အေဇိုလာ စိုက်ဖို့ပျိုးဖို့

10/12/2019 17:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စိုက်ပျိုးနိုင် တွေ့နိုင်တာတွေကတော့ ကန်တွေ၊ မြောင်းတွေမှာ တွေ့နိုင်ပါတယ်။ သမပိုင်းနဲ့အနွေးပိုင်းတွေမှာဆိုရင် တွေ့နိုင်ပါတယ်။ စိုက်မယ်ပျိုးမယ်ဆိုရင် အရိပ်တော့လိုပါတယ်။ အရိပ်နဲ့အလင်းပါ (အလင်းက (၃၀)ကနေ (၅၀)ရာခိုင်နှုန်းလိုအပ်ပါတယ်။ ပြီးတော့ သူက ရေထဲမှာပေါက်တဲ့အပင် ဖြစ်တဲ့အတွက်ကြောင့် ရေလည်းလိုအပ်တာပေါ့။ အနည်းဆုံး (၅)လက်မ အနက်တော့ရှိရမှာဖြစ်ပါတယ်။ လိုအပ်တဲ့အပူချိန်ကတော့ ၂၀ ကနေ ၃၅ ဒီဂရီဆဲလ်စီးယပ်ပါ။ ၃၆ ထက်ကျော်သွားရင်တော့ ပြဿနာတက်မှာဖြစ်ပါတယ်။ အထွက်ကောင်းဖို့ဆိုရင်တော့ ချဉ်ငံကိန်းက ၅.၀ ကနေ ၇.၀ ပါ။ စိုထိုင်းဆကတော့ (၈၀) ကနေ (၉၀)ရာခိုင်နှုန်းဖြစ်ရမှာပါ။ 

စိုက်ပျိုးခြင်း

တည်နေရာ။   ။ အဓိကအရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ အရိပ်တစ်ဝက်တစ်ပျက်ကျတဲ့နေရာ၊ ရေရှိတဲ့နေရာကို ရွေးချယ်ရမှာဖြစ်ပြီးတော့ ကိုယ်စိုက်မဲ့ရေကန်ထဲမှာ ချွန်ထက်တဲ့အရာတွေမရှိအောင်၊ ထိမိခိုက်မိမဲ့ ပစ္စည်းတွေရှိ မရှိဆိုတာကို  စစ်ဆေးပြီးတော့  ရှင်းလင်းထားပေးရပါမယ်။ 

စိုက်ဖို့ ကန်။    ။ အရွယ်အစားက (၆)ပေ  (၄)ပေ ကန်တစ်ကန်ကနေ တစ်နေ့ကို တစ်ကီလိုလောက် ပြန်ထောက်ပံ့ပေးနိုင်ပါတယ်။ ကိုယ့်ဘာသာစိုက်မယ်ဆိုရင် အုတ်နံရံနဲ့လုပ်လို့ရပါတယ်။  ပလတ်စတစ်ခင်းပြီးမှ ရေမစိမ့်အောင် လုပ်ချင်တယ်ဆိုရင်လည်းရပါတယ်။ အရိပ်အောက်ဖက်မှာလုပ်မယ်ဆိုရင်တော့ အမှိုက်တွေမကျအောင် စီမံထားပါ။ အရိပ်မရနိုင်ဘူးဆိုရင်လည်း အစိမ်းရောင်၊ အနက်ရောင်ပိုက်နဲ့ ကာထားပေးလို့ရပါတယ်။ ကန်နဲ့ပတ်သက်ပြီး ဉာဏ်ထွက်သလို စီစဉ်နိုင်ပါတယ်။ 

စိုက်ပျိုးခြင်း။   ။ မြေနည်းနည်းသန့်သန့်ရယ်၊ နွားချေးရယ်ကို ရေကန်ထဲမှာ ညီညာအောင်ဖြန့်ပေးပါ။ ၆ ပေ ၄ ပေ ကန်အတွက်ဆိုရင် အေဇိုလာ (၁) ကီလိုဂရမ် ထည့်ပေးရပါမယ်။ ညီညီညာညာဖြန့်ပေးပြီးရင်တော့ ရေအနက် (၅) လက်မ ကနေ (၆) လက်မ အထိ ရှိနေအောင် စစ်ကြည့်ပေးပါ။ အကြီးမြန်ချင်တယ်ဆိုရင် မိုးရာသီမှာစိုက်ပေးတာက ပိုမြန်စေပါတယ်။  နောက်ထပ် အရေးကြီးတဲ့တစ်ချက်ကတော့ ဆားတွေမရှိဖို့ပါပဲ။ ရေငန်တယ်ဆိုရင် လုံးဝဖြစ်ထွန်းမှာ မဟုတ်ပါဘူး။ စီးပွားဖြစ်စိုက်မယ်ဆိုရင်တော့ ရေရဲ့အရည်အသွေးကို စစ်ဆေးကြည့်လိုက်တာ အကောင်းဆုံးဖြစ်မှာပါ။ 

