ဂေါ်ရခါး စိုက်ပျိုးနည်း

25/09/2018 16:33 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အပူသမပိုင်းနှစ်ရှည်သီးနှံပင်မျိုးဖြစ်သည်။ ဂေါ်ရခါးအညွှန့်ကို ချက်ပြုတ်ကြော်လှော်စားသုံးနိုင်သည်။ အသီးကိုလည်း ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်ပုတ်စားသုံးနိုင်သည်။ အကြမ်းခံသောအပင်ဖြစ်ပြီး မြေအမျိုးအစားအမျိုးမျိုးတွင် စိုက်ပျိုးနိုင် သည်။

စိုက်ပျိုးခြင်း

ဂေါ်ရခါးသီးတစ်လုံးကို ပျိုးထောင်စိုက်ပျိုးခြင်းနှင့် အမြစ်အုံကို သားခွဲယူခြင်း စသည်ဖြင့်စိုက်ကြသည်။ တစ်ခါတရံ အကိုင်းဖြတ်ထိုးမျိုးပွား၍လည်း စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးရာတွင် အသီးရင်းကို အသီးဖျားထက် အနည်းငယ်နိမ့်၍စိုက်ပါ။ အသီးကို မြေပေါ်တွင် အလျားလိုက်ချ၍ အစေ့ကို အပေါ်ဘက်တွင်ထားပြီး အသီးတစ်ဝက်ဖော်၍စိုက်ပါ။ အသီးကို အပင်ဖောက်နေစဉ် ရေမလောင်းရပါ။ အစေ့အပင်ပေါက်လာပြီးနောက် ရေကိုသင့်တင့်ရုံလောင်းပေးပါ။ တန်းကြားပင် ကြား စိုက်ရမည့်အကွာအဝေးမှာ (၄ x ၄)ကိုက် (၄) ကွက်ကြားဖြစ်သည်။ ရှမ်းပြည်နှင့် ပြင်ဦးလွင်မြို့များတွင် (၆ x ၆) ပေထား၍ တစ်နေရာတွင် (၂ - ၃)သီးထားကာ မြေပုံ၍ စိုက်ကြသည်။ 

မြေဩဇာထည့်သွင်းခြင်း

မြေဩဇာအဖြစ် မြေတစ်ပုံတွင် မြေဆွေး (၅)ကီလိုဂရမ်၊ ယူရီးယား (၄၅) ဂရမ်၊ တီစူပါ (၇၀ - ၈၅) ဂရမ်၊ ပိုတက်ရှ် မြေဩဇာ (၁၈) ဂရမ် ကိုထည့်ပေးပြီး ကိုင်းဖြာထွက်လာချိန်၌ တစ်ပုံတွင် မြေဆွေး (၅) ကီလိုဂရမ်၊ ယူရီးယား (၂၂၀)ဂရမ်နှင့် ပိုတက်ရှ် (၁၈၀) ဂရမ် ထပ်မံကျွေးပါ။ အစိုဓါတ်မပျက်အောင် ဂရုစိုက်၍ရေလောင်းပေးရမည်။

ကိုင်းပြုပြင်ပေးခြင်း

ပင်မကိုင်းအရှည်တစ်ပေခန့်ရှိလာသောအခါ ခေါင်နှိမ်ပေးပြီး ကိုင်းတက် (၂) ခုကို မွေးထားကာ အရှည် (၄ - ၅) ပေခန့်ရောက်သော် တစ်ကိုင်းမှ ကိုင်းငယ် (၃) ခုစီဖြာထွက်စေရန် ထပ်မံခေါင်နှိမ်ပေးရမည်။ ပိုးမွှားကျရောက်မှုနည်း သော်လည်း အပင်ညှိုးသေရောဂါနှင့် ရွက်ခြောက်ရောဂါများကျရောက်တတ်သည်။ 

ခူးဆွတ်ခြင်း

အသီးသည် သန္ဓေအောင်ပြီးနောက် ကြီးထွားမှု လျင်မြန်ပါက (၁၅/၂၀) ရက်ကြာသောအခါ ခူးဆွတ်နိုင်ပါသည်။ တစ်ကိုင်းလျှင် (၈) လုံးထိထွက်နိုင်ပြီး တစ်ပင်မှ ပျှမ်းမျှ အလုံး (၂၀၀ - ၃၀၀) ရနိုင်ပါသည်။ မျိုးအဖြစ်ထားမည်ဆိုပါက ပန်းပွင့်ပြီး  (၄၅/၅၀) ရက်သားတွင် ခူးဆွတ်ရသည်။ ခူးဆွတ်ထားသောအသီးများကိုအေးသောနေရာတွင် တောင်းများ၊ သေတ္တာများတွင် ကောက်ရိုးခံ၍ ထည့်ထားရသည်။

ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း  

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်