ပေါင်းသတ်ဆေးများအကြောင်း သိကောင်းစရာ
ဦးကြီးတို့ မင်္ဂလာပါဗျ။
ဦးကြီးတို့ရဲ့ ယာခင်းတွေထဲမှာ ပေါင်းတွေမနိုင်လို့ ပေါင်းသတ်ဆေးများ သုံးဖူးကြပါ သလား?။ သုံးဖူးသည်ပဲဖြစ်ဖြစ်၊ မသုံးဖူးသည်ပဲဖြစ်ဖြစ် ပေါင်းသတ်ဆေးအကြောင်း ဗဟုသုတ အနေနှင့် ဆက်လေ့လာကြရအောင်။
ပေါင်းသတ်ဆေးဆိုသည်မှာ အပင်များ၏ အဓိကမရှိမဖြစ်လိုအပ်သော အစာချက်လုပ် ခြင်းလုပ်ငန်းကို နှောင့်ယှက်၍ အပင်များကို သေစေခြင်း သို့မဟုတ် အပင်များအသက်ဆက် လက်မရှင်သန်စေရန် ဖိနှိပ်ထားခြင်း ဖြစ်ပါသည်။ ပေါင်းသတ်ဆေးများသည် ပေါင်းပင်များ ကို အလွယ်တကူ အချိန်တိုအတွင်း နှိမ်နင်းပေးနိုင်သော်လည်း သဘာဝပတ်ဝန်းကျင်နှင့် လူသားအပါအဝင် အခြားတိရစ္ဆာန်များ၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ပါသည်။ ထို့အပြင် စိုက်ပျိုးမြေများကိုလည်း ပျက်စီးစေပါသည်။ သုတေသနစာတမ်းများအရ ပေါင်းသတ်ဆေးများ အသုံးပြုလိုက်သောအခါ စိုက်ပျိုးမြေများ၏
-
၆၃% မှာ အဏုဇီဝသက်ရှိများ ပါဝင်မှုလျော့နည်းလာခြင်း
-
၈၂%မှာ မြေညံ့များ ဖြစ်လာခြင်း
-
၈၀%မှာ မြေအစိုဓာတ်ထိန်းနိုင်စွမ်းအားကျလာခြင်း
-
၈၅%မှာ မြေဆွေးဓာတ်ဟုခေါ်သော Organic Matterပါဝင်မှု လျော့နည်းလာခြင်းများ ဖြစ်ပေါ်လာပါသည်။
ပေါင်းသတ်ဆေးများ သုံးစွဲခြင်းကြောင့် လူ၊ တိရစ္ဆာန်နှင့် ငါးများ အဆိပ်သင့်မှုသည် ၉၈% အထိရှိနိုင်ပါသည်။ မြစ်ချောင်းများနှင့် မြေအောက်ရေများမှာ ပေါင်းသတ်ဆေးအဆိပ်သင့်ခြင်းသည် ၅၆%ရှိနေပြီး သစ်ပင်၊ ခြုံနွယ်များ လျော့နည်းသွားခြင်းကြောင့် ကျေးငှက်များ လျော့နည်းသွားခြင်းသည် ၈၃% ရှိနေပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၀၄ခုနှစ်တွင် ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးများ၊ မှိုသတ်ဆေးများတွင် သုံးသော ကလိုရိုဖီနော (Chlorophenols) များသည် ကင်ဆာဖြစ်စေနိုင်သော ပစ္စည်းများ၊ လူတွေ၊ အပင်တွေ၏ ဗီဇကို ပြောင်းလဲစေနိုင်သော ပစ္စည်းများဟု ထုတ်ပြန်ကြေငြာခဲ့ပါသည်။ ပေါင်းသတ်ဆေးများသည် ဓာတုဖွဲ့စည်းမှု ခိုင်မြဲလွန်းပြီး သဘာဝအတိုင်း ပြိုကွဲရန်မလွယ်ကူသောကြောင့် မြေနှင့်ရေတွင် အချိန်ကြာမြင့်စွာတည်ရှိနိုင်သောကြောင့် လူသားများ၏ ကျန်းမာရေးကိုများစွာ ထိခိုက်နိုင်ပါသည်။
မြေကြီးထဲရှိပေါင်းသတ်ဆေးများကို ဘယ်လိုချေဖျက်နိုင်မလဲ?
