ငါးမွေးမြူခြင်း

15/06/2018 15:14 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

ငါးနှင့်ငါးမွေးမြူရေးပုံစံအမျိုးမျိုး

ငါးမွေးမြူရေးတွင်အရေးပါသော ငါးမျိုးစိပ်အမျိုးမျိုးရှိပါသည်။ ၎င်းတို့တွင် ရေချို/ ငံ ငါးအမျိုးမျိုး ၊ ပုဇွန်အမျိုး မျိုး၊ ဂဏန်းနှင့် အခြားတွားသွားသတ္တဝါ များလည်း ပါဝင်သည်။ အဓိကမွေးမြူသောရေချို ငါးများမှာ - ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ မြက်စားငါးကြင်း၊ ရွှေဝါငါးကြင်း၊ ငါးတန်၊ တီလားဗီးယား စသည်တို့ဖြစ်သည်။

ငါးများနေထိုင်ကျက်စားသည့် အလေ့အထ၊ ရေအခြေအနေ၊ ငါးအမျိုးအစား၊ မွေးမြူသည့်အရေအတွက်၊ မွေးမြူ သည့်စနစ် စသည့်တို့အပေါ်မှုတည်၍ ငါးမွေးမြူရေးပုံစံအမျိုးမျိုးကွဲပြားသွားသည်။ကန်ဖြင့်မွေးမြူခြင်း၊ လှောင်အိမ်ဖြင့် မွေးမြူခြင်း၊ ခြံခတ်မွေးမြူခြင်း၊ ကွန်ကရစ်ကန်ဖြင့်မွေးမြူခြင်း၊ ခြံမြောင်းဖြင့်မွေးမြူခြင်း၊ တာပေါ်လင်ဖြင့်မွေးမြူခြင်း စသည်ဖြင့်ကွဲပြားကြသည်။

ကန်သစ်တူးခြင်းနှင့် ကန်ပုံစံ ၊ ကန်ဘောင်အချိုးအစား

မြေနေရာရွေးချယ်ပြီး ငါးမွေးမြူရန် ကန်တူးဖေါ်ရပါမည်။ ငါးလုပ်ငန်းဦးစီးဌာန ငါးမွေးမြူရေးဥပဒေတွင် မိသားစုတစ်ပိုင် တစ်နိုင်မွေးမြူနိုင်ရန်အတွက် ပေ (၅၀ x ၂၅) ထက် မကျော်လွန်သော ရေပြင်တွင်ငါးမွေးမြူခြင်းကို လိုင်စင်ကင်းလွတ် ခွင့်ပြုထားပါသည်။ ထို့ကြောင့် (၅၀ x ၂၅) ပေ ထက် ရေပြင်မကျယ်သော ငါးမွေးကန်အား တူးဖေါ်စေလိုပါသည်။

၎င်းကန်တူးဖေါ်ရန်အတွက်-

ပန္ဒက်ရိုက် မှတ်သားပါ။

(၂) အကျယ်၏ အပြင်ဘက် ပတ်ပတ်လည် (၂) ပေခွာတွင်၊ ကန်ဖိနပ်အတွက် ထပ်မံပန္ဒက်ရိုက်ပါ။ 

(၃) ပေ(၅၀) x (၂၅)  ပန္ဒက်တွင်းမှ မြေကိုတူးပြီး ကန်ဖိနပ်အတွက်ထားသော (၂)ပေ အကျယ်၏ အပြင်ဘက်သို့ မြေဖို့ပေးပါ။ ကန်ဘောင်ပြုလုပ်ခြင်းဖြစ်ပါသည်။

(၄) ကန်ဘောင်ပြုလုပ်ရာတွင်၊ ကန်ဘောင်၏ လျှောစောက် (ခြေဆင်း) ကိုအောက်ပါအတိုင်း ပြုလုပ်ရမည်။

ကန်ဘောင်၏ လျှောစောက် (ခြေဆင်း) သည် မတ်စောက်မှုလိုပါက (၁:၁) အတိုင်းဆောင်ရွက်ရမည်။

(၅) ကန်၏အနက်သည် အနည်းဆုံး (၃) ပေ တူးဖေါ်ရမည်။ အများဆုံး (၄)ပေ ထက်မကျော်စေရပါ။ ကန်၏အနက်ကို တူးဖေါ်ရာတွင် ရေသွယ်မြောင်း၏ ရေဝင်ရောက်မှု အမြင့်ဆုံး နှင့် အနိမ့်ဆုံးအခြေနေကိုမှန်းဆပြီး ဒေသအခေါ် ရေချိန်ချပြီ တူးဖေါ်လျှင် အကောင်းဆုံးဖြစ်ပါသည်။

(၆) ကန်တူးဖေါ်ပြီးလျှင် ရေဝင်ရေထွက်ကောင်းစေရန် ရေတံခါး၊ ရေသွင်း/ရေထုတ်ပိုက် (PVC) ပိုက်ကိုပိုက်ခေါက်ခေါ် ပိုက်ဆက်ဖြင့် တပ်ဆင်ပြီးအသုံးပြုနိုင်သည်။

မိသားစုတစ်ပိုင်တစ်နိုင်ကန်များတွင် ငါးမွေးမြူခြင်းနှင့် ကန်ဘောင်တွင် စိုက်ပျိုးခြင်းသင်တန်း လက်စွဲစာအုပ်မှ

MYCulture project

WorldFish-Myanmar


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်