ယူရီယားဖြင့်ပြုပြင်ကျွေးမွေးပါက အသားဓာတ်ပါဝင်မှုများလာပါတယ်
ကောက်ရိုးသည် စပါးစိုက်ပျိုးသောဒေသတိုင်းတွင် အလွယ်တကူရရှိနိုင်သော ကုန်ကြမ်းပစ္စည်းဖြစ်သည်။ သို့သော် ကောက်ရိုးကို စားသုံးသောပမာဏ၏ ၄၅% မှ ၅၀% ကိုသာ ခန္ဓာကိုယ်မှ အသုံးချနိုင်ပါသည်။ ကောက်ရိုးတွင် အသားဓာတ် အကြမ်း ၃-၅%၊ မီးစုန်းဓာတ် ဝ.၁၂-ဝ.၁၆%၊ ထုံးဓာတ် ဝ.၄%၊ အမျှင်ဓာတ် ၁၀-၁၂%၊ ဆီလီကာ ၃-၅% ပါဝင်ပါသည်။
ကောက်ရိုးသည် အစာကြမ်းဖြစ်၍ အမျှင်ဓာတ်များစွာပါဝင်ခြင်း၊ နိုက်ထရိုဂျင် သတ္တုဓာတ်နှင့် ဗီတာမင်ဓာတ်ပါဝင်မှုနည်းပါးခြင်း၊ အစာချေဖျက်နိုင်စွမ်းနည်းပါးခြင်းတို့ကြောင့် သာမန်ကောက်ရိုးကျွေးခြင်းဖြင့် ကိုယ်အလေးချိန် တစ်နေ့လျှင် (ဝ.၁၄) ကျပ်သားနှုန်းသာ တိုးနိုင်ခြင်းကြောင့် ထုတ်လုပ်မှုစွမ်းရည် တိုးမြင့်လာမည်မဟုတ်ပါ။
ကောက်ရိုးကို ယူရီယား-ပုလဲဓာတ်မြေသြဇာဖြင့် ပြုပြင်ကျွေးမွေးပါက မပြုပြင်သော ကောက်ရိုးထက် ကျွဲနွားများနှစ်ခြိုက်စွာ (၃၀-၅၀%) ပိုမိုစားနိုင်ခြင်း၊ အသားဓာတ်ပါဝင်မှုများလာကာ အာဟာရဓာတ်တန်ဖိုးမြင့်မားလာ၍ အစာချေနိုင်စွမ်း တိုးတက်လာခြင်း၊ ကိုယ်အလေးချိန်တိုးတက်စေခြင်း၊ မျိုးပွားမှုဆိုင်ရာ ကောင်းမွန်ခြင်း၊ နို့ထုတ်လုပ်မှုတိုးတက်လာ၍ နို့တွင် အဆီဓာတ်ပါဝင်မှု များလာခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ပြီး အစာနုဖြည့်စွက်စာပမာဏကိုလည်း လျှော့ချနိုင်သဖြင့် ကုန်ကျစရိတ်လည်း သက်သာစေနိုင်ပါသည်။
ကောက်ရိုးပြုပြင်ခြင်း၊ နေရာရွေးချယ်ခြင်း
ကောက်ရိုးပြုပြင်ရန်အတွက် လွယ်ကူစွာသယ်ယူနိုင်သည့် နွားတင်းကုပ်နှင့်နီးသော နေရာ၊ ရေမဝပ်နိုင်သောနေရာ ညီညာပြန့်ဖြူးသောမြေပြင်ပေါ် စုပုံဖုံးအုပ် သိုလှောင်ခြင်း နည်းဖြင့် ပြုပြင်နိုင်ပါသည်။
လိုအပ်သောပစ္စည်း
• ပုလဲဓာတ်မြေသြဇာ (၅၀)ကျပ်သား (ကောက်ရိုး ၁၀ ပိဿာပြုပြင်ရန်အတွက်)
• ရေ(၃.၅)ဂါလံ (၅% ဖျော်ရည်ပြုလုပ်ရန်)
• ပလတ်စတစ်စ (ကောက်ရိုးခင်းရန်နှင့် ဖုံးအုပ်ရန်)
• ရေပန်းကရား
• ကောက်ရိုးနင်းသိပ်ရန် လူ (၄-၅)ယောက်
မြေပြင်ပေါ်တွင် ပလတ်စတစ်ကိုခင်းပြီး (၁၅-၂၀) စင်တီမီတာ (လက်တစ်မိုက်မှ တစ်ထွာသာသာ) အမြင့်ရှိ ကောက်ရိုးတစ်လွှာခင်းပြီး ယူရီးယားဖျော်ရည်ကို ရေပန်းကရားဖြင့် နှံ့အောင်ဖျန်းပါ။
ကောက်ရိုးများကြား လေခိုအောင်းမှုနည်းစေရန် ခြေထောက်ဖြင့်နင်းပြီး ကောက်ရိုးအားလုံးကုန်သည်အထိ တစ်လွှာပြီးတစ်လွှာခင်း၍ ပုလဲဓာတ်မြေသြဇာဖျော်ရည်အားလုံးကုန်အောင်ဖျန်းပါ။ ကောက်ရိုးကို လေလုံအောင် ပလတ်စတစ်ဖြင့် သေချာစွာဖုံးအုပ်ရပါမည်။
