ခရုအမိုင်နိုအက်ဆစ်
စိုက်ပျိုးရေးဦးစီးဌာနက စီနီယာအစ်မတစ်ယောက်ရဲ့ ဗီဒီယိုဖိုင်ကိုကြည့်လိုက်ရပြီး ကိုယ်လည်းစိတ်ဝင်စား တောင်သူအတွက်လည်း အကျိုးရှိ၊ ငါးအမိုင်နိုအက်ဆစ်လို အသုံးဝင်မယ့် ခရုအမိုင်နိုအက်ဆစ်အကြောင်း ပြောပြပေးပါမယ်။
စိုက်ခင်းထဲမှာ ခရုတွေကလည်းပေါ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်မယ့်နည်းလေး...ကဲ ဖတ်ကြည့်ကြမယ်နော်။ လိုအပ်တဲ့ပစ္စည်းတွေ တစ်ချက်ကြည့်လိုက်ကြရအောင်။ ငါးအမိုင်နိုအက်ဆစ်လိုပါပဲ ငါးရယ်၊ ခရုရယ်ပဲ ကွာသွားမှာပါ။
- ခရု တစ်ပိဿာ
- တင်လဲရည်/ သကြား/ ထန်းလျက်/ ကြံသကာ တစ်ပိဿာ
- အီးအမ်ဖျော်ရည် (အသင့်သုံး) များလေပိုကောင်းလေ
- ပုံး/ အိုး
- တုတ်အသန့်တစ်ချောင်း
ပစ္စည်းတွေရပြီ။ ဘယ်လိုလုပ်မလဲ ??
- ပထမဦးဆုံး ခရုကို ပြုတ်ရပါမယ်။ အခွံကိုမသုံးပဲ အသားကိုပဲ သုံးမှာမို့လို့ အသားတွေထုတ်ပါ။ ကြေလွယ်အောင်လို့ ခရုတွေကို နုတ်နုတ်စင်း ဒါမှမဟုတ် သေးသေးလေးတွေ ညှပ်ပေးပါ။
- သကြား/ ထန်းလျက်/ ကြံသကာ ကြိုက်ရာတစ်ပိဿာကို ရေသန့်တစ်ဘူးရအောင် ကျိုပေးပါ။
- ပုံး (သို့) အိုးထဲကို ခရုတွေထည့် သကြားရည်ထည့် အီးအမ်ထည့်ပြီး တုတ်အသန့်တစ်ချောင်းနဲ့ မွှေပေးပါ။ အဖုံးလုံအောင်ပိတ်ပြီး နေ့တိုင်းတစ်နေ့တစ်ကြိမ် မွှေပေးပါ။ မွှေပေးနေရင်းနဲ့ အရည်ကအပုပ်နံ့မဟုတ်ပဲ မွှေးလာပြီဆို အသုံးပြုလို့ရပါပြီ။ စတင်မွှေးလာချိန်ကနေ တစ်လအတွင်းပဲ အထားခံလို့ တစ်လအတွင်းပဲ အမိုင်နိုအက်ဆစ်အရည်ကို အသုံးပြုရမှာပါ။ တစ်လကျော်သွားရင်တော့ အာနိသင်ပျက်ပြယ်သွားမှာကို သတိပြုပေးပါနော်။
အသုံးပြုရန်အညွှန်း
- ဆေးဖြန်းပုံးတစ်ပုံးကို ထမင်းစားဇွန်း ၃ ဇွန်းပဲ ထည့်ဖြန်းပေးပါ။
ခုထိဆိုရင် အလွယ်တကူ လိုက်လုပ်နိုင်မယ်ထင်ပါတယ်။ အသုံးချရင်း အကျိုးများကြပါစေ………။
မေဇင်ထွန်း
ကိုးကား - စိုက်ပျိုးရေးဦးစီးဌာန
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကိုယ်တိုင်လုပ် အပင်အားဆေးများ
အကြောင်းအရာ 2
ခရုအမိုင်နိုအက်ဆစ်
Zay Htet Paing
လွန်ခဲ့သော ၅ နှစ် ကဘက်ထရီပုံးက ၁၈လီတာ လက်နိပ်ပုံးက ၂၀လီတာ ရှိပါတယ်
စိုးဇော်ဟန်
လွန်ခဲ့သော ၅ နှစ် ကဆေးဖြန်ဘုံးကဘယ်လောက်လီတာလဲဗျ။ပုံမှန်စက်ဘုံးတွေက၂၅လီတာဆိုတော့ခန့်မှန်ရခတ်လို့ပါ
ID Thit
လွန်ခဲ့သော ၅ နှစ် ကသူများအသက်နဲ့တော့မစိုက်ပျိုးဘူးလီး....
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 3 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 4 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
နံပတ်2 • ဖြေကြားချက် 4 ခု
Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား
Khing Hein • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from မေဇင်ထွန်း
အားလုံး