Green Way

Green Way app

Get answers and alerts, faster.

Get Get
ပင်မှည့်သီး စိုက်ပျိုးနည်း

ပင်မှည့်သီး စိုက်ပျိုးနည်း

နွေရာသီလဲရောက်လာပြီဆိုတော့ ချိုချိုချဉ်ချဉ်မွှေးမွှေးလေးနဲ့ သောက်လို့ကောင်းတဲ့ ပင်မှည့်သီး စိုက်ပျိုးနည်းအကြောင်း ပြောပြချင်ပါတယ်ဗျ။ 

နွေရာသီကို တစ်ဖြည်းဖြည်းရောက်လာပြီဖြစ်တဲ့အတွက် ပင်မှည့်သီးရဲ့စျေးကွက်ကလည်း အဝယ်လိုက်လာတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် စိုက်ပျိုးချင်တယ်ဆိုသူတွေအတွက် ပင်မှည့်သီး စိုက်ပျိုးနည်းကို ရေးသားဖော်ပြပေးလိုက်ရပါတယ်ဗျာ။

ပင်မှည့်သီးတွေမှာ အဝါရောင်နဲ့ ခရမ်းရောင်ဆိုပြီးရှိကြပါတယ်။ စပ်မျိုးတွေကတော့ ဒီ ၂ ရောင်ကြားက အရောင်ထွက်ပါတယ်တဲ့ဗျာ။ အသီးအရည်အသွေးမှာတော့ ခရမ်းရောင်အသီးတွေက အဝါရောင်အသီးတွေထက် ပိုကောင်းတယ်လို့သိရပါတယ်ဗျ။

၁။ ခရမ်းရောင်ပင်မှည့်သီးတွေအကြောင်း 

ပင်စည်တွေကတုတ်ခိုင်ပြီး အတော်သန်တဲ့  နှစ်ရှည်နွယ်ပင်တွေပါ။ နှာမောင်းတံအရှည်ကြီးတွေနဲ့ အနားမှာရှိတဲ့ အရာမှန်သမျှကို ရစ်ပတ်တွယ်တက်တဲ့ အပင်တွေဖြစ်ပါတယ်။ အသီးဝိုင်းဝိုင်းလေးနဲ့ အစေ့များပြီး  ၃၅ ဂရမ်လောက်ထိ အလေးချိန်ယူပါတယ်တဲ့ဗျာ။ ပင်မှည့်သီးရဲ့ အခွံကတော့ ထူထူပြောင်ပြောင်လေးပါဗျာ။ အသီးနုစဉ်မှာတော့ စိမ်းနေပြီး မှည့်လာတဲ့အခါ ခရမ်းရောင်ပြောင်းသွားတတ်ပါတယ်။ ရင့်သည်ထက် ရင့်လာရင်တော့ အသီးတွေက ရှုံ့ပြီး ကြွေကျသွားတတ်ပါတယ်ဗျ။

၂။ အဝါရောင်ပင်မှည့်သီး 

အဝါမျိုးတွေက အပင်ပုံစံချင်းတူပေမယ့် အရွက်တွေပိုကြီးပါတယ်တဲ့။ အသီးတွေကလည်း ခရမ်းရောင်မျိုးထက် နည်းနည်းပိုကြီးပြီး အဖြူရောင်အစက်လေးတွေ ပါတတ်ပါတယ်။ အသီးရဲ့အတွင်းသားတွေက ပိုချဉ်ပြီးတော့ အစေ့အရောင်က  အညိုဘက်ကို ရောက်ပါတယ်။ မှည့်လာပြီဆိုရင် အဝါရောင်သန်းလာပြီး ကောင်းကောင်းမမှည့်သေးခင်မှာ ကြွေကြတတ်ပါတယ်တဲ့ဗျာ။

၃။ စပ်မျိုး 

 

စပ်မျိုးဆိုတဲ့အတိုင်း အရောင်ကတော့ ၂ မျိုးရောထားတာဖြစ်ပြီး  အသီးပုံစံက အဝါမျိုးတွေနဲ့ တူပါတယ်။ နွယ်ပင်ပုံစံကတော့ ခရမ်းရောင်မျိုးတွေလို တော်တော်ခိုင်တဲ့ နွယ်တွေဖြစ်ပါတယ်။ အသီးအရွယ်အစားက ခရမ်းရောင်မျိုးတွေထက် ပိုကြီးပြီး အနံ့အရသာ ပိုပြင်းပါတယ်ဗျ။

အသီးအလေးချိန် ၆၀၀ ဂရမ် လောက်ထိရှိတဲ့ အကြီးမျိုးတွေလည်းရှိပါတယ်။ အသီးတွေက ဘဲဥပုံအနေအထားနဲ့ အနံ့အရသာကတော့ ခပ်ပျော့ပျော့ပါ ။အခွံပါးပြီး အသားထူသလို အစေ့အရွယ်အစားလည်း ပိုကြီးတဲ့မျိုးတွေဖြစ်ပါတယ်။

