ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

30/07/2018 11:19 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၂၃.၇.၂၀၁၈ မှ ၂၇.၇.၂၀၁၈)ထိ

မတ်ပဲ (FAQ/RC) 

မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ကျဆင်းသွားပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC) 2017 အပြင် 2018 ပါ ရက်ခြား အရောင်းအဝယ်ရှိနေတာကိုလည်း တွေ့ရပါတယ်။အရောင်းအဝယ်ကလည်း ရက်ခြားသာ ရှိတဲ့အတွက် ဈေးကကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။

နယ်ကုန်စည်ဒိုင်တွေမှာလည်း အရောင်းအဝယ်ကောင်းတဲ့ရက် ဈေးပိုရပြီး အရောင်းအေးတဲ့ရက် ဈေးကျဆင်းတဲ့ အခြေအနေရှိတဲ့အတွက်  ဈေးတက်တဲ့ ရက်သတ္တပတ်၊ ဈေးကျတဲ့ ရက်သတ္တပတ်ဆိုပြီး သတ်မှတ်လို့မရတာလည်း တွေ့ရပါတယ်။

ဒီတစ်ပတ်မှာတော့ မုံရွာကုန်စည်ဒိုင်မှာ မတ်ပဲက တစ်တင်းကို ၁၃၅၀၀ နဲ့ ၅၀၀ ကျပ်ဈေးတက်ခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၃၈၀၀ နဲ့ ၇၀၀ ကျပ် ဈေးကျဆင်းသွားခဲ့ပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၂၆၀၀ နဲ့ ၅၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်မှာတော့ တစ်ပတ်အတွင်း တစ်တန်ကို ငွေကျပ်တစ်သောင်းကျော် ဈေးကျဆင်းသွားခဲ့ပြီး လတ်တလောပေါက်ဈေးက တစ်တန်ကို  ၄၁၉၀၀၀ ကနေ ၄၂၅၀၀၀ ကျော်ရှိပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဈေးအနည်းငယ်တက်ခဲ့ပေမယ့် ဒီတစ်ပတ်မှာ အရောင်းကျသွားသလို ဈေးကလည်း ကျဆင်းသွားခဲ့ပါတယ်။ နယ်ကုန်စည်ဒိုင်တွေမှာလည်း ဈေးက အေးသွားပါတယ်။ ပြည်ပအဝယ်ရှိပေမယ့် ပြည်တွင်းဝယ်ယူမှုလျော့တဲ့အတွက် အရောင်းကျသွားခဲ့တာပါ။ မုံရွာကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံနီက တစ်တင်းကို ၁၂၇၀၀ နဲ့ ၂၀၀ လောက်ကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၁၀၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၄၈၀၀ ကျပ်၊ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၃၀၀၀ ကျပ် အသီးသီးဈေးငြိမ်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်တန်ကို ၄၇၀၀၀၀ ကျော် နဲ့ တစ်တန်ကို ၁၀၀၀၀ နီးပါးဈေးကျဆင်းသွားခဲ့ပါတယ်။ ပဲစင်းငုံနီကတော့ လက်ရှိမှာ ပြည်ပဝယ်ယူမှုက ရှိနေဆဲဖြစ်တဲ့အတွက် ဈေးကအရမ်းကြီးကျသွားဖို့ မရှိသလို တက်နိုင်ခြေလည်း မရှိဘူးလို့လည်း ကုန်သည်တွေက သုံးသပ်ထားပါတယ်။ 

