အရသာရှိတဲ့ မုန့်ဆမ်းလုပ်စားကြည့်ပါ

23/12/2021 14:00 PM တွင် ကျော့နန္ဒာစိုး ကျော့နန္ဒာစိုး မှ ရေးသား

မုန့်ဆမ်းကို အလွယ်တကူပြုလုပ်နိုင်ပြီး အချိန်လည်းမကြာပါဘူးရှင့်။ အညာဒေသတွေမှာ ဘုရားပွဲနဲ့ ရေငန်ပိုင် ဦးရှင်ကြီးကို ကပ်ရာတွင် အများအပြားပြုလုပ်ကြပြီး ဧည့်သည်တွေကို မုန့်ကျွေးတဲ့အလေ့အထအနေနဲ့လည်း မုန့်ဆမ်းနဲ့ ဧည့်ခံကြပါတယ်။ မီးလွတ်မုန့်တစ်ခုလည်းဖြစ်ပါတယ်။

မောင်းညိုချိန် ကောက်ညှင်းစပါးကို ရေစိမ် လှော်ပြီး ထောင်းလိုက်တဲ့အခါ မုန့်ဆမ်းရရှိတာဖြစ်ပါတယ်။ ကောက်ညှင်းစပါးတစ်တင်းကို မုန့်ဆမ်း ၁၀ ပြည်ထွက်ရှိတယ်လို့လည်း သိရပါတယ်။ (ဝရဇိန် ပေါင်)

လိုအပ်တဲ့ပစ္စည်းတွေက 

မုန့်ဆမ်း

သကြား

အုန်းသီး

မုန့်ဆမ်းကောက်ညှင်း ကို ဈေးမှာအလွယ်တကူဝယ်လို့ရပါတယ်။

ပုံ- မုန့်ဆမ်းဖတ်ပါ။

ပထမဆုံး ဝယ်လာတဲ့မုန့်ဆမ်းကောက်ညှင်းကို အမှိုက်အမှုန်များ ပြာပေးပါ။ ရေဆေးပြီး ဇကာနဲ့ ၅ မိနစ်လောက် စစ်ပေးပါ။ စစ်ထားသော မုန့်ဆမ်းကို သကြားနဲ့နယ်ပြီး ၁ နာရီလောက် နှပ်ထားပေးပါ (မုန့်ဆမ်း တစ်ပြည်ကို သကြား ၂၅ ကျပ်သား)။ နှပ်ထားတုန်း အုန်းသီးကို အမွှာသေးသေးတွေရအောင် ခြစ်ထားပါ။

၁ နာရီကြာရင် အပျော့အမာ အနေတော်တဲ့ သရေစာမုန့်ဆမ်းလေး ရပါပြီရှင့်။ နာရီဝက်လောက်ပဲနှပ်ချင်လို့ မာနေတာမျိုးဖြစ်နေရင်လည်း အုန်းရည်လေးကို တောက်တောက်ပေးလို့ရပါတယ်။ တစ်ချို့ကြိုက်နှစ်သက်သူကလည်း နို့စိမ်းထည့်ပါတယ်။ နို့စိမ်းကိုကျ နယ်တဲ့အချိန်မှာ တစ်ခါတည်းထည့်နယ်ပေးနိုင်ပါတယ်။ နို့စိမ်းထည့်ထားတဲ့အတွက် မုန့်မပျော့မမာ အနေတော်ပဲဆိုရင် ခဏပဲနှပ်ပေးရပါမယ်။

စားဖို့အသင့်အနေထားမုန့်ဆမ်းတွေကို စိတ်ကြိုက်ပုံဖော်ပြီး အုန်းသီးလေးတွေဖြူးပေးပြီး စားနိုင်ပါပြီ။

အရမ်းကောင်းတာမို့ မစားဖူးသေးဘူးဆိုရင် လုပ်စားကြည့်ဖို့ ပြောချင်ပါတယ်ရှင့်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်