ရေမြေရာသီဥတု 

အဝါမျိုးနဲ့ အသီးကြီးမျိုးတွေကတော့ အပူပိုင်းဒေသမှာ ရှင်သန်ဖြစ်ထွန်းပြီးတော့ ခရမ်းရောင်မျိုးတွေကတော့ အပူသမပိုင်းမှာ ကောင်းကောင်းဖြစ်ထွန်းကြပါတယ်။ အပူပိုင်းသီးနှံဖြစ်သော်လည်း နှင်းခါးရိုက်တဲ့ဒါဏ်ကို အနည်းငယ်တော့ ခံနိုင်ရည်ရှိကြပါတယ်။ ဆိုးဆိုးရွားရွားနှင်းခါးရိုက်တဲ့ဒါဏ်ကိုတော့ ခံနိုင်ရည်မရှိကြပါဘူး။

မြေချဉ်ငံကိန်း ၆ ကနေ ၈ ကြား ရှိတဲ့မြေတွေမှာ ကောင်းစွာဖြစ်ထွန်းနိုင်ပါတယ်။ ရေဆင်းကောင်းတဲ့ မြေဖြစ်ဖို့လိုပြီး သဘာဝမြေဆွေးတွေ ထည့်ပေးဖို့လည်း လိုပါမယ်ဗျ။ အဝါရောင်မျိုးတွေကတော့ မြေငံတွေမှာဖြစ်ထွန်းမှုနည်းတာမို့ မြေချဉ်ငံကိန်းကို ဂရုပြုဖို့လိုအပ်ပါတယ်။

ပူလိုက်အေးလိုက်ဖြစ်နေတဲ့ ရာသီဥတုမျိုးတွေက နွယ်ပင်တွေကို ထိခိုက်စေပါတယ်။ အပူချိန်အရမ်းမြင့်ရင် အသီးတင်မှုနည်းလေ့ရှိပြီး  အသီးတွေလည်း သေးပါတယ်။

စိုက်ပျိုးခြင်း

ပင်ကြား တန်းကြား ၉ ပေပတ်လည် စိုက်နိုင်ပါတယ်။ ဇွန်/ ဇူလိုင်မှာ စိုက်သင့်ပါတယ်ဗျ။နေရောင်ခြည်ကောင်းကောင်းရအောင် တောင်မြောက်အနေအထား စိုက်သင့်ပါတယ်။

နွယ်ပင်ဖြစ်တာမို့ စင်ထိုးပေးဖို့လိုပါတယ်။ အညွန့်တွေ စင်ပေါ်ရောက်ပြီဆို ခေါင်နှိမ်ပေးသင့်ပါတယ်။ ဒါမှ ဘေးတက်တွေထွက်ပြီး အသီးပိုရနိုင်မှာဖြစ်ပါတယ်ဗျ။ စင်မဟုတ်ဘဲ ကြိုးတန်းတွေနဲ့လည်း စိုက်နိုင်ပါတယ်။

မျိုးယူခြင်း

ပင်မှည့်သီးမျိုးတွေကိုတော့ ကိုင်းဖြတ်ပြီးစိုက်ကြပါတယ်။ ကိုင်းဆက်နည်းတွေနဲ့လည်းမျိုးယူနိုင်ပါတယ်။

ဝတ်မှုန်ကူးခြင်း

ပင်မှည့်သီးတွေရဲ့ ပန်းပွင့်တွေမှာ အမမျိုးပွားအင်္ဂါ မဖွံ့ဖြိုးခင်မှာပဲ အဖိုဝတ်မှုန်တွေက ကြွေကျသွားကြပါတယ်။ ဒါကြောင့် ပျားတွေရဲ့အကူအညီနဲ့သာ ပင်ခြားဝတ်မှုန်ကူးခြင်း တွေ ဖြစ်ရပါတယ်။ ခရမ်းရောင်မျိုးတွေနဲ့ အသီးအကြီးမျိုးတွေမှာတော့  ဝတ်မှုန်ကူးခြင်းက မနက်စောစောမှာဖြစ်ပြီး အဝါမျိုးတွေမှာတော့ နေ့လည်ခင်းမှာ ဖြစ်ပါတယ်။ ပန်းပွင့်ရဲ့ မအင်္ဂါဖွံ့ဖြိုးပြီး ၁ နာရီ ၂ နာရီအတွင်းမှာပဲ ဝတ်မှုန်ကူးခြင်း ဖြစ်ပွားနိုင်ပါတယ်တဲ့ဗျာ။

