သဘာဝအုန်းစိမ်းရည်ဖြင့် အပင်အားဆေးပြုလုပ်နိုင်
နိုင်ငံတော်တော်များများ၌ အုန်းစိမ်းရည်ကို အားကစားသမားများအတွက် ခွန်အားဖြည့်ဓာတ်ဆားရည်အဖြစ် ပုလင်းများ၊ သံဗူးများဖြင့်ရောင်းချနေကြပြီး အဆိုပါအုန်းစိမ်းရည်ကို အပင်အားဆေးအဖြစ်လည်း အသုံးပြုနိုင်ကြောင်း စိုက်ပျိုးရေးပညာရှင်များက ပြောသည်။
အုန်းရည်ထဲမှာ စိုက်တိုကိုင်နင်နဲ့ ဂျစ်ဘရယ်လင်တို့လို အပင်ဟော်မုန်းတွေ များစွာပါဝင်ပါတယ်။ ဆိုက်တိုကိုင်နင် (cytokinin) ဟော်မုန်းက ဆဲလ်တွေကွဲပွားဖို့ (cell division) လုပ်ဆောင်ရင်း အညွန့်သစ် အတက်သစ် မြန်မြန်ထွက်ဖို့ အားပေးပါတယ်။ ဂျစ်ဘရယ်လင်က ပန်းစောစောပွင့်ဖိုနဲ့ ပန်းများများပွင့်ဖို့ ပန်းပွင့်ဟော်မုန်း (Florigin) အနေနဲ့ အားပေးပါတယ်။ အုန်းရည်မှာပါတဲ့ အောက်ဇင် (Auxin) က အပင်တွေကြီးထွားဖို အထူးသဖြင့် အမြစ်သစ်တွေထွက်ဖို့ လှုံ့ဆော်ပေးတဲ့ အမြစ်ပေါက်ဟော်မုန်း (Rooting Hormone) ဖြစ်ပါတယ်။ နောက်တစ်ခုက ABA (Abscisis acid)လို ပတ်ဝန်းကျင်ဖိစီးမှုကို ခံနိုင်ရည်ရှိစေတဲ့ အပင်ဟော်မုန်းတွေ အုန်းရည်ထဲမှာ ပါနေပါတယ်။ အုန်းရည်မှာ အပင်အတွက်လိုအပ်တဲ့ အဟာရဓာတ်တွေပါဝင်နေလို့ မိမိတို့ဉာဏ်ရှိသလို အသုံးချစေလိုပါတယ်။
ဟု စိုက်ပျိုးရေးပညာရှင် ဦးအောင်ကိုလတ်က ပြောသည်။
100 gm ရှိသည့် အုန်းရည်တွင် စွမ်းအင် 79 KJ (19 kcal)၊ ကာဘိုဟိုက်ဒရိတ် 3.71 gm၊ အဆီဓာတ် 0.20 gm၊ ပရိုတင်း 0.72 gm၊ ဗီတာမင် 3.7 mg တို့အပြင် ကယ်လ်ဆီယမ် 24 mg၊ သံဓာတ် 0.29 mg၊ ပိုတက်ဆီယမ် 250 mg၊ ဆယ်လီနီယမ် 1 ūgm(micro gm)၊ ဆိုဒီယမ် 105 mg၊ ဇင့် 0.1 mg၊ ရေ 95 gm အစရှိသည့် ဓာတ်သတ္တုများစွာ ပါဝင်နေသည်။
မျိုးစေ့တွေကို အုန်းရည်ထဲစိမ်စိုက်ရင် အပင်ပေါက်၊ အမြစ်ထွက် မြန်တယ်။ အပင်ကျန်းမာသန်စွမ်းပြီး အနာကင်းတဲ့ပျိုးပင်တွေရတယ်။ အုန်းရည်တစ်ဆကို ရေအဆနှစ်ဆယ်နဲ့ရောပြီး ငါးရက်ခြားဖျန်းပေးရင် အမြစ်အားကောင်း၊ ကျန်းမာသန်စွမ်းတဲ့ပျိုးပင်တွေရတယ်။ နှင်းဆီလို ကိုင်းကိုမြေထဲထိုးပြီးပျိုးတဲ့ အပင်တွေမှာ မျိုးကိုင်းကို