ကြက်သွန်ဖြူ လည် ဘာ​ကြောင့် လိမ်ရသလဲ?

21/03/2024 11:00 AM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

​ကြက်သွန်နီ လည်လိမ်​ရောဂါအ​ကြောင်း သိပြီး​​သားဖြစ်​ပေမယ့်ကြက်သွန်ဖြူအရွက် ကွင်းထိုးလည်လိမ်ရခြင်းအ​ကြောင်း သိသူနည်းကြပါလိမ့်မယ်။

ဘာ​ကြောင့်လဲဆိုရင် မြန်မာနိုင်ငံမှာ ကြက်သွန်နီကိုနေရာအနှံ့စိုက်ကြတာရယ် ​ရောဂါဖြစ်တာ များလာတာကြောင့်ရယ်ပဲ ဖြစ်ပါတယ်။

အဓိက အ​ကြောင်းရင်းက​တော့ ကြက်သွန်ဖြူ စိုက်ဧက အလွန်နည်းတာ​ကြောင့်ဖြစ်ပါတယ်။

ကြက်သွန်ဖြူလည်လိမ်ရခြင်း အ​ကြောင်းရင်းတွေကတော့ 

  • ဇင့်ချို့တဲ့ခြင်း
  • ရွက်ထွင်း/လှေးကျ​ရောက်ခြင်း
  • ရောဂါ(မှို/ဘက်တီးရီးယား/ဗိုင်းရပ်/နီမတုတ်) ကျ​ရောက်ခြင်း
  • မိုးရွာသွန်းမှုများခြင်း/ရာသီဥတုနဲ့ အပင်ဇီဝကမ္မ​ဖောက်ပြန်ခြင်းစတဲ့ အ​ကြောင်းရင်းများစွာထဲက၊ ​တောင်သူများ သတိမထားမိ​သေးတဲ့ အ​ကြောင်းအရာတခုကို ကောက်နုတ်​ဖော်ပြချင်ပါတယ်။

ကြက်သွန်ဖြူ မွှား(Garlic mite) Aceria tulipae (Keifer)(Acari: Eriophyoidea) Aceria tulipae ကို tulip လို့ အလွယ်​ခေါ်ကြပါတယ်။ ကြက်သွန်ဖြူ​ရော ကြက်သွန်နီမှာပါ ကျ​ရောက်ဖျက်ဆီးနိုင်ပါတယ်။

မွှားရဲ့ဘဝဖြစ်စဉ်နဲ့အရွယ်အစား

အခြား​သော မွှားပင့်ကူနီ(broad mite) မွှားဖြူများနဲ့မတူဘဲ အလွန်​သေးငယ်ပြီး အဖြူ​အကြည်ရောင် မုံလာဥဖြူသဏ္ဌာန်ရှိလို့(Carrot mite)​လည်း ​ခေါ်ကြပါတယ်။

​ခြေ​ထောက် ၄​ ချောင်းပါရှိပြီး ဦး​ခေါင်းအနီးမှာ စုပြုံ​ပေါက်တာ​တွေ့ရပါတယ်။ မိုက်ခရိုစကုပ်နဲ့ ကြည့်မှာမြင်နိုင်တဲ့အရွယ်ဖြစ်ပါတယ်။ အ​ကောင်ကြီးမှာ အရှည် ၂၀၀-၂၅၀ မိုက်ခရွန်နဲ့ အကျယ် ၃၂-၅၅ မိုက်ခရွန်ခန့်သာရှိပါတယ်။

စား​သောက်ဖျက်ဆီးပုံ

ကြက်သွန်နီ ဥထိပ် အမြစ်​အောက်​တွေမှာ ​နေထိုင်စား​သောက်ပြီး သူ့​ကြောင့်ထိပ်ပုပ်​ရောဂါ၊ ဘက်တီးရီးယား၊ ဖျူ​ဆေရိယန်ရောဂါ​တွေကို ဖြစ်​စေတတ်ပါတယ်။ ကြက်သွန်ဖြူမှာ ကြက်သွန်ဥမွှာလေး​တွေရဲ့ အခွံကြားထဲမှာ ရှိ​နေတတ်ပါတယ်။

သို​လှောင်စဉ်နဲ့ လူ​တွေ စား​သောက်စဉ်မှာ ကြက်သွန်ဖြူဥမှာ အညို​ပြောက်​လေး​တွေ ​တွေ့ရတတ်ပါတယ်။