ရင့်မှည့်ခြင်း

ခရမ်းနဲ့ အကြီးမျိုး -- တစ်နှစ်ပတ်လုံး ပန်းပွင့်တတ်ကြပေမယ့် မတ်လနဲ့ ဧပရယ်လ၊ ဇူလိုင်နဲ့ သြဂုတ်လတွေမှာ ပန်းလှိုင်လှိုင်ပွင့်လေ့ရှိပါတယ်။

အဝါရောင်မျိုး -- မေ ကနေ ဇူလိုင်လ၊ စက်တင်ဘာလကနေ အောက်တိုဘာလအတွင်းမှာ ပန်းလှိုင်လှိုင်ပွင့်ကြပြီး ရက်ပေါင်း ၇၀ ကနေ ၈၀ ထိကြာတတ်ပါတယ်။

အာဟာရလိုအပ်ချက်

အပင်ရဲ့သက်တမ်းအနေအထားနဲ့ ကြီးထွားမှုအဆင့်အလိုက် အာဟာရလိုအပ်ချက်တွေ ကွဲ ပြားကြပါတယ်။ ပင်ပိုင်းကြီးထွားချိန်၊  အသီးတင်ချိန်နဲ့ ပန်းပွင့်ချိန်မှာ အဓိကလိုအပ်ပါတယ်။ အသီးတွေ ခူးဆွတ်ပြီးချိန်မှာ တစ်ဟက်တာ ( ၂ ဧကခွဲ) လျှင် နိုက်ထရိုဂျင် ၁၅၀ ၊ ဖော့စဖော့ရပ် မီးစုန်းဓာတ် ၁၀၀ နဲ့ ပြာဓာတ် ၂၀၀ ကီလိုဂ၇မ် နှုန်းထားနဲ့ ကျွေးသင့်ပါတယ်။

ခူးဆွတ်ခြင်း

၁ နှစ် ၂ နှစ်လောက်မှာ စခူးလို့ရပါပြီ။ ကောင်းကောင်းသန်စွမ်းတဲ့အပင်ဆိုရင် တစ်နှစ်မှာ အလုံး ၁၅၀ ကနေ ၁၈၀ ထိသီးနိုင်ပါတယ်။ ခရမ်းရောင်သီးတွေကတော့ တခြား ၂ မျိုးထက် အထွက်နှုန်း ပိုကောင်းပါတယ်တဲ့ဗျာ။ ဒီသီးတွေကို ခူးဆွတ်ပြီးတဲ့အခါ ကြွပ်ကြွပ်အိတ်ထဲမှာ ထည့်ပြီး အပူချိန် ၇-၉ ဒီဂရီ စင်တီဂရိတ်မှာထားမယ်ဆိုရင် ၃ ပတ်ထိ ပျက်စီးဆုံးရှုံးမှုမရှိဘဲ ထားနိုင်ပါတယ်တဲ့ဗျာ။

အထွက်နှုန်းတိုးအောင်လုပ်ရမယ့် အချက်လေးတွေနဲ့ ကျရောက်တတ်တဲ့ရောဂါပိုးမွှားတွေအကြောင်းကိုလည်း ဆက်လက်ဖော်ပြပေးသွားပါအုံးမယ်ဗျ။ 

ထွန်းရာဇာ

Source -https://www.krishisewa.com/articles/production-technology/531-passion-fruit.html

nan

nan

4 years ago

ကိုင်းကူးလို့လာ

ZawLay Naing

ZawLay Naing

5 years ago

ကျွန်တော် မှာ ဆေးအိုးပုတ် ဆိုတဲ့အပင်အများကြီးရှိတယ် ကင်ဆာနိုင်တယ်ပြောတယ် အရောင်းအဝယ်လုပ်ချင်တယ်

ZawLay Naing

ZawLay Naing

5 years ago

မျိုးဘယ်ကရနိုင်မလဲ

Chaw Thiri May

Chaw Thiri May

5 years ago

ခုမှအပွင့်စပွင့်တာပါအသီးတင်အောင်ဘယ်လိုလုပ်ရမလည်း

yezaw

yezaw

5 years ago

ဘာဆေးတွေသုံးရလဲဗျာ အပင်ဘက်ပဲလဲနေလိုအသီမသီဘူးဖြစ်နေတာ

You

Related questions

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • 4 answers

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • 3 answers

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • 1 answers

ငွေတိုးစပါးသက်၂လကေျာ်ပီ လက်သဲစောင်းပေါင်းသတ်ဆေးဖျန်းလို့ရသလားခင်ဗျ ေဖြကြားပေးကြပါဦးဆရာများခင်ဗျာ။

yan Naing Htwe • 3 answers

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • 2 answers

Leave without posting?

What you have written has not been posted yet. If you leave this page, it will be lost.