အိမ်တွင်းစိုက် သစ်ပင်လေးများ

15/01/2018 11:29 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အပင်လေးတွေကို စိုက်ပျိုးရတာ ဝါသနာပါတဲ့လူတိုင်းဟာ ကိုယ်အိမ်တွင်းထဲမှာရော အလှစိုက် သစ်ပင်လေးတွေကို စိုက်ပျိုးကြလေ့ရှိကြပါတယ်။ အိမ်တွင်းစိုက် သစ်ပင်လေးတွေထဲ လူသိများပြီး ထင်ရှားတဲ့ အပင်လေး ၇ ပင် ရွေးပေးလိုက်ပါတယ်။ အပင်ငယ်တွေလိုပဲ သူတို့ရဲ့ လှပတဲ့အရွက်တွေနဲ့ ခန့်ညားဆွဲဆောင်မှုရှိတဲ့ အခက်အလက်တွေကြောင့် လူကြိုက်များတာပါ။ အပင်သေးလို့ အလှအပတစ်ခုတည်းမဟုတ်ဘဲ အိမ်တွင်းလေထုအတွက်ရော ခန့်ညားထယ်ဝါမှုပါ ပေးနိုင်တဲ့ အပင်ကြီးပုံစံပါ။

၁။ Schefflera tree (ထီးပင္)

Schefflera tree ကို (umbrella tree) လို့လည်း သိကြပါတယ်။ သူရဲ့ပြောင်ချောမွတ်တဲ့ မျက်နှာပြင်ရှိတဲ့ အရွက်ဖားဖားကြီးတွေကြောင့် အပူပိုင်းဒေသရဲ့ သစ်ပင်အလှကို အပြည့်အဝဖော်ပြနိုင်ပါတယ်။

နေ - အလယ်အလတ်ကနေ တောက်ပတဲ့နေရောင်ကို ကြိုက်ပါတယ်။

ရေ - အမြဲ မြေသားစိုစွတ်နေပါစေ။ မြေခြောက်တာနဲ့ ရေလောင်းပါ။ ရေ စပရေးဘူးလေးနဲ့လည်း အရွက်တွေကို ဖျန်းနိုင်ပါတယ်။

အပူချိန် - အခန်းအပူချိန် ၆၀ ဒီဂရီဖာရင်ဟိုက်ကနေ ၇၅ ဒီဂရီဖာရင်ဟိုက်အတွင်းကို ကြိုက်ပါတယ်။

အမြင့် - သဘာဝမှာ ၈ ပေအထိမြင့်ပြီး ၆ ပေလောက်အထိ အရွက်တွေပြန့်ကားနိုင်ပါတယ်။

၂။ Fiddle leaf fig tree (ဖစ်ဒယ်လိ(ဖ)) သဖန်းပင်

Fiddle leaf fig tree ကို လူကြိုက်များတဲ့ အိမ်တွင်းစိုက်သစ်ပင်ဖြစ်ပါတယ်။ အရွက်နဲ့အပင်ပုံသဏ္ဍန် ကတော်တော်လေးလှပြီး ဂရုသိပ်စိုက်စရာမလိုတဲ့အပင်မို့ပါ။

နေ - အလယ်အလတ်ကနေ တောက်ပတဲ့နေရောင်ကိုကြိုက်ပါတယ်။

ရေ - အမြဲအပေါ်ယံ မြေခြောက်တာနဲ့ ရေမှန်မှန်လောင်းပါ။ ရေစပရေးဘူးလေးနဲ့လည်း အရွက်တွေကို ဖျန်းနိုင်ပါတယ်။

အပူချိန် - အခန်းအပူချိန် ၆၅ ဒီဂရီဖာရင်ဟိုက်ကနေ ၇၅ ဒီဂရီဖာရင်ဟိုက်အတွင်းကို ကြိုက်ပါတယ်။

