ပြောင်းလဲလာတဲ့ရာသီဥတုဒဏ်ကို လိုက်လျောညီထွေဖြစ်ဖို့ ဘယ်လိုစိုက်ပျိုးမလဲ?

28/08/2019 09:00 AM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

(၁) ကြံမျိုးအလိုက် မိုးခေါင်ဒဏ်ခံနိုင်ရည်ကွာခြားမှုရှိသဖြင့် ဒေသတစ်ခုတွင် ကြံမျိုးတစ်မျိုးတည်း စိုက်ပျိုးခြင်းထက် သင့်တော်သောကြံမျိုး သုံးလေးမျိုး စိုက်ပျိုးသင့်သည်။

(၂) အပင်ကြီးထွားမှုကို လှုံ့ဆော်ပေးသော ဟော်မုန်းနှင့်ဓာတုဆေးများကို ပက်ဖြန်းပေးခြင်းဖြင့် မိုးခေါင်မှုဒဏ်ကို ခံနိုင်ရည်ရှိစေပါသည်။ အီသဖွန် (Ethe phone) ကို နှုန်းထားနိမ့်နိမ့် (100 ppm) ပက်ဖျန်းပေးခြင်း၊ Ethe phone ရည်တွင် မျိုးကြံကို စိမ်စိုက်ပျိုးခြင်းဖြင့် အပင်ငယ်စဉ်တွင် မိုးခေါင်ဒဏ်ကိုခံနိုင်ရည်ရှိစေပါသည်။

(၃) ခြောက်သွေ့ချိန်တွင် ရေမပေးသွင်းနိုင်ပါက ၂ ဒသမ ၅ ရာခိုင်နှုန်း N: P: K ရွက်ဖျန်းမြေသြဇာအရည်ကို တစ်လတစ်ကြိမ် ပက်ဖြန်းပေးသင့်သည်။

(၄) လမိုင်းခင်းများသည် အမြစ်တိမ်၍ မိုးခေါင်ခြောက်သွေ့မှုကို ခံနိုင်ရည်နည်းသဖြင့် လမိုင်းခင်းကို အချိန်မီ စနစ်တကျပြုပြင်ခြင်း၊ အစိုဓာတ်ထိန်းနိုင်ရန် မီးမရှို့ဘဲ လမိုင်းပြုပြင်ခြင်း၊ ရွက်ခြောက်များ ဖုံးခြင်းတို့ကို ဆောင်ရွက်သင့်သည်။

(၅) စိုက်မြောင်းတူးပြီး စိုက်စနစ်ကျင့်သုံးခြင်း၊ အတန်းစိပ်စိပ်စိုက်ခြင်းနှင့် စောစောစိုက်ခြင်းတို့သည် ကြံပင်ပွားထွက်ချိန်တွင် မိုးခေါင်မှုဒဏ်ကို ခံနိုင်ရည်အားကောင်းမွန်စေနိုင်ပါသည်။

(၆) မြေအစိုဓာတ်ဆုံရှုံးမှုနည်းစနစ်ဖြင့် ပေါင်းရှင်းနိုင်သည့် ထွန်ခြစ်ကဲ့သို့ ပေါင်းနှိမ်ကိရိယာများကို အသုံးပြုသင့်ပါသည်။

(၇) ရာသီဥတုဖောက်ပြန်မှုကြောင့် ပိုးမွှားရောဂါကျရောက်မှု များပြားလာနိုင်သဖြင့် ကင်းထောက်စနစ်ဖြင့်စစ်ဆေးမှုကို ပုံမှန်ဆောင်ရွက်သွားရန် လိုအပ်ပါသည်။ စီးပွားရေးကို ထိခိုက်စေနိုင်သော ဖျက်ဆီးမှုအဆင့်ကို မရောက်ရှိမီ ကာကွယ်နှိမ်နင်းမှုကို ပုံမှန်ဆောင်ရွက်သွားသင့်ပါသည်။

(၈) ကြံပင်ပွားကာလတွင် သွင်းရေမရှိပါက ကြံအထွက်နှုန်းကျဆင်းစေနိုင်သော အခက်အခဲကို ကျော်လွှားနိုင်ရန် ပုံမှန်ကြံစိုက်ချိန်တွင် မစိုက်ပျိုးဘဲ မိုးဦးကျတွင် စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် ခုတ်သိမ်းနိုင်သော သက်လျင်ကြံမျိုးများကို ရှာဖွေထုတ်လုပ်နိုင်အောင် ဆောင်ရွက်သွားသင့်သည်။

(၉) ရာသီဥတုပြောင်းလဲမှုကို ခုခံနိုင်စွမ်းရှိသော ကြံမျိုးများ စိုက်ပျိုးပြုစုနည်းစနစ်များကို ဖော်ထုတ်သွားနိုင်ရန်အတွက် ကြံသုတေသနလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာစေရန် တိုးချဲ့ဆောင်ရွက်သွားသင့်ပါသည်. 

ညိုညိုအောင်(သကြားထွက်သီးနှံ ဌာနခွဲ)

လယ်ယာစီးပွား ဂျာနယ်မှ ကူးယူဖော်ပြပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်