ဆိတ်မွေးမြူရေးနှင့် အစာကျွေးမွေးခြင်းအကြောင်း
ဆိတ်များသည် မြက်၊ သစ်ရွက်၊ သစ်ခေါက်၊ ချုံပင်၊ ဆူးပင်စသဖြင့် အစာမရွေး စားတတ်သဖြင့် ဆိတ်စာအတွက် ပူစရာမလိုဟု အကြမ်းဖျင်းယူဆ၍ ရသော်လည်း ထုတ်လုပ်မှုနှုန်းမြင့်မားစေရေးအတွက် အစာ၊ ရေစာ စနစ်တကျကျွေးမွေးရန် လိုအပ်ပါသည်။
၁။ အစာကျွေးရာ၌ မည်သည့်အစာမျိုးကိုပင်ကျွေးသည်ဖြစ်စေ အစာခွက်အတွင်းရှိ အစာဟောင်းများကို ဖယ်ရှားပေးပြီးမှ အစာသစ်ထည့်ရပါမည်။
၂။ ဆိတ်များ၏ သဘာဝမှာ အစာဝသောအခါ ကျန်သောအစာများကို ဖျက်ဆီးတတ်သဖြင့် ဆိတ်မွေးမြူသူများအနေဖြင့် ဆိတ်ဝလောက်သော အစာကိုသာ ချင့်ချိန်၍ ကျွေးသင့်ပါသည်။
၃။ အချိန်မှန်မှန်အစာကျွေးခြင်းဖြင့် ဆိတ်များခံတွင်းကောင်းပြီး အစာကို မက်မောစွာ စားစေနိင်ပါသည်။
၄။ ကိုယ်အလေးချိန် ပေါင်(၁၀၀) (၃၅ပိဿာ)ခန့်ရှိသော ဆိတ်တစ်ကောင်အတွက် တနေ့လျှင် အနည်းဆုံး အောက်ပါအစာပမာဏခန့် ကျွေးမွေးသင့်ပါသည်။
(က) သစ်ရွက်စိမ်း အမျိုးမျိုး - (၈၂)ကျပ်သား
(ခ) ကောက်ရိုး(သို့)မြက်ခြောက် - (၈၂)ကျပ်သား
(ဂ) အစာနု - (၂၇.၅)ကျပ်သား၊(၁)ပေါင်
မှတ်ချက်၊။ ။ နို့ရည်ထွက်နေသော ဆိတ်မများတွင် ထွက်ရှိသောနို့အလေးချိန်၏ သုံးပုံတစ်ပုံအစာနုကို ထပ်ဆောင်း၍ ကျွေးမွေးရန် လိုအပ်သည်။ ထို့အတူ အသားတိုးနှုန်းနှင့် ကြီးထွားမှုအတွက် အစာနုကို အထက်ပါပမာဏထက်(၁)ဆခွဲတိုး၍ ကျွေးမွေးရန် လိုအပ်ပါသည်။
ရေတိုက်ခြင်း
ဆိတ်များ၏ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှု၊ အစာကြေညက်မှုအတွက် ရေသည်အရေးတကြီးလိုအပ်ပါသည်။ ရာသီဥတုအခြေအနေပေါ်မူတည်၍ ရေလိုအပ်ချက်ပြောင်းလဲသော်လည်း ဆိတ်တစ်ကောင်အတွက် တစ်နေ့လျှင် အနည်းဆုံးသောက်ရေ(၁)ဂါလံလိုအပ်ပါသည်။
Ref; မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မေသူ
လွန်ခဲ့သော ၂ နှစ် ကအမေမရှိတဲ့ဆိတ်ကလေးကိုဘယ်လိုကျွေးမွေးရမလဲ
kyaw Myo htet
လွန်ခဲ့သော ၃ နှစ် ကဆိတ်တွေရုတ်တရပ်လှဲကျတာ ဘာကြောင့်လဲဆရာ
Aung Soe Moe
လွန်ခဲ့သော ၄ နှစ် ကဆရာPangolaမြက်မျိုးလိုချင်လို့ဘယ်မှာရနိုင်မလဲသိပါရစေ
Soe Kyaw
လွန်ခဲ့သော ၄ နှစ် ကအစာနုကဘာကျွေးရမလဲခင်ဗျာ
ခိုင်ခိုင်ဦး
လွန်ခဲ့သော ၄ နှစ် ကဆရာဆိတ်ကဝမ်းသွားပြီးဘိုက်ကြီးပူမထနိုင်တော.ဘဲသေသွားတယ်ဘာရောဂါလဲသိပါရစေရှင်.
ဆက်စပ်မေးခွန်းများ
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
ဥစားကြက်စတင်မွေးမြူချင်တာဘယ်ကစရမလဲမသိလို့အကြံလေးပေးပါဦး ခြံငှားမယ်ဆိုလည်းဘေးပတ်ဝန်ကျင်ရဲ့အဆင်ပြေတာဘယ်လိုရှာရမလဲအကြံလေးပေးပါခဗျာ
ဟံ • ဖြေကြားချက် 1 ခု
နွား၀အောင် ဘယ်လို ကျွေးမွေးရပါသလည်းခင်ဗျ
နံပတ်2 • ဖြေကြားချက် 6 ခု
နွားဝယ်လာတာနွားကအစားကောင်းမစားအနည်းငယ်သာစားအစားကောင်းလာအောင်ဝလာအောင်ဘယ်လိုလုပ်ရမလဲဖြေပေးကျပါဗျအစားစားလာအောင်အဓိကရှင်းပြပေးပါဆေးနည်းပြောပေးပါ
zin Phyo naung • ဖြေကြားချက် 3 ခု
ဝက်ဝယ်သူတွေမရှိတာဆိုးတယ်နော် ရှိတော့လည်း စျေးနှိမ်ကျတယ် တကယ်အစစ်အမှန်ကုန်သည်နဲ့တွေကျတယ် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် တိုက်စွန်းအောက်အင်းကျေးရွာ အောက်အင်းကျေးရွာကပါ ကူညီကြပါအုန်း အဆက်အသွယ်ကောင်းတွေနဲ့
Han Min Htut • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဦးဇော်(dof)
အားလုံး