မြေပဲရွက်ပြောက်ရောဂါ နှင့် ကာကွယ် နှိမ်နင်းနည်းများ

07/02/2018 13:45 PM တွင် Dr. Khin Hnin Yu Dr. Khin Hnin Yu မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြေပဲပင်တွင် ကျရောက်သော ရွက်ပြောက်ရောဂါ များသည်ကမ္ဘာ အနှံ့တွင် ပြင်းထန်စွာ ကျရောက်လေ့ရှိပြီး အာဖရိက နိုင်ငံများတွင်မြေပဲ၌ အဓိက ကျသောရောဂါ ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း တွေ့ရပြီး ယခုအခါတွင်မြေပဲ စိုက်ပျိုးသည့်နေရာတိုင်းတွင်ကျရောက် ဖြစ်ပွားကြောင်း သိရသည်။ အစောပိုင်းတွင် ကျရောက်သော ရွက်ပြောက်များသည်Mycosphaerellaarachidis မှိုကြောင့် ဖြစ်ပြီးနောက်ပိုင်းတွင် ကျရောက်သောရွက်ပြောက်များသည် Mycosphaerellaberkeleyi မှိုကြောင့် ဖြစ်ပါသည်။ ဤရောဂါသည် အရွက်၊ ပင်စည်နှင့် ရိုးတံများပေါ်တွင် အပြောက်များဖြစ်ပေါ်ပြီး အရွက်ကြွေခြင်းနှင့် သီးတောင့်အထွက်နှုန်းကြီးမားစွာဆုံးရှုံးခြင်းတို့ ဖြစ်စေသည်။

ထင်ရှားသည့်ရောဂါပင်ပြလက္ခဏာ

ဤရောဂါသည်မြေပဲစိုက်ပြီး ၅ပတ်မှ ရပတ် အတွင်း စတင် ကျရောက် တတ်သည်။ ရောဂါ နှစ်မျိုး၏ လက္ခဏာသည် အလွန်ဆင်တူပြီး အသေးစိတ် ကြည့်ရှုမှသာ ခွဲခြားနိုင်သည်။ စိုက်ခင်း တစ်ခုထဲတွင်နှင့် အပင်တစ်ပင်တည်းပေါ်တွင် လည်းရောဂါ နှစ်မျိုးအတူ ကျရောက် ဖြစ်ပေါ်နိုင်သည်။

ရွက်ပြောက်စောရောဂါ သည်အပေါ် မျက်နှာပြင်တွင် ၅ပတ်မှရပတ် အတွင်း စတင် ကျရောက် တတ်သည်။ အောက်မျက်နှာပြင်တွင် အညိုဖျော့ရောင် ရှိသည်။

ရွက်ပြောက်နှောင်းရောဂါ သည် အညိုရင့်ရောင် နှင့် အမဲရောင် အပြောက်များဖြစ်ပြီး အပြောက် ပတ်လည်တွင် အဝါရောင် ကွင်းရစ် ပါလေ့မရှိပေ၊ ပါလျှင်လည်း ရွက်ပြောက်စောရောဂါ ကဲ့သို့ပင် ဖြစ်သည်။ ကွဲပြား ခြားနားသည့် အခြား လက္ခဏာတစ်ခုမှာ ရွက်ပြောက်နှောင်းရောဂါပြောက်၏ အောက်မျက်နှာပြင်တွင် မှိုစပိုး များသည် ဗဟိုတူ စက်ဝိုင်းရစ် ပုံစံဖြင့်ထူထဲ သိပ်သည်းစွာ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ ရွက်ပြောက်များ၏ အရွယ် အစားမှာ ၁မှ၁၀ မီလီမီတာ(၀.၁ မှ ၁ စင်တီမီတာ) အထိ ရှိတတ်ပြီး ရွက်ပြောက်နှောင်းရောဂါပြောက်များက အရွယ် ပိုကြီးသည်။ ရံဖန်ရံခါ ရွက်ပြောက်များ အချင်းချင်း ပေါင်းစပ် သွားသည်။

မှို နှစ်မျိုး စလုံး တူညီသည့်အချက်မှာ ပင်စည်၊ အရွက် ရိုးတံနှင့်သီးတောင့်စွယ်များပေါ်တွင် ဘဲဥပုံ အပြောက်များ ဖြစ်ပေါ်စေခြင်းနှင့် ရွက်ကြွေမှု ဖြစ်ပေါ်စေခြင်းတို့ ဖြစ်သည်။