အမြင့် - သဘာဝမှာ ၁၅ ပေအထိမြင့်ပြီး ၅ ပေလောက်အထိ အခက်အရွက်တွေပြန့်ကားနိုင်ပါတယ်

 

၃။ dragon tree (ဒရက်ကွန်ထရီး) မာဒါဂက်စ်ကာသစ်ပင်

dragon tree ကို mandagascar tree လို့လည်းခေါ်ကြပါတယ်။ ပုံသဏ္ဍန်ဆန်းဆန်းမို့ လူကြိုက်တဲ့အပင်ပါ။ ခေတ်ဆန်ဆန်ပြင်ထားတဲ့ အဆောက်အဦး အိမ်ခန်းတွေနဲ့လိုက်ဖက်ပါတယ်။ သိပါဂရုမစိုက်လည်း ရတဲ့အပင်ပါ။

နေ - အလယ်အလတ်ကနေ တောက်ပတဲ့နေရောင်ကိုကြိုက်ပါတယ်။ ဒါပေမယ့်တိုက်ရိုက်နေရောင်တော့ မကြိုက်တက်ပါဘူး။

ရေ - အမြဲမြေသားစိုစွတ်နေပါစေ။ မြေခြောက်တာနဲ့ ရေလောင်းပါ။ ရေစပရေးဘူးလေးနဲ့လည်း အရွက်တွေကို ဖျန်းနိုင်ပါတယ်။

အပူချိန် - အခန်းအပူချိန် ၆၅ ဒီဂရီဖာရင်ဟိုက်ကနေ ၇၅ ဒီဂရီဖာရင်ဟိုက်အတွင်းကို ကြိုက်ပါတယ်။

အမြင့် - သဘာဝမှာ ၁၀ ပေအထိမြင့်နိုင်ပါတယ်။

၄။ Rubber tree (ရာဘာပင္)

ရာဘာ (Rubber tree) ကို တိုတိုဖြစ်အောင် အကိုင်းအခတ်တွေ အမြဲဖြတ်ညှိပေးပါ။ အုံထူထူခြုံပုတ် လေးဖြစ်အောင် လုပ်ထားရင်လှပါတယ်။ ဒီအတိုင်းခပ်မြင့်မြင့် ဖြစ်လာအောင်ထားလည်း တစ်မျိုးကြည့်ကောင်းပါတယ်။ သူ့အရွက်ပြောင်ပြောင်လေးတွေကြောင့် အခန်းကိုပဒေသာဖြစ်စေမှာ မလွဲပါဘူး။

နေ - အလယ်အလတ်ကနေ တောက်ပတဲ့နေရောင်ကိုကြိုက်ပါတယ်။ ဒါပေမယ့်တိုက်ရိုက်နေရောင်တော့ မကြိုက်တက်ပါဘူး။

ရေ - အမြဲမြေသားစိုစွတ်နေပါစေ။ မြေခြောက်တာနဲ့ ရေလောင်းပါ။ ရေစပရေးဘူးလေးနဲ့လည်း အရွက်တွေကို ဖျန်းနိုင်ပါတယ်။

အပူချိန် - အခန်းအပူချိန် ၆၀ ဒီဂရီဖာရင်ဟိုက်ကနေ ၈၀ ဒီဂရီဖာရင်ဟိုက်အတွင်းကို ကြိုက်ပါတယ်။

အမြင့် - သဘာဝမှာ ၈ ပေအထိမြင့်ပြီး ၄ ပေအထိကျယ်နိုင်ပါတယ်။

၅။ Nvorfolk pine tree (နော့ဖေါ့ ထင်းရူးပင်)

ဒါကတော့ Nvorfolk pine tree (နော့ဖေါ့ ထင်းရူးပင်)ဖြစ်ပါတယ်။ သူ့ကိုတော့ ခရစ်စမက်ကာလမှာ ပေါ်ပြူလာအဖြစ်ဆုံးဆိုတာ သိကြမှာပါ။ ဒါပေမယ့် အိမ်တွင်းသစ်ပင်အဖြစ် တစ်နှစ်ပတ်လုံးထားနိုင်ပါ တယ်။