ပဲတီစိမ်း

ပဲတီစိမ်းကတော့ လက်ရှိနယ်ကုန်စည်ဒိုင်အချို့မှာ အသစ်တွေ ဝင်လာပြီလို့သိရပါတယ်။ အသစ်တွေ စတင်ဝင်ရောက်နေပြီး ဈေးကလည်း အမြင့်ဈေးနဲ့ဝင်ရောက်ကာ တစ်ခြားပဲတွေနဲ့နှိုင်းယှဉ်ရင် အမြင့်ဆုံးဈေးရရှိနေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်နဲ့နှိုင်းယှဉ်လိုက်ရင်တော့ ဈေးကျဆင်းနေတဲ့အခြေအနေပါ။ ပြီးခဲ့တဲ့နှစ်က အသစ် တစ်တင်းကို ၃၀၀၀၀ ကျော်နဲ့ ဝင်လာပေမယ့် ဒီနှစ်မှာတော့ တစ်တင်းကို ၂၈၀၀၀ နဲ့ စတင်ဈေးဖွင့်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်နဲ့နှိုင်းယှဉ်လို့ ဈေးက ကျဆင်းပေမယ့် အရောင်းအဝယ်ကတော့ ပဲတီစိမ်းက သွက်နေတဲ့ အခြေအနေပါ။မုံရွာကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်း (အဟောင်း)က တစ်တင်းကို ၂၀၀၀၀ ကနေ၂၄၅၀၀ ပေါက်ဈေးရှိပြီး ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားခဲ့ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၃၇၀၀ ကျော်ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ လောက်ဈေးတက်လာပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၂၈၃၀၀ နဲ့ ၃၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာ တစ်တင်းကို ၃၀၀၀၀ နဲ့ ၃၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာ တစ်တင်းကို ၃၆၆၀၀ နဲ့ အသီးသီးဈေးတက်လာပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်းခရမ်းရွှေဝါက ဈေးအမြင့်ဆုံးနဲ့ တစ်တင်းကို ၄၃၀၀၀ အထိ ဈေးရရှိနေခဲ့ပါတယ်။ တောင်သူအချို့ကတော့ လက်ရှိအချိန်ထိ ထုတ်မရောင်းသေးပဲ လှောင်ထားတဲ့အခြေအနေရှိနေပါတယ်။

ကုလားပဲ

ပြီးခဲ့တဲ့အပတ်က အိန္ဒိယဝယ်ယူမှု မြင့်လာတဲ့အတွက် မထင်မှတ်လောက်အောင် ဈေးတက်လာခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးကအနည်းငယ်ပြန်ကျဆင်းသွားခဲ့ပါတယ်။ ဈေးကျဆင်းခဲ့ပေမယ့် ပြီးခဲ့တဲ့ ဇွန်လ ဈေးကို ရောက်ရှိသွားတဲ့အခြေအနေတော့ မဟုတ်ပါဘူး။ ကုလားပဲကို တရုတ်က အဓိကဝယ်ယူပြီး အိန္ဒိယက အနည်းငယ်ဝယ်ယူပေမယ့် ယခုလအတွင်း အများအပြားဝယ်ယူမှုပြုလုပ်ခဲ့တဲ့အတွက် ဈေးကောင်းရခဲ့တာလည်း ဖြစ်ပါတယ်။

ဒီတစ်ပတ်ကတော့ အဝယ်ပြန်အေးပြီး ဈေးကပါးပါးလေး ပြန်ကျသွားခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲလုံး (ဖြူ၊ဝါ)ကြီးက တစ်တင်းကို ၂၁၀၀၀ ကနေ ၂၃၂၀၀ ရှိပြီး ၈၀၀ နီးပါး ဈေးကျဆင်းခဲ့ပါတယ်။ (ဖြူ၊ဝါ) သေးကတော့ တစ်တင်းကို ၂၃၂၀၀ ကနေ ၂၃၅၀၀ ရှိပြီး တစ်တင်းကို ၅၀၀ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ်လည်း ကုလားပဲ(ဖြူ၊ဝါ)ကြီးက တစ်တင်းကို ၂၁၅၀၀ ကနေ ၂၂၅၀၀ ရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာလည်း ကုလားပဲ (ဖြူ၊ဝါ)ကြီးက တစ်တင်းကို ၂၂၅၀၀ ကနေ ၂၃၀၀၀ ရှိပြီး ၅၀၀ ကျပ်၊ မန္တလေးကုန်စည်ဒိုင်မှာလည်း ကုလားပဲဖြူက တစ်တင်းကို ၂၂၆၀၀ ရှိပြီး တစ်တင်းကို ၇၀၀ နီးပါးဈေးကျဆင်းသွားပါတယ်။ ကုန်သည်တွေကတော့ ကုလားပဲဈေးက လက်တလော ဈေးတက်နိုင်ခြေရှိတယ်လို့ သုံးသပ်ထားပါတယ်။

ဝတ်ရည်မွန်((AMIA)


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်