ထိန်းသိမ်းခြင်း။    ။ စိုက်ပျိုးနေတုန်းမှာ အပင်တွေကို လည်း နွားချေး (၁) ကီလို၊  ဖော့စဖိတ် (၁၀၀) ကနေ (၁၂၀) ဂရမ်ကို ၂ ပတ် တစ်ကြိမ်လောက် ကန်ထဲလိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ ကန်ထဲမှာပေါက်လာတဲ့  တစ်ခြားအပင်တွေကိုလည်း ဖယ်ရှားပေးရမှာဖြစ်ပါတယ်။ ကန်တစ်ကန်အတွက် ကြာချိန်ကတော့ (၆)လကနေ (၈)လပဲ ထားသင့်ပါတယ်။ လပြည့်ရင် ရေအသစ်လဲ၊ စိုက်တာတွေ အသစ်လဲပေးရင် အကောင်းဆုံးဖြစ်ပါတယ်။

ရိတ်သိမ်းခြင်း။   ။ စစိုက်ပြီး (၂)ပတ်ကနေ (၃)ပတ်အကြာဆိုရင် ရိတ်သိမ်းဖို့ အသင့်ဖြစ်နေပါပြီ။ နေ့တိုင်းရိတ်သိမ်းနိုင်ပါတယ်။ ပလတ်စတစ်ဇကာနဲ့သိမ်းရင် ပိုလွယ်မှာပါ။ လက်နဲ့ဆိုရင် အပင်လေးတွေက သေးသေးလေးတွေဖြစ်တာကြောင့် အကြီးအသေး မညီတာမျိုး ဖြစ်တတ်တာမို့ပါ။ 

ရိတ်သိမ်းပြီးရင်။   ။ အပင်လေးတွေကို နို့စားသတ္တဝါတွေ၊ ဆိတ်၊ သိုး၊ ဝက်၊ ကြက်၊ ယုန် စတဲ့အကောင်လေးတွေကို ဒီတိုင်းကျွေးတာဖြစ်ဖြစ်၊ တစ်ခြားတိရစ္ဆာန်စာနဲ့ရောပြီးတော့ကျွေးတာဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။ မကျွေးခင်မှာတော့ ရေဆေးပေးဖို့ လိုပါလိမ့်မယ်။ အဲ့လိုဆိုရင်တော့ အစာကုန်ကျစရိတ်ကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ 

တွေးစရာအချက်တွေ။ ။ နွေရာသီတွင်း အရမ်းပူတဲ့အပူချိန်တွေ၊ အရမ်းအေးတဲ့အပူချိန်တွေ၊ ရေပြတ်လပ်မှုတွေ၊ စိုထိုင်းဆနည်းတာတွေမျိုး ရေအရည်အသွေးမကောင်းတာမျိုးတွေကြောင့်မို့ ကိုယ်စိုက်ပျိုးတဲ့ အေဇိုလာလေးတွေကို ထိခိုက်မှုတွေဖြစ်နိုင်ပါတယ်။ 

အနည်းဆုံး။ ။ အနည်းဆုံးတော့ စပါးခင်းထဲ အေဇိုလာလေးတွေထည့်ပေးလိုက်ရင် အေဇိုလာလည်းရ၊ စပါးခင်းအတွက်လည်း နိုက်ထရိုဂျင်ကိုလည်း ဖမ်းယူပေးနိုင်မှာဖြစ်ပါတယ်။ 

ကဲ အဲ့လိုဆိုရင်တော့ အေဇိုလာလေးတွေကို စိုက်ဖို့ အရမ်းမခက်တော့ လိုက်လုပ်ကြည့်ပြီးတော့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေမှာ ကုန်ကျစရိတ်တွေကို လျော့ချနိုင်ကြပြီး အမြတ်တွေလည်း တိုးနိုင်ကြပါစေ။

ထွန်းဝင်းကျော်

Reference: https://www.agrifarming.in/azolla-cultivation-information?fbclid=IwAR29H1X1JHzvdsWDWzVU5TulNoMB-5EKGnioPgJeEdPN9JvQBimAfO0ruNE

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်