ပေါင်းသတ်ဆေးများကို သဘာဝအတိုင်းခြေဖျက်နိုင်ရန် မိုးရေနှင့် ဆေးချနိုင်ပါသည်။ သို့သော်လည်း ပမာဏအလွန်နည်းပါသည်။ ထို့အပြင် အပင်များ၏ အမြစ်ဇုံတွင် မှီခိုမှုမရှိဘဲ လွတ်လွတ်လပ်လပ်နေလေ့ရှိသော ဘက်တီးရီးယား ဆူဒိုမိုးနတ် ဖလူရိုရင်းဆင့် (Pseudomonas Fluorescens) များသည် မြေကြီးထဲရှိ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး အကြွင်းအကျန်များကို ချေဖျက်ပေးနိုင်ပါသည်။
ထို့ကြောင့် သြဂဲနစ်စိုက်ပျိုးရေးသမားများအတွက် မြန်မာနိုင်ငံတွင်လည်း ဆူဒိုမိုးနတ် ဖလူရိုရင်းဆင့်ကို ပျံလွှားဇီဝမှိုသတ်ဆေး(၁) အနေနှင့် ဝယ်ယူအသုံးပြုနိုင်ပါသည်။ ပျံလွှားဇီဝ မှိုသတ်ဆေးသည် သီးနှံပင်များတွင် ကျရောက်တတ်သော မြေဆောင်မှိုရောဂါများကို ဓာတုနည်းနှင့် မဟုတ်ဘဲ သက်ရှိဇီဝဘက်တီးရီးယားနှင့် ကာကွယ်နှိမ်နင်းသော ဆေးဖြစ်ပါသည်။
ပေါင်းသတ်ဆေးများကို စိုက်ပျိုးရေးတွင် ဘယ်လိုအသုံးပြုမလဲ?
(၁) ပေါင်းသတ်ဆေးများ ရွေးချယ်ရာတွင် မိမိစိုက်ထားသော သီးနှံ၊ ကျရောက်နေသော ပေါင်းအမျိုးအစားနှင့် အသင့်တော်ဆုံးပေါင်းသတ်ဆေးအမျိုးအစားကို ရွေးချယ်ပါ။ ပြိုကွဲမှုအလွယ်ကူဆုံး ပေါင်းသတ်ဆေးဖြစ်ရပါမည်။
(၂) ရွေးချယ်ထားသော ပေါင်းသတ်ဆေးကို အညွှန်းအတိုင်း စနစ်တကျ သုံးစွဲရပါမည်။
(၃) မြန်မာစာ အညွှန်းမပါသော ပေါင်းသတ်ဆေးများကို လုံးဝမသုံးပါနှင့်။
(၄) ပေါင်းသတ်ဆေးများ၏ မြေနှင့်ရေတွင် ဓာတ်အကြွင်းအကျန်အဖြစ် တည်ရှိနေနိုင်သော ကာလ၊ ပေးနိုင်သော အန္တရယ်များကိုလည်း နားလည်ရန် လိုအပ်ပါသည်။
ထို့ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူသားတို့၏ ကျန်းမာရေးကို ထိန်းသိမ်းစောင့် ရှောက်ရန် ပေါင်းသတ်ဆေးများကို လိုအပ်မှသာ အသုံးပြုရန် မေတ္တာရပ်ခံပါသည်။ အသုံးပြုလျှင်လည်း အညွှန်းအတိုင်း စနစ်တကျအသုံးပြကြရပါမည်။
ချမ်းသာဦး
Source- ဦးဇော်သန်း 70 B. Ag
သက်ခိုင်ထွန်း
လွန်ခဲ့သော ၃ နှစ် ကဘာဆေသုံးရင်ကောင်းမလဲ သဲမြေကို
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from မောင်ချမ်းသာဦး
အားလုံး
ဥယျာဥ်မှူးများအတွက် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်း
08/01/2021
မြေအောက်ရေထုတ်ယူသုံးစွဲမှု လျော့ချ၍ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစို့
23/12/2020
ကောက်ရိုးများကို မီးမရှို့ဘဲ အကျိုးရှိရှိအသုံးချနည်း
16/12/2020
ငှက်ပျောပင်သက်တမ်းတစ်လျှောက် လိုအပ်သောအာဟာရဓာတ်များ
03/12/2020
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုဆေးများအသုံးပြုမှု
18/11/2020