အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သီတင်းကျွတ် ပိတ်ရက်အပြီး ပဲဈေးများ ကျဆင်း

သီတင်းကျွတ် ပိတ်ရက်အပြီး ပဲဈေးများ ကျဆင်း

AMIA
AMIA • 29/10/2026

သီတင်းကျွတ် ပိတ်ရက်အပြီး ပြည်တွင်း ပဲဈေးများ ကျဆင်းသွားကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရသည်။

လက်ရှိ သီတင်းကျွတ် ကာလအပြီးတွင် ကုန်သည် အချို့မှာ အရောင်းအဝယ်များ ရပ်နားထားကြဆဲ ဖြစ်ပြီး နယ်ဘက် ဈေးကွက်များလည်း ဆက်လက် အေးနေသေးကြောင်း သိရသည်။

ပိတ်ရက် မတိုင်မီက မတ်ပဲ တစ်တန်လျှင် ကျပ် ၃,၆၈၅,၀၀၀၊ ပဲစဉ်းငုံ တစ်တန်လျှင် ကျပ် ၃,၉၉၃,၀၀၀ အထိ ဈေးဖွင့်ခဲ့ပြီး ပိတ်ရက်အပြီး အောက်တိုဘာလ ၂၈ ရက်နေ့တွင် မတ်ပဲ တစ်တန်လျှင် ကျပ် ၃,၆၆၅,၀၀၀ သို့ လည်းကောင်း၊ ပဲစဉ်းငုံ တစ်တန်လျှင် ကျပ် ၃,၉၅၅,၀၀၀ သို့ လည်းကောင်း ကျဆင်းသွားကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရသည်။

"အခုက ပိတ်ရက်တွေ ခံနေတာကြောင့် ကုန်သည်တွေ လုပ်ငန်းခွင်တွေ မရောက်သေးတော့ ဈေးကွက် အေးနေတယ်၊ ဈေးကလည်း ကျနေတယ်။ အိန္ဒိယကလည်း သူတို့ ပွဲတော်တွေအတွက် ဝယ်ယူမှု နည်းလာပြီဆိုတော့ ဈေးက ခဏတဖြုတ် ကျနေတဲ့ သဘောပါ။ အိန္ဒိယက အမြဲတမ်း ပဲလိုအပ်ချက်တွေ ရှိနေမှာမို့ ကျရင်လည်း အများကြီး ကျသွားမှာ မဟုတ်ပါဘူး" ဟု ပဲကုန်သည် တစ်ဦးက ပြောသည်။

လက်ရှိ အိန္ဒိယမှ လိုအပ်သလောက်သာ ထိန်းဝယ်နေခြင်းကြောင့် ပဲဈေးများ အေးစက်နေခြင်း ဖြစ်ကြောင်း သုံးသပ်ကြပြီး သို့သော် ရာသီဥတုကြောင့် အဆိုပါ နိုင်ငံအနေဖြင့် ပဲအထွက်နှုန်း လျော့ကျလာနိုင်ခြင်းကြောင့် လိုအပ်ချက်များလာနိုင်ကာ ဈေးကျဆင်းခြင်းကို ထိန်းနိုင်မည်ဖြစ်ကြောင်း ဈေးကွက်နားလည်သူများက သုံးသပ်ကြသည်။

"ပိတ်ရက်တွေ ခံသွားတော့ လှောင်သမားတွေနဲ့ ကုန်သည်တွေ အဝယ် စောင့်ကြည့်နေကြလို့ ဈေးကွက်က အေးနေတယ်လို့ ပြောရမှာပဲ။ စစဖွင့်ခြင်းဆိုတော့ ကုန်စည်ဒိုင်တွေလည်း ပြန်လည်ပတ်ရဦးမယ်" ဟု အောင်လံမြို့မှ ပဲကုန်သည် တစ်ဦးက ပြောသည်။

လက်ရှိ ပြည်တွင်း နယ်ဈေးကွက်များတွင် ပဲလက်ကျန်များ ရှိနေသေးပြီး ပဲရာသီအသစ် မတိုင်မီ လှောင်သမား အချို့မှာလည်း ပဲဟောင်းများကို ထုတ်ရောင်းနေကြသလို အိန္ဒိယ ကုန်သည်များက အဝယ်ပါးချိန်တွင် ရောင်းသူ များနေခြင်းကြောင့် ဈေးကွက်သဘောအရ ဈေးနှုန်း ကျဆင်းလာရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိ FOB ဈေးနှုန်းအနေဖြင့် မတ်ပဲ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၈၀ မှ ၈၉၀ သို့ လည်းကောင်း၊ ပဲစဉ်းငုံ (နီ) တစ်တန်လျှင် ဒေါ်လာ ၉၄၀ မှ ၉၅၀ ခန့်အထိ လည်းကောင်း ပေါက်ဈေးရှိကြောင်း သိရသည်။

အိန္ဒိယအနေဖြင့် ပြည်တွင်းမှ မတ်ပဲ/ပဲစဉ်းငုံများကို အခွန်ကင်းလွတ် တင်သွင်းခွင့်အား ၂၀၂၇ ခုနှစ် မတ်လအထိ ခွင့်ပြုပေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် ပဲမျိုးစုံ စိုက်ဧက ၁၁ သန်းကျော်ရှိပြီး မတ်ပဲနှင့် ပဲစဉ်းငုံ စိုက်ပျိုးမှု ၃၅ ရာခိုင်နှုန်းကျော် ရှိကြောင်း သိရသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

ပိုတက်စီယန် ဆီလီကိတ် ကိုနေရေင်ခြည်ကာကွယ်ရန်ဖြေပေးထားတာရှိပါတယ်ဆေးဆိုင်တွေမေးတော့မသိကြဘူ ဘယ်လိုဝယ်ရတုန်းသိပါရစေ

Ko Nay • ဖြေကြားချက် 3 ခု

ပိုတက်စီယန် ဆီလီကိတ် ဆိုတာဖျန်းဆေးရှိလားသိချင်ပါတယ် ကျွန်တော်အရင်တစ်ခါကြက်သွန်ကိုခရမ်းလွန်ရောင်ခြည်ဒဏ်သက်သာစေဖို့မေးတဲ့အဖြေထဲမှာပိုတက်စီယန် ဆီလီကိတ်လို့ပါလို့ပါ ဆေးဆိုင်အချို့ကလဲမရှိဘူပြောလို့ပါ

Ko Nay • ဖြေကြားချက် 2 ခု

ကျွန်တော် ခရမ်းပင်က အရွက်ကခုလိုခြောက်နေပါတယ် မှိုကြောင့်ဖြစ်တာလာ ဖြေကြားပေးပါ။

bominthu • ဖြေကြားချက် 1 ခု

မတ်ပဲမှာပဲမွေဟောက်ဆိုတဲ့မျိုးရဲ့အပင်ပုံကိုယခင်နှစ်ကစိုက်ဖူးသောတောင်သူများထံတွင်ရှိလျှင်ကြည့်ချင်ပါသည်

Zin Wai Aung • ဖြေကြားချက် 1 ခု

ဆရာကြီးခင်ဗျာ ဒေသအခေါ် မြက်နီ/မြက်သအုပ်လို့ခေါ်ပါတယ် မတ်ပဲကြားပေါင်းဆေးဖြန်းတာ ကျန်တဲ့မြက်သေပါတယ် အဲမြက်က မသေလို့ပါ

Ye Htut Lin • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။