အမေးအဖြေမှာ ပါဝင်ဖြေဆိုကြတဲ့  စိုက်ပျိုးရေးဦးစီးဌာနမှ ဆရာဆရာမတွေ အတွက် Green markရပါပြီ 

15/09/2020 17:00 PM တွင် Call center Call center မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

     ပုံမှာဖော်ပြထားတဲ့ ဌာနခွဲ (၁၂)ခုက ဆရာဆရာမတွေက စိုက်ပျိုးရေးဦးစီးဌာန call center ကမေးခွန်းတွေကိုလည်း တာဝန်ယူဖြေကြားပေးနေတဲ့ ပညာရှင်တွေပဲဖြစ်ပါတယ်။ ဌာနခွဲ (၁၂)ခုရဲ့ ကိုယ်စားပြု ဆရာ ဆရာမ ၁၂ ယောက်၊ စိုက်ပျိုးပညာပေး ဌာနမှ တာဝန်ခံ ဆရာ ဆရာမ ၉ ယောက်တို့က အစိမ်းရောင်လမ်း အမေးအဖြေမှာ ဝင်ရောက်ဖြေဆို‌ ပေးနေကြပါပီ။ စိုက်ပျိုးရေးဦးစီးဌာနကဖြစ်ကြောင်း သိနိုင်ဖို့အတွက် ဆရာ/ဆရာမတွေရဲ့အမည်နောက်မှာ အစိမ်းရောင်အမှတ်အသားလေးထည့်သွင်းပေးထားပါတယ်ရှင့်။ 

     ခုဆိုရင်တော့ ကွင်းဆင်းဖို့ အဆင်မပြေတဲ့ရက်တွေမှာလည်း အစိမ်းရောင်လမ်းပေါ်ကနေ တောင်သူတွေနဲ့ ချိတ်ဆက်နိုင်ပါပြီ။ တောင်သူများအနေနဲ့လည်း စပါး၊ သကြား၊ ဆီထွက်၊ ပဲမျိုးစုံ၊ နှစ်ရှည် စတဲ့ စိုက်သမျှသီးနှံရဲ့ အခက်အခဲတွေကို စိုက်ပျိုးရေးဦးစီးဌာနက ပညာရှင်များနဲ့ တိုက်ရိုက်ချိတ်ဆက်မေးမြန်းလို့ ဖြေရှင်းနိုင်ပါပြီဆိုတဲ့အကြောင်း သတင်းကောင်း ပေးလိုက်ရပါတယ်။

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်