တစ်နိုင်တပိုင် ဝက်မွေးမြူရေးခြံများအတွက် သိသင့်သိထိုက်တဲ့အချက်များ

30/03/2020 11:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    တစ်နိုင်တပိုင် ဝက်မွေးမြူရေးစတင်တော့မယ်ဆိုရင် သိသင့်သိထိုက်တဲ့အချက်အလက်တွေ ရှိပါတယ်။ ဒီအချက်တွေထဲက အချက်တချို့ကို ရေးသားဖော်ပြပေးလိုက်ပါတယ်။

    ပထမဦးဆုံးအနေနဲ့ သိရမှာကတော့ ဘယ်လိုဝက်အမျိုးအစားကို ဝယ်ယူသင့်လဲ ဆိုတာပဲ ဖြစ်ပါတယ်။

(၁) ဝက်မျိုး ဘယ်လိုရွေးချယ် ဝယ်ယူသင့်လဲ 

• မွေးမြူရေးလုပ်ကိုင်မယ့်ဒေသနဲ့ သင့်တော်တဲ့ ဝက်အမျိုးအစားကို ရရှိရန်

• အရည်အသွေးကောင်းမွန်တဲ့ ဝက်အမျိုးအစားကို ရရှိရန်

• ကိုယ်အလေးအချိန်၊ ကြီးထွားနှုန်းကောင်းမွန်တဲ့ ဝက်အမျိုးအစားကို ရရှိရန်

• ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိပြီး၊ အသက်ရှင်နိုင်စွမ်းများတဲ့ ဝက်မျိုးကို ရရှိရန်

• စျေးကွက်တွင်းမှာ အလွယ်တကူ ဝယ်ယူနိုင်တဲ့ ဝက်အမျိုးအစားကို ရရှိရန်

• စားသုံးသူလိုလားမှုရှိပြီး၊ ရောင်းချဖို့လွယ်ကူတဲ့ ဝက်အမျိုးအစားကို ရရှိရန်

ဝက်မွေးမြူရေး လုပ်ကိုင်မယ့်သူတိုင်း လေ့လာသိထားသင့်တဲ့ နောက်တစ်ချက်ကတော့ ဘယ်လိုမျိုးနည်းစနစ်တွေနဲ့ ဝက်မွေးမြူနေကြသလဲဆိုတာ ဖြစ်ပါတယ်။

(၂) ဝက်မွေးမြူပုံ နည်းစနစ်တွေက ဘာတွေလဲ

• အိမ်ခြံစနစ်နဲ့ ဝက်မွေးမြူခြင်း

• ဝက်လှောင်အိမ်၊ ဝက်ခြံတည်ဆောက်ပြီး ဝက်မွေးမြူခြင်း

• လွှတ်ကျောင်းစနစ်နဲ့ ဝက်မွေးမြူခြင်း

    ကိုယ်ဒေသနဲ့သင့်တော်တဲ့ ဝက်အမျိုးအစားကိုလည်း သိပြီ။ မွေးမြူရမယ့် နည်းစနစ်တွေကိုလည်း လေ့လာပြီးပြီဆိုရင်တော့၊ ကိုယ်မွေးမြူမယ့် ဝက်အကောင်ရေပေါ် မူတည်ပြီး ခြံအကျယ်အဝန်း ဘယ်လောက်လိုအပ်သလဲ သိရမှာ ဖြစ်ပါတယ်။

(၃) ဧရိယာအကျယ်အဝန်း ဘယ်လောက်လိုအပ်သလဲ

• ဝက်ကြီးတစ်ကောင်အတွက် - ၂၀ စတုရန်းပေ

• တက်လတ်တစ်ကောင်အတွက် - ၁၆ စတုရန်းပေ

• ဝက်ငယ်တစ်ကောင်အတွက် - ၁၀ စတုရန်းပေ

• သားခွဲဝက်ငယ် (၁၆) ကောင်အတွက် - ၆၀ စတုရန်းပေ

• ဝက်မ နဲ့ ဝက်သားငယ် (၁၀)ကောင် အတွက် - ၁၀၀/၁၆၀ စတုရန်းပေ

    အထက်ပါ အချက်အလက်တွေကို သိရှိပြီဆိုရင်တော့ ဝက်စတင်မွေးမြူဖို့ အတွက် အဆင်သင့်ဖြစ်သလောက် ရှိသွားပါပြီ။ နောက်ထပ်လေ့လာ သိထားရမှာတွေကတော့ ဝက်ကျန်းမာရေး စောင့်ရှောက်ပုံတွေနဲ့ နေ့စဉ်ပြုစုထိန်းသိမ်းရတဲ့ စနစ်တွေ ဖြစ်ပါတယ်။ တစ်နိုင်တပိုင် ဝက်မွေးမြူရင်း စီးပွားဖြစ်ထွန်းကြပါစေ။

နန်းထက်ထက်ချစ်(ABM)

(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)


Marlarmyaing Public Company Limited ကြော်ငြာ
ပဲခင်းထဲ ပဲမများဘဲ ပေါင်းများနေရင်တော့မဟုတ်သေးဘူးလေ။ ပေါင်းရှင်းရင်လည်း ရှင်းနည်းကလည်းမှန်ဖို့လိုသေးတယ်ဗျာ။ ပဲမျိုးစုံ၊ပဲပုတ်၊ပဲတီစိမ်း၊မတ်ပဲ၊ကုလားပဲ၊ပဲလွန်းဖြူ၊မြေထောက်ပဲတွေမှာ ကျရောက်တဲ့ တစ်နှစ်ခံနှင့်နှစ်ရှည် မြက်တွေကို သီးနှံစိုက်ပြီး (၁၀-၂၀) ရက် (သို့) ပေါင်းအရွက် (၂-၃)ထွက်ချိန်အတွင်း အမ်ကွင်း (Quizalofop-p-ethyl 10%EC) ကို အသုံးပြုနိုင်ပါတယ်။ ရွက်ပြန့်ပေါင်းတွေအတွက်ဆိုရင်တော့ သီးနှံစိုက်ပြီး (၁၄-၂၈) ရက် (သို့) ပေါင်းအရွက် (၂-၄)ထွက်ချိန် အမ်ကင်း (Fomesafen 25%SL) ကို ပက်ဖျန်းနိုင်ပါတယ်ဗျာ။ ပေါင်းသတ်ဆေး အာနိသင် ထိရောက်စေဖို့ 📌နေပြင်းချိန်မှာ ဆေးမဖျန်းဖို့ သတိပြုရပါမယ်။ 📌ဖော်ပြထားတဲ့ ဆေးညွှန်းနှုန်းထားအတိုင်းသာ အသုံးပြုပေးရပါမယ်။ မာလာမြိုင်ကတော့ တောင်သူတိုင်းပဲများနိုင်အောင် နည်းမှန်လမ်းမှန်တွေညွှန်းပေးလိုက်ပါပြီ။ တောင်သူတွေဘက်ကလည်း မှန်မှန်ကန်ကန်လိုက်နာမယ်ဆို ပဲများဝေဆာပြီး လူကြားထဲ မျက်နှာပန်းလှနေမှာပဲဗျို့။ Hotline ဖုန်းနံပါတ်☎️𝟬𝟵 𝟳𝟵𝟵 𝟵𝟵𝟯 𝟯𝟮𝟮 မှာ အသေးစိတ်မေးမြန်းနိုင်ပါတယ်
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်