်။

 

အဟာရ

ဓာတ်များ

ယေဘုယျချို့တဲ့

လက္ခဏာများ

ချို့တဲ့ရသော

အကြောင်းအရင်း

ပြန်လည်ထိန်းသိမ်းနည်း

နိုက်ထရိုဂျင်

(N)

 

အရွက်ဝါခြင်း၊ အပင်ကြီးထွားမှုရပ်တန့်ခြင်း၊

အောက်အရွက်များ ညိုလာခြင်း၊ အရွက်ကြွေခြင်း

မြေကြီးအတွင်း နိုင်ထရိုဂျင် အဟာရနည်းပါးခြင်း၊

မြေကြီးမှ အဟာရဓာတ်များ

စီးမျောသွားခြင်း၊

အဟာရေကၽြးပံု

နည်းမကျခြင်း

သဘာဝမသြဇာများ ကျွေးခြင်း၊

ပဲမျိုးစုံ စိုက်ပျိုးခြင်း

သို့မဟုတ်

သစ်စိမ်းမြေသြဇာ ပြုလုပ်ခြင်း၊

ပုလဲ ဓာတ်မြေသြဇာ ထည့်သွင်းခြင်း

ဖော့စဖောရပ်

(P)

အပင်သေးငယ်ခြင်း၊ အရွက်များ ခရမ်းရောင်သန်းလာခြင်း၊ အပင်ကြီးထွားမှု နှေးကွေးခြင်း၊ အပင်ကြံခိုင်မှုအားနည်းခြင်း

မြေကြီးတွင်း ဖော့စဖောရပ် အဟာရနည်းပါးခြင်း၊

မြေကြီးအေးခြင်း၊

စိုစွတ်လွန်ကဲခြင်း၊

အဟာရေကၽြးပံု

နည်းမကျခြင်း

အရိုးမှုန့်၊ သဘာဝမြေသြဇာ၊

တီစူပါ ဓာတ်မြေသြဇာ

ထည့်သွင်းခြင်း

ပိုတက်ဆီယမ်

(K)

အပင်သေးငယ်ခြင်း၊ အောက်ရွက်နားများ အညို ရောင်ဖြစ်ပေါ်ခြင်း၊

ပင်စည် အားနည်း ၍ သေးငယ်ခြင်း၊ အပင်ယိုင်လဲခြင်း၊

အထွက်နှုန်း ကျခြင်းနှင့် အရည်အသွေးကျခြင်း

 

မြေကြီးတွင်း ပိုတက်ဆီယမ်

အဟာရ နည်းပါးခြင်း၊

မြေကြီးမှ အဟာရ

ဓာတ်များ စီးမျော သွားခြင်း၊ အဟာရကျွေးပုံ

နည်းမကျခြင်း

ပြာ၊ သဘာဝမြေသြဇာ၊

ပိုတက်ရှ် ဓာတ်မြေသြဇာ

ထည့်သွင်းခြင်း

ကယ်လ်ဆီယမ်

(Ca)

အပင်သေးငယ်ခြင်း၊ အဖူးငုံများပုံစံပျက်ခြင်း၊ အပင်များမရှင်သန်နိုင်ခြင်း၊ အသီးဖြစ်ထွန်းမှုအားနည်းခြင်း

မြေချဉ်ခြင်း၊ မြေကြီးမှ အဟာရဓာတ်များ

စီးမျောသွားခြင်း၊

ထုံးထည့်သွင်းမှု

နည်းမကျခြင်း

ထုံး၊ ကယ်လ်ဆီယမ်

ပါဝင်သော ဓာတ်မြေသြဇာ

ထည့်သွင်းခြင်း

မဂ္ဂနီဆီယမ်

(Mg)

အောက်ရွက်များ (များသောအားဖြင့်) ရွက်ကြောနေရာများသာ စိမ်းပြီး ကျန်နေရာများ ဝါခြင်း

မြေချဉ်ခြင်း၊ မြေကြီးမှ အဟာရဓာတ်များ

စီးမျောသွားခြင်း၊ မဂ္ဂနီဆီယမ်ပါဝင်သော

မြေသြဇာများ

မထည့်သွင်းခြင်း

မဂ္ဂနီဆီယမ်ပါသော

မြေသြဇာထည့်သွင်းခြင်း

ဆာလဖာ

(S)