ပထမဆုံးရောဂါ လက္ခဏာ အဖြစ် စိုက်ပြီး ၄၅ရက်မှ ရက်၆၀အတွင်း အရွက်ရင့်များပေါ် တွင် ရောဂါပြောက်များ ဖြစ်ပေါ်မှုကို စတင်တွေ့မြင် ရသည်။ အစပိုင်းတွင် ရွက်ပြောက်စော လက္ခဏာ ကိုတွေ့မြင်ရ များသော်လည်း တဖြည်းဖြည်း နှင့် ရွက်ပြောက်နှောင်း လက္ခဏာက ဖုံးလွှမ်း သွားသည်။ ရွက်ပြောက်နှောင်းရောဂါက မှိုစပိုး ပိုမို သိပ်သည်းစွာ ထုတ်လွှတ်ပြီး အပင်ရင့် လာသည်နှင့် အမျှအရွက်ကြွေမှုကိုလည်း ပိုမို ဖြစ်ပေါ်စေသည်။

တောင်သူများအနေဖြင့် ဤရောဂါနှစ်မျိုးကို တစ်မျိုးတည်းဟုသာ ယူဆပြီး ကာကွယ်နှိမ်နင်းလေ့ရှိသည်။

ရောဂါဖြစ်စေသောမှို

ရွက်ပြောက်စောရောဂါသည်Mycosphaerellaarachidis မှိုကြောင့် ဖြစ်ပြီး ရွက်ပြောက်နှောင်းရောဂါသည်M.berkeleyi မှိုကြောင့် ဖြစ်သည်။ ၎င်းတို့သည် မှို၏ လိင်စုံ အဆင့် အမည်များ ဖြစ်ပြီး လိင်မဲ့ အဆင့်၏ အမည်များမှာCercosperaarachidicola နှင့် Cercosporidiumpersonatumတို့ဖြစ်ကြသည်။ လိင်မဲ့ အဆင့် အနေနှင့်သာ အတွေ့ရ များသည်။ မှိုစပိုး များသည် လေ၊မိုးစက်မှ ဖြာထွက်သောရေ မှုံများနှင့် အင်းဆက်တို့ဖြင့် ကူးစက် ပျံ့နှံ့သည်။ မျိုးစေ့ဖြင့် ကူးစက်သည့် သာဓကများ မရှိပါ။

မှိုစပိုးသည် အရွက် မျက်နှာပြင်ပေါ်ရှိ ရေလွှာပါးတွင် မျိုးညှောက်ပေါက်၍ ၎င်းနေရာတွင်ပင် အရွက်တွင်းသို့ ထိုးဖေါက် ဝင်ရောက်ကာ ရွက်ပြောက်များကို ဖြစ်ပေါ်စေပြီး စပိုးများ ပြန်လည် ထုတ်လုပ်သည်။ ဤ မှို၏ ဘဝ စက်ဝန်းသည်၁၀ရက်မှ ၁၄ရက် အထိ ရှိသည်။

မှိုသည် ရောဂါကျအပင် အစိတ်အပိုင်းများနှင့် အလေ့ ကျပေါက်သော မြေပဲပင်များတွင် ခိုအောင်း ရှင်သန်လေ့ ရှိသည်။

ထိခိုက်ပျက်ဆီးမှု

အရွက်ကြွေခြင်း ဖြစ်ပေါ်စေသည်။ မှိုသတ်ဆေးသုံးစွဲမှု နည်းသောဒေသများတွင် သီးနှံအထွက် ဆုံးရှုံးမှု၅၀ ရာခိုင်နှုန်းကျော် ဖြစ်ပေါ်သည်။ Pucciniaarachidisမှိုကြောင့် ဖြစ်သော သံချေးရောဂါနှင့် အတူ ကျရောက်ပါက မှို သတ်ဆေးကို ၆ကြိမ်မှ ၈ကြိမ် အထိ ဖြန်းပေး ရသည်။ တောင်သူငယ်များအတွက် ကြီးမားသော ကုန်ကျစရိတ်ဖြစ်ပြီး စီးပွားရေး တွက်ချေကို ရရန် မသေချာပေ။

ကာကွယ်နှိမ်နင်းခြင်း

ဤရောဂါ နှစ်မျိုး စလုံးကို တူညီသော နည်းလမ်း များဖြင့် ကာကွယ် နှိမ်နင်း နိုင်သည်။

ရောဂါမကျမီကြိုတင်ကာကွယ်ခြင်း။

အပင်ပေါ်တွင်ရောဂါလက္ခဏာမမြင်ရမီ စိုက်ပျိုးရေး နည်းလမ်းဖြင့် ကြိုတင် ကာကွယ်နိုင်သည်။

Ø  ရောဂါ ဒါဏ်ခံ နိုင်ရည်ရှိသော မျိုးများ စိုက်ပျိုး ရမည်။

Ø  မစိုက်မီ စိုက်ခင်းတွင် ပေါင်းမြက်များ၊ ပင်ကြွင်း၊ ပင်ကျန်များ၊ အလေ့ ကျပေါက်သည့် မြေပဲပင်များကို ရှင်းလင်း ဖယ်ရှား ရမည်။