နေ - အလယ်အလတ်က နေ တောက်ပတဲ့နေရောင် ကိုကြိုက်ပါတယ်။

ရေ - အမြဲမြေသားစိုစွတ်နေပါစေ။ မြေခြောက်တာနဲ့ ရေလောင်းပါ။ ဒါပေမယ့် ဗွက်အိုင်လောက်တဲ့အထိ မဖြစ်ပါစေနဲ့။ ရေစပရေးဘူးလေးနဲ့လည်း အရွက်တွေကို ဖျန်းနိုင်ပါတယ်။

အပူချိန် - အခန်းအပူချိန် ၅၀ ကနေ ၇၀ ဒီဂရီဖာရင်ဟိုက်အတွင်းကို ကြိုက်ပါတယ်။

အမြင့် - သဘာဝမှာ ၁၀ ပေအထိ မြင့်နိုင်ပါတယ်။

၆။ Lemon tree (လီမွန်ထရီး) သံပရိုပင်

သံပုယိုပင်ကို လှပပြီး ရနံ့မွှေးတဲ့အပွင့်အတွက်ရော၊ အရသာရှိတဲ့ အသီးအတွက်ရော တစ်နှစ်ပတ်လုံး အတွက် စိုက်နိုင်ပါတယ်။

နေ - အလယ်အလတ်က နေ တောက်ပတဲ့နေရောင်ကိုကြိုက်ပါတယ်။

ရေ - အမြဲမြေသားစိုစွတ်နေပါစေ။ မြေခြောက်တာနဲ့ ရေလောင်းပါ။ ဒါပေမယ့် အိုင်ကျလောက်တဲ့အထိ မဖြစ်ပါစေနဲ့။ ရေစပရေးဘူးလေးနဲ့လည်း အရွက်တွေကို ဖျန်းနိုင်ပါတယ်။

အပူချိန် - အခန်းအပူချိန် ၅၅ ဒီဂရီဖာရင်ဟိုက်ကနေ ကနေ ၈၅ ဒီဂရီဖာရင်ဟိုက်အတွင်းကို ကြိုက်ပါတယ်။

အမြင့် - သဘာဝမှာ ၈ ပေအထိ မြင့်နိုင်ပါတယ်။

၇။ Guinea chestnut (ချက်စ်နပ်စ်ပင်) မန်းနီးထရီး/ လက်ကီးပင်

ဒီ ချက်စ်နပ်စ်ပင်ကို လက်ကီးပင်အဖြစ် မြန်မာပြည်မှာ သက်မှတ်ပြီး စိုက်ကြပါသည်။ ပုံထဲကလို ပင်စည်ကို ကျစ်ဆံမြီးကျစ် အလှဆင်နိုင်ပါတယ်။ အိမ်ခန်းအတွက် ဆွဲဆောင်မှုပေးတဲ့ အလှရနိုင်မယ့် အိမ်တွင်းအလှစိုက်အပင် အစစ်အမှန်ပါ။

နေ - အလယ်အလတ်က နေတောက်ပတဲ့ နေရောင်ကိုကြိုက်ပါတယ်။

ရေ - အမြဲမြေသားစိုစွတ်နေပါစေ။ ရေကြိုက်ပင်ဖြစ်တာကြောင့် နေ့စဉ် ရေရွှဲအောင် လောင်းပါ။ စပရေးဘူးလေးနဲ့လည်း အရွက်တွေကို ဖျန်းနိုင်ပါတယ်။

အပူချိန် - အခန်းအပူချိန် ၅၅ ဒီဂရီဖာရင်ဟိုက်ကနေ ကနေ ၈၅ ဒီဂရီဖာရင်ဟိုက်အတွင်းကို ကြိုက်ပါတယ်။

အမြင့် - သဘာဝမှာ ၁၀ ပေအထိ မြင့်နိုင်ပါတယ်။

 

 

 

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်