ဆေးဖက်ဝင် ချင်းတောင်နတ်ဆေးဂမုန်း
ချင်းတောင်နတ်ဆေးဂမုန်းသည် Saxifragaceae မျိုးရင်းဝင် အပင်တစ်မျိုးဖြစ်ပြီး ရုက္ခဗေဒအမည်မှာ- Bergenia ciliata ဖြစ်သည်။ မူရင်းဒေသမှာ- အာဖဂန်နစ္စတန်၊ တိဘက် တောင်ပိုင်း၊ နီပယ် မြောက်ပိုင်းနှင့် ဘူတန်နိူင်ငံတို့ဖြစ်သည်။ အိန္ဒိယနိူင်ငံမြောက်ပိုင်းတွင် ပေါများစွာ ပေါက်ရောက်သောအပင်တစ်မျိုးလည်းဖြစ်သည်။ ချင်းတောင်နတ်ဆေးဂမုန်းကို အိန္ဒိယနိူင်ငံတွင် " Pathar phor buti " ဆိုပြီး လူသိများကာ ခေါ်ဝေါ်သုံးစွဲကြသည်။
တောထဲကနေ ခူးယူပြီး ဆေးဝါးအတွက်သုံးစွဲကြသလို ရံဖန်ရံခါ အစားအသောက်အတွက် အသုံးပြုကြသည်။ အဓိကအနေဖြင့် ကျောက်ကပ်နှင့်သက်ဆိုင်သောရောဂါများနှင့် အမျိုးမျိုးသော ဖျားနာခြင်းဝေဒနာများ ကုသရာတွင် အသုံးပြုသည်။ တိုင်းရင်းဆေးဆရာများက ထိုအပင်ကို အမှုန့်ကြိတ်ကာ အသုံးပြုကြသည်။
ချင်းတောင်နတ်ဆေးဂမုန်း၏ အရွက်၊ အပွင့်နှင့် အမြစ်ကို နေပူလှန်း၍ အခြောက်ခံကာ ရေနွေးကြမ်းသောက်ရာတွင် လက်ဖက်ခြောက်အနေဖြင့် အသုံးပြုကာ သောက်သုံးနိုင်သည်။ ထို့အပြင် အမှုန့်ကြိတ်ကာ ပျားရည်နှင့် သောက်သုံး၍ရသလို အရွက်နှင့် အပွင့်ကို သားသတ်လွတ်အနေဖြင့် အစိမ်းသုပ်စား၍လည်း ရသည်။
ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ
ချင်းတောင်နတ်ဆေးဂမုန်းတွင် bergenin၊ catechin၊ gallic acid နှင့် tannic acid အစရှိသော bioactive compound များ ပါဝင်နေသောကြောင့်-
• ဝိတ်ကျစေခြင်း
• အဆစ်အမြစ်သက်သာစေခြင်း
• အင်အားပြည့်ဖြိုးစေခြင်း
• ခုခံအားကိုတိုးမြှင့်ပေးခြင်း
• ချောင်းဆိုးပျောက်စေခြင်း
• သွေးတွင်းသကြားဓာတ်ထိန်းပေးခြင်း
• အစာအိမ်နှင့် အူလမ်းကြောင်းရောဂါများ ကုသရာတွင် အသုံးပြုနိုင်ခြင်း
• နုပျိုစေခြင်းနှင့် ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း
• ရောင်ရမ်းနာကျင်ခြင်းနှင့် အဖျားသက်သာစေခြင်း
• ဦးနှောက်နှင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း
• ကျောက်ကပ်၊ သည်းခြေ ကျောက်ချေရာတွင် အသုံးပြုနိုင်ခြင်း.....အစရှိသော ကောင်းကျိုးအာနိသင်များကို ဖြစ်ပေါ်စေသည်။
ထို့ကြောင့် ချင်းတောင်နတ်ဆေးဂမုန်းကို မိမိအိမ်ပတ်ဝန်းကျင်တွင် ဆေးဖက်ဝင်အပင်အဖြစ်သာမက မျက်စိပသာဒဖြစ်အောင်လည်း စိုက်ပျိုးနိုင်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။
ကိုးကား- https://pubmed.ncbi.nlm.nih.gov/29102914/
ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 1 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 1 ခု
ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ
Nyan Lwin Tun • ဖြေကြားချက် 1 ခု
မတ်ပဲနဲ့ပဲကီးခင်းထဲတွင် ရွေးချယ်ပေါင်းသတ်ဆေး ဘာဖျန်းရမလဲ သိရင် ပြောပေးပါ ဦးဗျ
Thura Htun • ဖြေကြားချက် 2 ခု
ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့
U Yan • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
More from Saw Eh Htoo War
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....