မှိုဆီစိမ်

01/10/2020 15:00 PM တွင် ဝတ်မှုံသင်း ဝတ်မှုံသင်း မှ ရေးသား

     မှိုတွေဈေးထဲမှာ ပေါပေါများများတွေ့နေပါသလား? တစ်နှစ်ပတ်လုံးစားလို့ရအောင် မှိုဆီစိမ်လုပ်ထားလိုက်ပါ။ ဒီနေ့တော့ အတော်လေးကိုလူကြိုက်များတဲ့ မှိုဆီစိမ်နည်းလေးကိုပြောပြပါမယ်နော်။ 

ပါဝင်ပစ္စည်း 

မှို(တောင်ပို့မှို၊ ငွေနှင်းမှို) 

ဆီ 

ဆား 

ဟင်းခတ်မှုန့် 

ကြက်သွန်ဖြူ 

ငရုတ်သီးခြောက်

ပြုလုပ်နည်း 

-မှိုကိုရေဆေးပြီး အမျှင်လေးတွေမျှင်ပါ။ ထို့နောက် ရေစင်အောင်စစ်ထားပါ။ 

-အိုးထဲကို ဆီထည့်ပြီး ဆီပူလာရင် ရေစင်အောင်စစ်ထားတဲ့ မှိုထည့်ကြော်ပါ။ အိုးမကပ်စေရန် ဆီပမာဏကို များများထည့်ပါ။ ဆား၊ ဟင်းခတ်မှုန့်(ဟင်းချိုမှုန့်)ထည့်ပါ။ မှိုက ချိုပြီးသားမို့ အနည်းငယ်ထည့်ရင်ရပါပြီ။ 

-မှိုအကျက်ညီပြီး နီလာပြီဆို မှိုကို ဆီစစ်ပါ။ ပြီးရင် အအေးခံထားပါ။ 

-ထို့နောက် ကြက်သွန်ဖြူနဲ့ ငရုတ်သီးခြောက်ကို ကြော်ပါ။ ထို့နောက် ဆီစစ်ပါ။ အအေးခံပါ။ 

-နှစ်ခုလုံးအအေးခံပြီးရင် မှို၊ ငရုတ်သီး၊ ကြက်သွန်ဖြူကြော်ကို ရောမွှေပါ။ 

-ထည့်မယ့်ပုလင်းထဲကိုထည့်ပြီး ကြော်တုန်းကပိုထားတဲ့ဆီကို မှိုကိုဖုံးတဲ့အထိထည့်ပါ။ 

ဒါဆိုရင် ထမင်းနဲ့အရမ်းလိုက်ဖက်တဲ့ မှိုဆီစိမ်ကို ရရှိပြီဖြစ်ပါတယ်။

ဝတ်မှုန်သင်း

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်