မြန်မာ့ဝါးကို ပြည်ပနိုင်ငံများရဲ့စျေးကွက်များကို တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းမှ သိရပါတယ်။
မြန်မာ့ဝါးကို အခြားပြည်ပစျေးကွက်နိုင်ငံများကို တင်ပို့နိုင်ရန်အတွက် ဧကများတိုးချဲ့စိုက်ပျိုးကာ တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မြန်မာဝါးစိုက်ပျိုးရေးအသင်းမှ ဥက္ကဌ ဦးဝင်းကျော်ဦးက ပြောပါတယ်။
“ဝါးကို ပြည်ပနိုင်ငံတွေက လာရောက်ဝယ်ယူတာရှိပါတယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံရဲ့ ရောင်းလိုအားက သူတို့မှာတဲ့တန်ချိန်လောက် မရနိုင်ဘူး။ အဲတော့ ကိုယ့်တွေက သူတို့မှာတဲ့တန်ချိန်အတွက် ဧကများများစိုက်ထုတ်ပေးဖို့ လိုတယ်”
မြန်မာ့ဝါးကို ပြည်ပနိုင်ငံများရဲ့စျေးကွက်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်ပါ တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။
ယခုလအတွင်း မြန်မာ့ဝါးကို ပြည်ပနိုင်ငံများမှဝယ်ယူရန် လာရောက်ဆွေးနွေး ညှိနှိုင်းမှုများရှိနေကြောင်းလည်း မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more