Ø   တစ်နှစ် သီးလှည့်စိုက်ပျိုး ရမည်။

Ø   သက်တန်း တို၍ စောစော ရင့်မှည့် ရိတ်သိမ်း နိုင်သော မျိုးများ စိုက်ပျိုးခြင်း။ သက်တန်း တိုသည့် မျိုးများသည် ရောဂါ ကျရောက်ခြင်းမှ လွတ်ကင်းလေ့ ရှိသည်။ ရွက်ပြောက်စောရောဂါကို ခံနိုင်ရည်ရှိသော မျိုး အချို့သည် ရွက်ပြောက်နှောင်းရောဂါကို ခံနိုင်ရည် မရှိသည်ကို သတိပြု ရပေမည်။

Ø   စိုက်ခင်းတွင်ပေါင်းပင်များ ကင်းရှင်းစေ ရမည်။ ပေါင်းမြက်များ ရှိနေပါကအပင် ပတ်ဝန်းကျင်တွင် စိုထိုင်းဆ များနေပြီး ရောဂါ ကျရောက်မှုကို ပိုမို အားပေးသည်။ အပူချိန်၂၅မှ ၃၀ဒီဂရီ ဆဲလ်စီးယပ်(စ)တွင် ၆နာရီ မှ၈နာရီ ကြာအောင် အစိုဓာတ် မြင့်မားနေပါက ရောဂါ တိုးတက် ဖြစ်ပေါ်သည်။

Ø  သီးနှံ ရိတ်သိမ်းပြီးချိန်တွင် ပင်ကြွင်း ပင်ကျန်များကို စုစည်း၍ မီးရှို့ဖျက်ဆီး သို့မဟုတ် မြေမြှုပ်ပစ်ရမည်။သို့မဟုတ် တစ်နှစ်ခန့်ကြာ မှမြေပဲပြန် စိုက်လျှင်လည်း ပင်ကြွင်း ပင်ကျန်များ ဆွေးသွားနိုင်သည်။

ရောဂါ ကျရောက် ပြီးမှ နှိမ်နင်းခြင်း

1.ရောဂါကျနေသော စိုက်ခင်းရင့်များနှင့် နီးကပ်စွာစိုက်ခြင်း။ စိုက်ခင်းဟောင်း၏ လေအောက်မှ စိုက်ခြင်း တို့ကိုရှောင်ရမည်။ မှိုစပိုးများကို လေဖြင့် လွယ်ကူစွာ သယ်ဆောင်နိုင်ပြီး ရောဂါ ကူးစက် ပျံ့နှံ့စေသည်။

2. မြေပဲ စိုက်ခင်းကကို အနည်းဆုံး တစ်ပတ်တစ်ကြိမ်  ကြည့်ရှု စစ်ဆေးနေရမည်။ ရောဂါပြောက်တွေ့ လျှင်တွေ့ချင်း ဥပမာ- ဒက်ကိုနေး၊ဘန်ကိုနေး၊ဖော်နေး(Daconil, Bankonil, Fornil) စသည့် ဆေးများကို အညွှန်းပါ အတိုင်း ဖြန်းရမည်။ ဤဆေးသည်မြေပဲ သံချေးရောဂါကိုလည်း နှိမ်နင်းနိုင်သည်။

3. အခြားအသုံးပြုနိုင်သောမှိုသတ်ဆေးများမှာ

ဥပမာ- ဒိုင်သိန်းအမ်-၄၅(Dithane M-45)/ဖျူနိုမိုင်း (Funomyl 50 WP) / တော့ဆင်အမ်၊ ဖြူဆင် အမ် (Topsin M, Fusin M) /ဘာဗင်စတင် (Bavistin) စသည့် ဆေးများအညွှန်းပါ အတိုင်း  ဖျန်းနိုင်သည်။

ဆေးကို ၁၄ရက် တစ်ကြိမ်ဖြင့် မရိတ်သိမ်းမီ ၁၄ရက် အလို အထိ ဖျန်းရမည်။ အကယ်၍ဆေး စတင်ဖျန်းသည့်ရက်နောက်ကျသွားလျှင် ၇ရက်မှ ၁၀ရက် တစ်ကြိမ် ဖျန်းရမည်။ မိုးသည်းထန်စွာ ရွာသွန်းနေ လျှင်ရောဂါ ကာကွယ်နှိမ်နင်းနိုင်မှု အားနည်းသည်။ ဆေးကို၁၄ရက် တစ်ကြိမ်ဖြင့် မရိတ်သိမ်းမီ ၁၄ရက် အလို အထိ ဖျန်းရမည်။ အကယ်၍ဆေး စတင်ဖျန်းသည့်ရက် နောက်ကျသွားလျှင် ၇ရက်မှ၁၀ရက် တစ်ကြိမ် ဖျန်းရမည်။ မိုးသည်းထန်စွာ ရွာသွန်းနေလျှင်ရောဂါ ကာကွယ် နှိမ်နင်းနိုင်မှု အားနည်းသည်။

ဒေါက်တာခင်နှင်းယု


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်