ပြုလုပ်သိုလှောင်ပြီး (၁၄-၂၁) ရက် အကြာတွင် စတင်ကျွေးနိုင်ပါသည်။ ပြုပြင်ပြီး ကောက်ရိုးသည် အမိုးနီးယားအနံ့ရ၍ နူးညံ့ပျော့ပျောင်းပြီး အဝါညစ်ရောင်ပြောင်းလာပါ မည်။ မကျွေးမီအတန်ကြာအောင် လေသလပ်ထားခြင်းဖြင့် စူးရှသောအမိုးနီးယား ဓာတ်ငွေ့ကင်းစင်မည်ဖြစ်ပါသည်။
ယူရီယားကောက်ရိုးကို ကျွဲ၊ နွားများ အသက် (၆) လ ကျော်မှစတင်ကျွေးသင့်သည်။ မှိုတက်နေလျှင်မကျွေးရပါ။ ပြုပြင်ပြီးကောက်ရိုးကို သီးသန့် (သို့) ပဲဖတ်၊ နှမ်းဖတ်၊ ဖွဲနု၊ မြက်၊ ပဲနွယ်ပင်၊ ဘောစကိုင်း စသည့်အစာများနှင့် ရောကျွေးနိုင်ပါသည်။
ဖွဲနုနှင့်ရောကျွေးခြင်း
နွားတစ်ကောင်စားနိုင်သည့် ပြုပြင်ပြီးကောက်ရိုးအလေးချိန်စုစုပေါင်း၏ (၁၅-၂၀%) အလေးချိန်ရှိဖွဲနုနှင့် ရောကျွေးနိုင်ပါသည်။
ဥပမာ - ခိုင်းနွားကြီးတစ်ကောင်သည် တစ်ရက်လျှင်ပြုပြင်ပြီး ကောက်ရိုး (၈)ပိဿာ စားနိုင်ပါက ဖွဲနု (၁.၂) ပိဿာ (သို့မဟုတ်) (၁.၆)ပိဿာ ရောကျွေးရပါမည်။
နှမ်းဖတ်နှင့်ရောကျွေးခြင်း
နွားတစ်ကောင်စားနိုင်သည့် ပြုပြင်ပြီး ကောက်ရိုးစုစုပေါင်း၏ (၁၀%) အလေးချိန်ရှိနှမ်းဖတ်နှင့် ရောကျွေးပါ။ ဥပမာ - ပြုပြင်ပြီး ကောက်ရိုး (၈) ပိဿာ ကျွေးရမည်ဆိုလျှင် နှမ်းဖတ် (၈၀) ကျပ်သားရောကျွေးရပါမည်။
မြန်မာနိုင်ငံတွင် ကောက်ရိုးစားသုံးသော ကျွဲ၊ နွားများဖြင့် လယ်ယာလုပ်ငန်းကို ဆောင်ရွက်နေရပါသည်။ ကောက်ရိုးထက် ဈေးနှုန်းသက်သာပြီး အလွယ်တကူရရှိနိုင်သော တိရစ္ဆာန်အစားအစာကိုရှာဖွေ၍ မရနိုင်သေးသဖြင့် ရှိရင်းစွဲကောက်ရိုးကို အာဟာရတန်ဖိုး ပိုမိုပြည့်စုံစေပြီး ကျွဲ၊ နွားများ နှစ်ခြိုက်စွာစားနိုင်စေရန် ယူရီးယား (ပုလဲဓာတ်မြေသြဇာ)ဖြင့် ပြုပြင်ကျွေးမွေးခြင်းဖြင့် အစာနုကုန်ကျစရိတ်သက်သာစေပြီး ကိုယ်အလေးချိန်တိုးလာကာ ကျန်းမာဝဖြိုး အင်အားတိုးပြီး နို့ထွက်နှုန်းပိုမိုကောင်းမွန်သည့် ကျွဲ၊ နွားများ တိုးပွားလာနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
Min Maung
လွန်ခဲ့သော ၁ နှစ် ကလုပ်ကြည့်ချင်လို့ပါ
Min Maung
လွန်ခဲ့သော ၁ နှစ် ကတောမှာလုပ်လို့ရအောင်အဆင့်ဆင့်ပုံလေးနှင့်တကွတင်ပေးပါဆရာ ကျေးဇူးတင်ပါတယ်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 0 ခု
ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ
အောင် ကောင်းပြည့် • ဖြေကြားချက် 0 ခု
ကွမ်းပင်ခြေပုတ်ခါးရိေရာဂါကို ဒိုင်မီသိုေမာ့နဲ့ေဖာ့စတိုင်းအလူမီနီယံတွဲဖျန်းလို့ရလားဆရာေဆးေရာစပ်ပုံအချိုးေလးလည်းသိချင်ပါတယ်
ye • ဖြေကြားချက် 1 ခု
မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ
Nay G • ဖြေကြားချက် 0 ခု
ခရမ်းပင်အရွက်တေဒီလိုဖစ်နေလို့ပါ
ကိုချမ်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
More from မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
အားလုံး