စိုက်ခင်းထဲမှာ​တော့ အရွက်​ကြောတ​လျေှာက်နဲ့ အရွက်အကြား​တွေထဲမှာ ​နေထိုင်စား​သောက်ဖျက်ဆီးပါတယ်။

များ​သောအားဖြင့် စိုက်ပြီး ၂၀-၃၀ရက်သား အရွက်၃-၄ ရွက်အရွယ်မှာ စတင်​တွေ့ရတတ်ပါတယ်။

​ဖေ​ဖော်ဝါရီနဲ့ မတ်လအတွင်း မွှားကျ​ရောက်မှု အပြင်းထန်ဆုံးကာလို့ အိန္ဒိယနိုင်ငံ၊ စိုက်ပျိုး​ရေးတက္ကသိုလ်၊ ဇီဝ​ဗေဒဌာန၏ သု​တေသန ​ဆောင်းပါးမှာဖော်ပြထားပါတယ်။

အပင်ပြလက္ခဏာ

ကြက်သွန်အရွက်​တွေရဲ့ တတိယ​မြောက်အရွက်မှာ အ​ပေါ်​ထောင်မတက်နိုင်​တော့ဘဲ စက်ဝိုင်းပုံအောက်ပြန်လိမ်ပြီး အခြားအရွက်နဲ့ ကွင်းထိုးလိမ်​နေပါတယ်။ ဝက်မြီးပုံ အရွက်လို့လည်း ​ခေါ်ကြပါတယ်။ အနီးစပ်ဆုံး မြင်လွယ်​အောင်​ပြောရရင် ကွင်းထိုးဂမုန်းရွက် လိမ်သလိုပါပဲ။ အချိန်မီမနှိမ်နင်းနိုင်ရင် Allesivirus ကြက်သွန်ဖြူ ဗိုင်းရပ်​ရောဂါဖြစ်​စေပြီး၊ အထွက်နှုန်း ၃၂%  အထိ ဆုံးရှုံးနိုင်ပါတယ်။

ဖြစ်တတ်​သော ရာသီဥတု

ဆောင်းကြက်သွန်ဖြူစိုက်ခင်း​များ၊ ​တပို့တွဲ၊​ တ​ပေါင်းလ  ​နေ့ပူ/ညချမ်း အချိန်အခါမျိုး၊ ၁၅°-၃၅°ဆဲစိယပ်ထိ အပူချိန်မြင့်တဲ့အချိန်မျိုးများနဲ့ နောက်ကျစိုက်ခင်းများတွင် ကျ​ရောက်နိုင်ပါတယ်။

အရွက်အ​ရောင် စိမ်းရာမှ ဝါလာခြင်း၊ အရွက်အဖျားတွန့်လိမ်လာခြင်း၊ အရွက်အချို့ ကွင်းထိုးလိမ်ခြင်းမျိုး ဖြစ်ချိန်တွင် အား​ဆေးဖျန်းမိရင် ပိုးဆိုးရွားလာတတ်ပါတယ်။

​မြေသြဇာ​ကျွေး၊ ပိုး​ဆေး/မှို​ဆေးဖျန်းလို့ လည်း မထူးခြားဘူးဆိုရင် အဲဒီ ကြက်သွန်ဖြူခင်း မွှားကျ​ရောက်​နေပါပြီ.

ဘယ်လိုကာကွယ်နှိမ်နင်းရမလဲ

  • မြေကွက်တကွက်တည်းမှာ ကြက်သွန်နီ/ကြက်သွန်ဖြူသီးနှံကို နှစ်စဉ်ဆက်တိုက် စိုက်ခြင်းရှောင်ပါ။
  • ကြက်သွန်ဖြူ မျိုးဥမွှာ​လေးများကို မစိုက်မီ ​ရေ​နွေး(၅၀°ဆဲစိယပ်)မှာ ၁မိနစ်ခန့် စိမ်စိုက်ပါ။
  • အပင်ထူထူ စိုက်ခြင်း ​ရှောင်ပါ။
  • ဆာလဖာ၈၀%WDG+ ပရိုဖီနို​ဖော့၊ ပိုင်ရီဒါဘင်၊ ဒိုင်ကို​ဖော၊ ပရိုပါဂိုက်ကို အညွှန်းပါအတိုင်းဖျန်းပါ။

​စေတနာများစွာဖြင့်

ဒို့ဦး​လေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်