“တစ်နိုင်တပိုင်(သို့)စီးပွားဖြစ် ကြက်မွေးမြူချင်လို့ ကူညီပါ”
“ကြက်မွေးမြူရေး”ဆိုတာ ကမ္ဘာတစ်ဝန်း ထွန်းကားနေတဲ့ လုပ်ငန်းတစ်ခုပါ။ ကမ္ဘာ့ ကြက်သားစားသုံးမှု နှစ်စဉ်ကြီးထွားနေသလို ကြက်မွေးမြူရေးဈေးကွက်လည်း ပိုမိုခိုင်မာလာပါတယ်။ ကမ္ဘာအရပ်ရပ်က ကြက်မွေးမြူရေးကုမ္ပဏီတွေ၊ တစ်နိုင်တပိုင် မွေးမြူသူတွေဟာ ခေတ်ရေစီးကြောင်းနဲ့အညီ အရှိန်အဟုန်တိုးမြှင့်နေကြပါပြီ။
မွေးမြူရေးကြက်တစ်ကောင်ဟာ ပျမ်းမျှ (၄၂)ရက် သက်တမ်းရှိပြီး အချိန်တိုတိုနဲ့ ဈေးကွက်ဝင်သလို ဈေးနှုန်းသင့်တင့်လို့ စားသုံးမှုများပါတယ်။
ဒေသကြက်တွေဟာ နှစ်နဲ့ချီ အသက်ရှင်သန်နိုင်တဲ့အပြင် ရောဂါနဲ့ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိလို့ ကြီးပြင်းလာတာနဲ့အမျှ ကြက်သားဈေးနှုန်းလည်း မြင့်မြင့်ရစေပါတယ်။ မြန်မာ့ရိုးရာထုံစံအရ “အားရှိအောင် ဗမာကြက်ပြုတ်ရည်လေး သောက်ပါလား” “တောကြက်ဥလေးစားမှ အားရှိသွားတာ”စတဲ့ အယူအဆလေးတွေဟာ ဒေသကြက် ဈေးကွက်ကို မြင်သာစေတဲ့ အချက်တွေပါ။
ကြက်ဥဟာ ပိုတက်စီယမ်ဓာတ် ကြွယ်ဝတာကြောင့် TB(အဆုတ်)ရောဂါ ဖြစ်ပွားသူတွေနဲ့ အင်မတန်သင့်တော်တဲ့ အာဟာရပါ။ အခုလို Covid-19 ကာကွယ်တဲ့ ကာလမှာ ကြက်ဥ ဈေးကွက် တိုးတက်လာတာကိုတော့ အားလုံးအသိပါပဲ။
၂၀၂၀ခုနှစ်၊ ဇူလိုင် (၁၃)ရက်မှာ ကြက်ဥ ဝယ်စျေး(တစ်ပိဿာ) ၂၄၂၀ ကျပ်မှ ၂၄၅၀ ကျပ်၊ CP ကြက်ဥဝယ်ဈေး (တစ်လုံး) ၉၄ ကျပ်၊ အသားတိုးကြက် ခြံဖမ်းစျေး တစ်ပိဿာ (၃၆၀၀-၃၇၀၀)ကျပ်၊ မွေးကြက်ထီး ခြံဖမ်းစျေး တစ်ပိဿာ (၇၅၀၀-၈၀၀၀)ကျပ်၊ မွေးကြက်မ ခြံဖမ်းစျေး တစ်ပိဿာ (၄၂၀၀)ကျပ်၊ ဒေသကြက်/တိုင်းရင်းကြက် ခြံဖမ်းစျေး တစ်ပိဿာ (၆၈၀၀)ကျပ် ပျမ်းမျှဈေးနှုန်းတွေနဲ့ ရောင်းဝယ်နေပါတယ်။
ကြက်သား၀ယ်လိုအားဟာလည်း ၁၉၉၆ ကနေ ၂၀၁၆ ခုနှစ်တွေကတည်းက ဥရောပသမဂ္ဂ အနေနဲ့ ၄၀ %, အိမ်နီးချင်း တရုတ်နိုင်ငံမှာ ၈၉ %, အိန္ဒိယနိုင်ငံမှာ ၁၈၃ % အထိ မြင့်တက်နေတာကို ကြားသိနေရပေမယ့် ပြည်တွင်းမှာ ကြက်ဥ၊ ကြက်သားတွေ ကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့ ဘယ်ကစရမလဲ... အားလုံးမှာ မွေးချင်စိတ်သာရှိပြီး၊ လက်တွေ့ မလွယ်ဘူးဖြစ်နေကြပါတယ်။
(၁) မျိုးကောင်းမျိုးသန့် ရရှိဖို့ ခက်ခဲတယ်။
(၂) မွေးမြူပုံ မွေးမြူနည်းကို မကျွမ်းကျင်ဘူး။
(၃) ခြံအဆောက်အဦ တည်ဆောက်ဖို့ရာ အရင်းအနှီးမရှိဘူး စတဲ့ပြဿနာတွေရှိသလို ကြက်မျိုးအဝယ်မှားလို့ အရှုံးပေါ်သူလည်းပေါ် ၊ အလိမ်ခံရသူလည်းခံရနဲ့ သတင်းမျိုးစုံလည်း ကြက်လောကတခွင် နေ့စဉ်လိုလိုပါ။
ပြည်ပ(နယ်စပ်ဝင်ပေါက်)ကနေ အေးခဲကြက်သားတွေ ဝင်ရောက်ခဲ့တာကရော ဘယ်လိုကြောင့်လဲ။ မွေးမြူရေးကို စိတ်ပါဝင်စားသူများရက်နဲ့ ကြက်ဥ/ကြက်သားထုတ်လုပ်မှုနည်းပညာအားနည်းနေသေးတာ ဘာကြောင့်လဲ။ စိုက်ပျိုးရေးနည်းပညာတွေ ဖြန့်ဝေနေကြသလို ကျေးရွာအရောက် မွေးမြူရေးနည်းပညာပေးတာမျိုးတွေ လိုအပ်နေလို့များလား ဆိုတာလေးတွေ ပေါင်းစပ်အဖြေရှာကြည့်စေချင်ပါတယ်။
ပံ့ပိုးကူညီပေးနိုင်မယ့် အဖွဲ့အစည်းတွေ၊ တာဝန်ရှိသူတွေကို အားကိုးယုံကြည်စွာနဲ့ တစ်နိုင်တပိုင်/စီးပွားဖြစ် ကြက်မွေးမြူရေးလုပ်ငန်းအားလုံး တိုးတက်လာစေရန် ရည်ရွယ်ရေးသားလိုက်ရပါတယ်။
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
All content providersRelated questions
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • 4 answers
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • 2 answers
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • 3 answers
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • 2 answers
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • 1 answers
Latest articles
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
See all
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022