အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တာချီလန် (Choy Sum) စိုက်ပျိုးပြုစုနည်း

တာချီလန် (Choy Sum) စိုက်ပျိုးပြုစုနည်း

    တာချီလန်က Brassicaceae မျိုးဝင်ဖြစ်ပြီး မုန်ညင်း၊ ကိုက်လန်တို့နဲ့ အပင်ပုံသဏ္ဍာန်ရော အရသာပါဆင်တူကြပါတယ်။ အများစုက ကိုက်လန်နဲ့ မှားတတ်ကြပေမယ့် တာချီလန်က ရိုးတံသေးသွယ်ပြီး ပိုလည်းနုပါတယ်။ ကိုက်လန်ထက်လည်း ပိုပြီးဈေးကောင်းရပါတယ်။ ကျန်းမာရေးနဲ့လည်းညီညွတ်ပြီး တာချီလန်ကိုကြော်စားမယ်ဆိုရင် ဗီတာမင် A, B6 နဲ့ အမျှင်ဓာတ်၊ ကယ်ဆီဓာတ်၊ သံဓာတ်တွေရရှိနိုင်ပါတယ်။ အခုလိုကာလကြီးမှာ အိမ်မှာစိုက်ပျိုးထားမယ်ဆိုရင် အာဟာရရှိတဲ့ ဟင်းတစ်ခွက်ရသလို များများစိုက်ပြီးရောင်းရင်လည်း  အပိုဝင်ငွေကောင်းကောင်းရရှိနိုင်တာမို့ စိုက်ပျိုးနည်းလေးကို မျှဝေပေးလိုက်ပါတယ်ဗျ။

‌မြေအမျိုးအစားနဲ့ ကြိုက်နှစ်သက်သောရာသီဥတု

- မြေဆွေးဓာတ်ကြွယ်ဝပြီး ရေသွင်းရေထုတ်ကောင်းတဲ့မြေမျိုးကို ကြိုက်နှစ်သက်ပါတယ်။ မြေအချဉ်ငန်ဓာတ် (6-7) အတွင်းရှိရင် ပိုပြီးသင့်တော်ပါတယ်။ 

- အေးမြတဲ့ရာသီကို ပိုကြိုက်နှစ်သက်ပေမယ့် အပူချိန်အသင့်အတင့်ရှိတဲ့ ရာသီမှာလည်းစိုက်လို့ရပါတယ်။ အပူချိန်အရမ်းများရင်တော့ ခါးသွားတတ်ပါတယ်။ အပူချိန် ( 14°C-30°C) အတွင်း စိုက်နိုင်ပါတယ်။

- မတ်လ၊ ဧပြီလတို့လို ဆောင်းနှောင်းပိုင်းကာလနဲ့ ဩဂုတ်လ၊ စက်တင်ဘာလတို့လို မိုးကြိုကာလတွေမှာ စိုက်ဖို့သင့်တော်ပါတယ်။ 

စိုက်ပျိုးခြင်း

- မျိုးစေ့ကိုပျိုးပြီးမှ ရွှေ့ပြောင်းစိုက်လို့ရသလို တိုက်ရိုက်အစေ့ချ၍လည်း စိုက်နိုင်ပါတယ်။ ပျိုးပြီးမှစိုက်မယ်ဆိုရင် အရွက်လေးရွက်ထွက်တဲ့အရွယ်မှာ ရွှေ့စိုက်နိုင်ပါတယ်။ 

- တိုက်ရိုက်အစေ့ချစိုက်မယ်ဆိုရင်တော့ သဘာဝမြေဩဇာ၊ မြေဆွေးတွေနဲ့ ပြင်ထားတဲ့မြေမှာ အတန်းလိုက် မြောင်းလေးတွေပြုလုပ်ပေးပါ။ လက်မဝက်အနက်မှာ မျိုးစေ့ (၃) စေ့ခန့်ထည့်ပြီး ပင်ကြား (၆) လက်မ နဲ့ တန်းကြား (၁၂) လက်မ ခန့်ထား၍ စိုက်နိုင်ပါတယ်။

အပင်ပြုစုစောင့်ရှောက်ခြင်း

- စိုက်ပြီးပထမအပတ်မှာ ရေကိုနေ့တိုင်းလောင်းပေးသင့်ပြီး ရေမဝပ်အောင်ဂရုစိုက်ရပါမယ်။ တစ်ပတ်လောက်ကြာလို့ အပင်စပေါက်ပြီးတဲ့နောက်မှာတော့ နေ့တိုင်းရေပေးစရာမလိုဘဲ လိုအပ်သလောက်သာပေးပါ။

- အနည်းဆုံး တစ်ပတ်တစ်ခါတော့ ပေါင်းမြက်များကို ရှင်းလင်းပေးသင့်ပါတယ်။ ပေါင်းမြက်ပြဿနာ လျော့နည်းဖို့နဲ့ အစိုဓာတ်ထိန်းသိမ်းထားနိုင်ဖို့  မြေဖုံးခြင်းကိုလည်း လုပ်ဆောင်ပေးသင့်ပါတယ်။

- မြေဆွေးကြွယ်ဝတဲ့မြေမှာ စိုက်ခဲ့တာမို့ ဓာတ်မြေဩဇာကို ထွေထွေထူးထူး ထည့်ပေးစရာမလိုပါဘူးဗျ။ 

- တာချီလန်မှာ အဓိကကျရောက်တတ်တဲ့ ပိုးမွှားနဲ့ ရောဂါတွေကတော့ ပျများ၊ ခရု၊ ပက်ကျိ၊ ရွက်စားခူကောင်များ၊ ရွက်ထွင်းဂျပိုးနဲ့ အဝါရောင်အစက်အပျောက်ရောဂါ၊ ဖားဥမှိုရောဂါတို့ ကျရောက်တတ်ပါတယ်။

ခူးဆွတ်ရိတ်သိမ်းခြင်း

- မျိုးအပေါ်မူတည်ပြီး ရိတ်သိမ်းချိန် အနည်းငယ်ကွာခြားနိုင်ပါတယ်။ တချို့သောမျိုးတွေက စိုက်ပြီးရက် ( ၃၀) မှာ ခူးဆွတ်လို့ရသလို မျိုးအများစုကတော့ စိုက်ပြီးရက် ( ၅၀-၇၀) အတွင်း ခူးဆွတ်နိုင်ပါတယ်။

- တာချီလန်က အရွက်၊ အရိုး၊ အဖူးအပွင့် အကုန်စားလို့ရတာမို့ အပင်ခြေကနေ ဖြတ်ယူလို့ရသလို အပင်အပေါ်ပိုင်းတစ်ဝက်လောက်ပဲ ဖြတ်ယူမယ်ဆိုရင်တော့ တစ်ရာသီလုံး ခူးစားလို့ရနေမှာပါဗျ။

Ref; https://homeguides.sfgate.com/grow-choy-sum-38321.html

https://www.evergreenseeds.com/choy-sum/

2
မအေးမ

မအေးမ

လွန်ခဲ့သော ၁ နှစ် က

မိုးတွင်စိုက်လို့ရလာရှင်

pann

pann

လွန်ခဲ့သော ၃ နှစ် က

ကိုက်လန်ပင်ရဲ့အမည်အမျိုးအစားလေးပြောပြပေးပါရှင့်

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 1 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

ငွေတိုးစပါးသက်၂လကေျာ်ပီ လက်သဲစောင်းပေါင်းသတ်ဆေးဖျန်းလို့ရသလားခင်ဗျ ေဖြကြားပေးကြပါဦးဆရာများခင်ဗျာ။

yan Naing Htwe • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။