အပင်ဝါခြင်း၊ အပင်ကြီးထွား မှုနှေးခြင်း၊ သန်စွမ်းမှု အားနည်းခြင်း၊

နိုက်ထရိုဂျင်မြေသြဇာအား အပင်မှ မတုန့်ပြန်နိုင်ခြင်း

(နိုက်ထရိုဂျင် ဓာတ်အား အပင်မှ မရယူနိုင်ခြင်း)၊ အထွက်နှုန်းနှင့် အရည်အသွေး ကျဆင်းခြင်း

မြေကြီးတွင် ဆာလဖာဓာတ် အားနည်းနေခြင်း၊

မြေကြီးမှ အဟာရ

ဓာတ်များ စီးမျော သွားခြင်း၊

မြေကြီးတွင် မြေဆွေး

ပါဝင်မှု အားနည်းခြင်း၊ ဆာလဖာ ပါဝင်သော မြေသြဇာ ထည့်သွင်းမှုမရှိခြင်း

ဆာလဖာပါသော

မြေသြဇာ

ထည့်သွင်းခြင်း

မဂၢနိ

(Mn)

ရွက်ကြောများကြား ဝါခြင်း၊ အပင်ပုခြင်း၊ အထွက်နှုန်းနှင့် အရည်အသွေးကျဆင်းခြင်း

မြေကြီးတွင် မဂ္ဂနိပါဝင်မှုအားနည်းခြင်း၊ ထုံးထည့်သွင်းမှု များသောကြောင့် မြေငန်ခြင်း

မြေချဉ်ငန်ဓာတ်ကို လျော့ချခြင်း၊ မဂ္ဂနိပါသော ရွက်ဖြန်းဆေးဖြန်းခြင်း

သို့မဟုတ် မဂ္ဂနိပါသော မြေသြဇာ ထည့်သွင်းခြင်း

ဇင့်

(Nn)

အရွက်ပေါ်တွင် အဝါကွက်များ ပေါ်လာခြင်း၊ အပင်ကြီးထွားမှု နှေးခြင်း၊ ရွက်ကြောနှင့်အပြိုင် အဖြူရောင် အဆင်းများ ပေါ်လာခြင်း

မြေကြီးတွင် ဇင့်ဓာတ်ပါဝင်မှု အားနည်းခြင်း ၊ မြေငန်ခြင်း ၊ ဖော့စဖိတ်ဓာတ် မြင့်လွန်းခြင်း

မြေချဉ်ငန်ဓာတ်ကို လျော့ချခြင်း၊ ဇင့်ဓာတ်ပါဝင်သော ရွက်ဖြန်း

သို့မဟုတ် မြေသြဇာ ထည့်သွင်းခြင်း၊

ကောပါး

(Cu)

အပင်ကြီးထွားမှု လျော့ကျခြင်း၊ ရွက်ဖျားများ မှစ၍ ခြောက်သွေ့လာခြင်း၊ ရွက်ဖျားများ ကွေးကျလာခြင်း၊ အရွက်များ ပျက်စီးခြင်း

မြေကြီးတွင် ကောပါးဓာတ် အားနည်းခြင်း၊

မြေဆွေးပါဝင်မှု

မြင့်မားလွန်းခြင်း

ကောပါးဓာတ် ပါဝင်သော ရွက်ဖြန်းမြေသြဇာ အသုံးပြုခြင်း

သို့မဟုတ် မြေသြဇာ ထည့်သွင်းခြင်း

ဘိုရွန်

(B)

ထိပ်ဖျားအဖူးများ သေခြင်း၊ အပင်ပု၍ ကိုင်းခွဲများစွာ ထွက်ခြင်း၊ အသီးများ သေး၍ ပုံပျက်ခြင်း၊

အလယ် အူတိုင်များ ပွခြင်း (သို့) အခေါင်းပေါက် များဖြစ်ခြင်း၊ အသီးပေါ်တွင် အစက်အပြောက် များပေါ်လာခြင်း

မြေကြီးတွင် ဘိုရွင်ဓာတ် အားနည်းခြင်း

(သဲဆန်သော မြေများတွင် အဖြစ်များသည်)

ဘိုရွန်ဓာတ် ပါဝင်သော ရွက်ဖြန်းမြေသြဇာ အသုံးပြုခြင်း သို့မဟုတ် မြေသြဇာ ထည့်သွင်းခြင်း


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်