အုန်းရည်ထဲနှစ်ပြီးစိုက်ရင် အမြစ်ထွက်မြန်ပါတယ်။ အပင်ကိုဖျန်းပေးရင် အဖူးတွေမြန်မြန်နိုးကြားပြီး ပန်းခိုင်အထွက်ကောင်းပါတယ်။ ကွမ်းညွန့်ချိုးပြီး မစိုက်ခင် အဆစ်သုံးဆစ်မြှုပ်အောင် စိမ်စိုက်ရင် အပင်အမြစ်စွဲလွယ်ပါတယ်။ စတော်ဘယ်ရီပျိုးပင်တွေကိုလည်း စိမ်စိုက်လို့ရပါတယ်။ ကွမ်းပင်တွေကို ငါးအမိုင်နိုနဲ့ ရောဖျန်းပေးရင် ကွမ်းသားထူပြီး အထွက်တိုးပါတယ်။ ဂန္ဓမာ၊ မေမြို့၊ သစ္စာပန်း၊ သစ်ခွစတဲ့ ပန်းပင်တွေမှာဖျန်းပေးရင် ပန်းဖူးစောစောထွက်၊ အဖူးများ၊ အရောင်အသွေးလှ၊ ပန်းပွင့်ကြီး၊ တာရှည်ခံ စတဲ့ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ တိုင်ထောင်ပဲ၊ ရုံးပတီ၊ ခရမ်းချဉ်စတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဖျန်းပေးရင် ပန်းပွင့်ဖြိုင်ပြီး ထွက်နှုန်းသိသိသာသာတိုးပါတယ်။ အုန်းရည်မှာပါတဲ့ ကယ်လိဆီယမ်က ခရမ်းချဉ်ထိပ်ပုပ်ခြင်း၊ ခရမ်းသီးနဲ့ ငရုတ်သီးများ အဖျားပုပ်ခြင်းကို ကာကွယ်ပေးပါတယ်။
ဟု စိုက်ပျိုးရေးပညာရှင် ဦးအောင်ကိုလတ်က ပြောသည်။
တစ်ရှူးနည်းဖြင့် အပင်မျိုးပွားခြင်းကို ပြုလုပ်ကြသည့် မှိုစိုက်ပျိုးရေးအတွက် မှိုမျိုးထုတ်ရာတွင် အုန်းရည်ကို အဟာရပြင်ပြုလုပ်ရန် အသုံးပြုနိုင်ပြီး မှိုပုံနှင့်စိုက်ထုပ်ကို ဖျန်းပေးခြင်းဖြင့်လည်း မှိုအလေးချိန်စီးခြင်း၊ မှိုအလုံးကြီးခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကိုယ်တိုင်လုပ် အပင်အားဆေးများ
ဦးအောင်ဆန့်
လွန်ခဲ့သော ၃ နှစ် ကအုန်းစိမ်းရေထဲကို အစေ့စိမ်ရင် ဘယ်နှစ်နာရီ စိမ်ရလဲ
ကျော် နီုင်
လွန်ခဲ့သော ၆ နှစ် ကလက် တွေ့ ကောင် ပါ တယ်
kyi soe
လွန်ခဲ့သော ၆ နှစ် ကကြေ းဇူး
ကိုဟန်ဝင်း
လွန်ခဲ့သော ၆ နှစ် က'
ကိုဟန်ဝင်း
လွန်ခဲ့သော ၆ နှစ် ကကျေးဇူးပြုွှုရျ် အုန်းသီးခြောက်အရည်ကော အုန်းစိမ်းရည်လို အတူတူပဲလားသိခြင်ပါသည် ပန်းပွင့်ရန်သံပုရာပင်တွင်အခိုုျးစား ဘယ်လောက်ဖျန်းရမလဲ ဖြေပေးစေခြင်ပါသည်
ဆက်စပ်မေးခွန်းများ
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 2 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022