စျေးကောင်းရတဲ့ သစ်မွှေးပင်တစ်ပင်ရရှိဖို့ အစေ့ကနေဘယ်လိုပျိုးမလဲ

30/09/2020 15:00 PM တွင် မဆုမြတ်ခင် မဆုမြတ်ခင် မှ ရေးသား

    အရင်ဆုံး သစ်မွှေးဆိုတာဘာလဲ ဆိုတဲ့အကြောင်းကို မသိသေးတဲ့သူတွေအတွက် နည်းနည်း ပြောပြပေးချင်ပါတယ်။ သစ်မွှေးကိုတော့ အင်္ဂလိပ်နာမည် အားဖြင့် Agarwood ရယ်လို့ ခေါ်ဝေါ်ကြပါတယ်။ မြန်မာလိုကတော့ အကျော်ပင်၊ သစ်မွှေးပင်ရယ်လို့ ခေါ်ဝေါ်ကြပါတယ်။ သူ့ကိုတော့ အမွှေးနံ့သာထုတ်လုပ်တဲ့ နေရာတွေ၊ ဆေးဝါးလုပ်ငန်းတွေမှာ အသုံးပြုကြပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း အခုနောက်ပိုင်း သေချာစိုက်ပျိုးလာကြတာတွေ့ရတဲ့အတွက် သစ်မွှေးနဲ့ပတ်သက်ပြီး ကိုယ်တိုင်မျိုးညှောင့်ဖောက်နည်းလေးကို ဖော်ပြလိုက်ရပါတယ်။ 

    မျိုးညှောင့်ဖောက်ဖို့နည်းလမ်းတွေကတော့ များစွာရှိပါတယ်။ အခုဖော်ပြတဲ့နည်းကတော့ အလွယ်ဆုံးနဲ့ အဆင်အပြေဆုံးဖြစ်မယ်လို့ ထင်ပါတယ်။ သစ်မွှေးအစေ့တွေကိုဆိုရင် ရေခဲသေတ္တာထဲမှာ ၂ လလောက်ထိကြာအောင်  သိမ်းထားနိုင်ပါတယ်။ ပိုကောင်းတဲ့ သစ်မွှေးမျိုးရဖို့အတွက် သက်တမ်းရင့်တဲ့အပင်ကနေ မျိုးစေ့ယူရပါမယ်။ သက်တမ်းရင့်တဲ့ အပင်ကနေရတဲ့ မျိုးစေ့တွေဟာ အခြားအပင်ကရတာထက် ပိုပြီးလည်း ကြီးပါတယ်။ အရည်အသွေးလည်း ကောင်းပါတယ်။ ပြီးရင်တော့ ရလာတဲ့မျိုးစေ့တွေကို ၃ နာရီကနေ ၄ နာရီကြာ မှိုသတ်ဆေးတစ်မျိုးမျိုးနဲ့ စိမ်ထားပေးရပါမယ်။ ဘာလို့ဆို ရောဂါတွေ မဝင်ဖို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ Seed Treatment လုပ်ပေးတာပဲ ဖြစ်ပါတယ်။ အခုလိုစိမ်ပေးတာက မျိုးစေ့ပေါက်နှုန်းကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ မြေအောင်းရောဂါတွေ၊ မျိုးစေ့ရောဂါတွေနဲ့ အခြားသော ပျိုးနေစဉ်မှာ ဝင်ရောက်လာနိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

    မျိုးစေ့ပျိုးဖို့အတွက်ကတော့ ပျိုးခွက်တွေ ပျိုးအိတ်တွေ အသုံးပြုပေးနိုင်ပါတယ်။ ပျိုးခွက်ထဲကို မြေကြီးနဲ့ မြေဆွေးတွေထည့်ပေးပြီး ပုံမှန်လုပ်နေကြအတိုင်းပဲ ပျိုးနိုင်ပါတယ်။ ဒါပေမယ့် တစ်ချိန်လုံး အစိုဓာတ်ရှိနေဖို့တော့ လိုအပ်ပါတယ်။ အရမ်းကြီးစိုစွတ်နေတာမျိုးကို ဆိုလိုချင်တာတော့ မဟုတ်ပါဘူး။ စပျိုးတော့မယ်ဆိုရင်တော့

  • အစေ့ရဲ့ ငမန်းကျောရိုးအဖုလို ချွန်ထွက်နေတဲ့အပိုင်းကို အပေါ်ဘက်ကနေထားပြီး ပျိုးပေးရမှာဖြစ်ပါတယ်။ (ပုံထဲမှာ ကြည့်နိုင်ပါတယ်)
  • ပျိုးတဲ့အခါ အဲ့ချွန်နေတဲ့အပိုင်းလေးကို အပေါ်ဘက်ထားပြီး ပျိုးပေးရမှာဖြစ်ပါတယ်။
  • (၉) ရက်မြောက်နေ့မှာတော့ အစေ့က စပြီးအက်ကွဲလာပြီး taproot လို့ခေါ်တဲ့ အမြစ်စထွက်လာမှာ ဖြစ်ပါတယ်။
  • သိပ်မကြာခင်မှာပဲ အဲ့အမြစ်ဟာ တဖြည်းဖြည်း ရှည်ထွက်လာမှာဖြစ်ပြီး မြေကြီးထဲကို အနက် ၂.၅ စင်တီမီတာ ထိုးဆင်းသွားမှာ ဖြစ်ပါတယ်။
  • နောက်ထပ် (၁၂) ရက်လောက်မှာတော့ မြေကြီးပေါ်ကို အညှောင့်စထွက်လာမှာဖြစ်ပါတယ်။
  • (၁၂) ရက်ကနေ (၁၉) ရက်လောက်အတွင်းမှာ အညှောင့်တွေက တဖြည်းဖြည်း မြေကြီးပေါ်ကို ရှည်ထွက်လာမှာဖြစ်ပြီး ရင့်လာမှာဖြစ်ပါတယ်။
  • ရက် (၂၀) လောက်ရောက်ပြီဆိုရင်တော့ ပျိုးပင်အဆင့်ကိုရောက်ပြီ ဖြစ်ပါတယ်။ အမြစ်တွေဟာလည်း ပိုမိုရှည်ထွက်လာပြီဖြစ်တာမို့ ပျိုးအိတ်အကြီးထဲကို ပြောင်းရွှေ့စိုက်ပေးရမှာ ဖြစ်ပါတယ်။ 

မျိုးစေ့စုဆောင်းခြင်းကို အလုပ်သင့်ဆုံးအချိန်တွေကတော့ 

  • ဧပရယ်လ မှ မေလအတွင်း၊
  • ဂျူလိုင်လ မှ ဩဂုတ်လ ပထမပတ်အတွင်းနှင့်
  • နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း ပြုလုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် နိုဝင်ဘာမှ ဒီဇင်ဘာလအတွင်း စုဆောင်းတာဟာ တစ်ခါတစ်လေမှာ အဆင်မပြေတတ်ပါဘူး။ ဒါကြောင့် အပေါ်မှာ ပြောထားတဲ့ မိုးကာလတွေအတွင်းမှာ စုဆောင်းတာကိုတော့ ပိုပြီးထောက်ခံချင်ပါတယ်။ ။

အားလုံးပဲ အဆင်ပြေကြပါစေရှင့်။

Reference

https://oudvietnam.com/how-to-germinate-agarwood-seeds/

https://gaharujinkou.com/2015/11/14/how-to-germinate-gaharu-seeds/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်