စပါးအထွက်နှုန်းကိုထိခိုက်စေနိုင်တဲ့ နှံစုပ်ကြမ်းပိုး (Rice earhead bug)
ဦးကြီးတို့ စပါးစိုက်တဲ့အခါ စပါးနှံအထွက်ကောင်းဖို့နဲ့ စပါးနှံအရည်အသွေးကောင်းဖို့က အရေးကြီးတယ်မဟုတ်လားဗျ။ အဲ့သလိုအရည်အသွေးကောင်းဖို့နဲ့ အထွက်နှုန်းကောင်းဖို့ဆိုရင်တော့ ပိုးမွှားတွေမဖျက်ဆီးခံရဖို့ အဓိကကျလာပါပြီ။ ဒါ့ကြောင့် အထွက်နှုန်းကိုထိခိုက်စေပြီး စပါးနှံထွက်ချိန်မှာ ကျရောက်ဖျက်ဆီးတဲ့ စပါးနှံစုပ်ကြမ်းပိုးအကြောင်းကို လေ့လာကြရအောင်လားဗျာ။
စပါးနှံစုပ်ကြမ်းပိုးဖျက်ဆီးခြင်းကြောင့် ဘယ်လိုတွေထိခိုက်စေမလဲ?
- စပါးခင်းထဲမှာ ကြမ်းပိုးအနံ့တွေရနေရင်တော့ သေချာပါပြီ ဦးကြီးတို့အခင်းထဲမှာ ဒီကောင်တွေရောက်နေပါပြီ။
- စပါးစေ့တွေ နို့ရည်တည်တဲ့အဆင့်မှာ စုပ်ယူစားသောက်ကြပါတယ်။
- ဒါ့ကြောင့် စပါးနှံတွေထောင်မတ်ပြီး စပါးစေ့တွေကတော့ အဖျင်းအမှော်တွေပဲဖြစ်လာပါတယ်။
- စုပ်စားခံရတဲ့နေရာတွေက အမည်းစက်တွေဖြစ်လာပါလိမ့်မယ်။
- စုပ်စားမှုများလာရင်တော့ စပါးနှံတစ်ခုလုံးဆုံးရှုံးနိုင်ပါတယ်။
- ပြင်းပြင်းထန်ထန်ကျရောက်ရင်တော့ အထွက်နှုန်းကို တစ်ဝက်လောက်အထိ ထိခိုက်နိုင်ပါတယ်ဗျ။
စပါးနှံစုပ်ကြမ်းပိုးဆိုတာ ဘယ်လိုလေးလဲ?
- ဘဲဥပုံစံ အညိုရောင်အပြားလေးတွေဟာ စပါးနှံစုပ်ကြမ်းပိုးရဲ့ ဥတွေပဲဖြစ်ပါတယ်ဗျ။
- ၎င်းဥတွေကို စပါးရွက်တွေရဲ့ အပေါ်မျက်နှာပြင်မှာ အတန်းလိုက် တွေ့ရတတ်ပါတယ်ဗျ။
- သားလောင်းကောင်ကတော့ အစိမ်းဖျော့ရောင်လေးပါ။
- စိမ်းဝါရောင်၊ စိမ်းညိုရောင် အကောင်ရှည်ရှည်လေးကတော့ စပါးနှံစုပ်ကြမ်းပိုးရဲ့ အကောင်ကြီးအဆင့်ပဲဖြစ်ပါတယ် ဦးကြီးတို့ရေ့။ ဒီကောင်တွေကိုတော့ စပါးနှံထွက်ချိန်မှာ အများဆုံးတွေ့ရပါလိမ့်မယ်။
ဘယ်လိုကာကွယ်နှိမ်နင်းကြမလဲ?
- ကြိုတင်ကာကွယ်ခြင်းအနေနဲ့ကတော့ ရင့်မှည့်ချိန်နောက်ကျတဲ့ စပါးမျိုးတွေကိုစိုက်ပါ။
- ကွင်းထဲမှာ ပေါင်း၊ မြက်တွေကို ရှင်းရပါမယ်။
- မနက်ခင်းနဲ့ ညနေခင်းမှာ အင်းဆက်ဖမ်းပိုက် (သို့) လက်နဲ့ဖမ်းဆီးခြင်းတွေ ပြုလုပ်ပေးပါ။
- ပင့်ကူ၊ နဂျီ၊ လိပ်ခုံးကျိုင်းကောင်တွေက စပါးနှံစုပ်ပိုးရဲ့ ဥနဲ့အကောင်ကြီးအဆင့်ကို စားသောက်ကြလို့ မွေးမြူထိန်းသိမ်းထား သင့်ပါတယ်။
- တမာ ပိုးသတ်ဆေးလဲသုံးလို့ရပါတယ်။
- ပိုးသတ်ဆေးသုံးမယ်ဆိုရင်တော့ ဒိုင်မီသိုအိတ် စသော စျေးကွက်ရှိ ပိုးသတ်ဆေးတစ်မျိုးမျိုးကို အညွှန်းစာအတိုင်း စနစ်တကျအသုံးပြုပါ။
မှတ်ချက်။ ။ စပါးရုံ (၂၀)ရုံမှာ စပါးနှံစုပ်ကြမ်းပိုး (၁၀)ကောင်အထက်တွေ့မှသာ ပိုးသတ်ဆေးများကို အသုံးပြုပါ။
ထွန်းရာဇာ
Ref;http://www.agritech.tnau.ac.in/expert_system/paddy/cppests_earheadbug.html
Crop Protection
Both adults and nymphs do the damage. The nymphs start feeding 3 to 4 hours after hatching. They feed on the leaf sap near the tip / on milky sap in developing spikelets at milky stage. Sucking of the milky sap causes ill-filled / partial filled and chaffy grains. . They omit bad smell hence they ar...agritech.tnau.ac.in
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးနှံစုပ်ကြမ်းပိုး / စပါးနှံစုပ်ပိုး
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
amk
လွန်ခဲ့သော ၁ နှစ် ကဘယ်ကြောင့် ၁၀ကောင်အထက်တွေ့မသာ ပိုးသက်ဆေးကို အသုံးပြုခိုင်းတာပါလဲ ကြိုတင်ကာကွယ် ဖျန်းလို့မရနိုင်ဘူးလား
win ko thu
လွန်ခဲ့သော ၂ နှစ် ကအင်းဆက်ဖန်ပိုက်ကဘယ်မှာ၀ယ်ယူလိုရနိုင်ပါလည်းခင်ဗျာ
Kyaw Thura
လွန်ခဲ့သော ၄ နှစ် ကဘယ်လိုပိုးသတ်ဆေး သုံးသင့်လဲ ပိုးသတ်ဆေးအမည်ပြောပေးပါ။
ဦးသန်းကြွယ်
လွန်ခဲ့သော ၄ နှစ် ကနှံစုပ်ပိုးက တကယ်တော့ ဘက်တီးရီးယား မဟုတ်ပဲ အင်းဆက်ဖြစ်နေပါတယ်ဗျ။
linn
လွန်ခဲ့သော ၅ နှစ် ကကာဘာမိတ် အုပ်စုဆေးများနိင်ပါသလား သူ့ကိုနိင်တဲ့ဆေးများအကုန်ဖေါ်ပြပေးပါ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 2 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
ခုလိုမျိုး ၂ပင်လောက် ဖြစ်နေတယ်ခဗျာ အစားကျွေးထားတာ၅ရက်ရှိပါပြီး အမိုင်နိုဆေးဖြန်းထားပါတယ် အစားကျွေးတာများလို့ခဗျာ ဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 5 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ထွန်းရာဇာ
အားလုံး