စိုက်ပျိုးသုတ အောက်တိုဘာလ
အောက်တိုဘာလသည် မိုးနှောင်းရာသီနှင့် ဆောင်းရာသီကူးသည့်လလို့ နားလည်မိသည်။ မိုးစပါးအချို့ရိတ်သိမ်းကြမည်။ အချို့မှာ ပြုစုစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ကြရဦးမည်။ မိုးနှောင်းသီးနှံအချို့ စိုက်ဆဲဖြစ်သလို ဆောင်းရာသီသီးနှံအချို့ကိုလည်း စတင် စိုက်ပျိုးကြတော့မည်။
မိုးစပါးသီးနှံ
အများစုမှာ မျိုးပွားပိုင်းကာလ (Reproductive Phase) ကိုရောက်ပြီ။ ဒီကာလက စပါးအထွက်နှုန်းမိတ်ဖက်တစ်ခုဖြစ်သော တစ်နှံရှိစပါးစေ့အရေအတွက်များဖို့ အရေးကြီးသည့်ကာလပါ။ တစ်နှံမှာ စပါးစေ့အရေအတွက်(number of grains per panicle)များလေ တစ်ဧက စပါးအထွက်မြင့်မားဖို့ အခွင့်အလမ်းများလေဖြစ်ပါသည်။
အာဟာရချို့ယွင်းမှုမရှိစေရေး (အထူးသဖြင့် နိုက်ထရိုဂျင်) ကျွေးပေးသင့်ပါသည်။ စိုက်ချိန်စောသည့်စပါးခင်းတွေ ရင့်မှည့်သည့်ကာလ(Ripening Phase)ကို ရောက်နေပြီ။ ဒီကာလက အောင်မြင်သောစပါးစေ့ရာခိုင်နှုန်း (percentage of filled grains) များဖို့နှင့် အစေ့ ၁၀၀၀ အလေးချိန် (weight of 1000 grains) ကောင်းဖို့ အရေးကြီးသည့်ကာလဖြစ်သည်။
အလေအလွင့်နည်းပါးစေရန် ရိတ်သိမ်းချိန်မှန်တွင် ရိတ်သိမ်းပါ၊ ရိတ်သိမ်းပြီးလျှင်ပြီးချင်း ချက်ချင်းချွေလှေ့ဖို့ လိုပါသည်။
မျိုးစေ့ထုတ်စပါးစိုက်ခင်း
ပင်ပွားအများဆုံးထွက်ချိန်မှာ ပထမအကြိမ် မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းကို ဆောင်ရွက် ပြီးစီးကြမည်ဟု ယူဆသည်။ ပန်းပွင့်ချိန်နှင့် မရိတ်သိမ်းမီအချိန်တို့မှာ ဒုတိယအကြိမ်နှင့် တတိယအကြိမ် မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းတို့ကို စနစ်တကျဆက်လက်ဆောင်ရွက်ဖို့ ဖြစ်ပါသည်။
ပန်းပွင့်ချိန်မှာ စပါးအနှံများ ပန်းပွင့်ဖြစ်ပေါ်မှုကိုကြည့်ပြီး ပန်းပွင့်စောလွန်းခြင်း၊ နောက်ကျလွန်းခြင်းဖြစ်သော အပင်များကို နှုတ်ပယ်ဖို့ပါ။ မရိတ်သိမ်းမီတွင်တော့ ရင့်မှည့်မှုစောလွန်း၊ နောက်ကျလွန်းသောအပင်များ၊ စိုက်သည့်မျိုးနှင့် စပါးအစေ့ပုံသဏ္ဍာန်၊ အရောင်နှင့် အရွယ်အစားကွဲပြားသောအပင်များကို ကုန်စင်အောင် နှုတ်ပယ်ရမှာဖြစ်ပါသည်။
နေကြာသီးနှံ
အများစုစစိုက်တာကတော့ စက်တင်ဘာလပါ။ အခု အောက်တိုဘာလမှာ ပြီးစီးအောင် စိုက်ပျိုးရန်ဖြစ်သည်။ တစ်ဧကအထွက်အများဆုံးရရှိစေမည့် ရေဆင်းစပ်မျိုးနေကြာ-၁ နှင့် ဆင်းရွှေကြာ-၂ နေကြာမျိုးတို့ကို စိုက်ပျိုးသင့်သည်။ ထယ်ရေးနက်နက် ထွန်ရေးညက်ညက်ဖြင့် မြေပြုပြင်စိုက်ပျိုးရန် ဖြစ်ပါသည်။
အပင်သက်တမ်း ၁၅ ရက်သားရှိချိန် တစ်ကျင်းတစ်ပင်ချန်၍ သားခွဲရန်လိုသည်။ အပင်ငယ်စဉ် ကြားလိုက်ပေါင်းရှင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ရန် ဖြစ်ပါသည်။
မတ်ပဲသီးနှံ
ရာသီနှင့် ရေမြေအခြေအနေအရ မြန်မာနိုင်ငံအလယ်ပိုင်းလို အချို့ဒေသတွေမှာ အောက်တိုဘာတတိယပတ်ဆို စတင်စိုက်နိုင်တော့မည်။
ဒေသရေမြေနှင့်ကိုက်ညီသည့် ရေဆင်းမတ်ပဲမျိုးများကို တစ်ဧကလျှင် အပင်ဦးရေတစ်သိန်းအပြည့်အဝရရှိရန် တန်းကြား တစ်ပေခွဲ၊ ပင်ကြား ၄ လက်မထားရှိ စိုက်ပျိုးပါ။
စိုက်သည့်အခါ နိုက်ထရိုဂျင်အာဟာရအတွက် ပဲမြစ်ဖုဇီဝမြေသြဇာနှင့် လူးနယ်စိုက်ပျိုးသင့်သည်။
အပင်ငယ်စဉ် မှိုရောဂါကျရောက်ဖျက်ဆီးတတ်သည်။ မြေတွင်းအောင်းပိုးနှင့် ပင်စည်ထိုးယင်ကလည်း ကျရောက်တတ်သေးတာပါ။ ကြိုတင်ကာကွယ်ရန်ဖြစ်ပါသည်။
ပေါင်းမြက်ကင်းစင်ရေးကတော့ အပင်ပေါက်ပြီး (၂) ပတ်သားကနေ ပန်းပွင့်ချိန်ထိ ကင်းစင်အောင် ဆောင်ရွက်ဖို့ဖြစ်ပါသည်။
ပဲတီစိမ်းသီးနှံ
အောက်တိုဘာလယ်ဆိုရင် စတင်စိုက်သည့်ဒေသတွေရှိသည်။ ညအပူချိန်မြင့်သော မြန်မာနိုင်ငံအောက်ပိုင်းဒေသအချို့မှာပါ။
အပင်ပေါက်နှုန်းကောင်းမွန်သော အဝါရောင်မိုစေ့ရောဂါဒဏ် ခံနိုင်သည့်မျိုးကို သုံးရန် ဖြစ်သည်။ ရေဆင်းပဲတီစိမ်း-၁၁ နှင့် ရေဆင်းပဲတီစိမ်း-၁၄ မျိုးများကို စိုက်ပျိုးသင့်ပါသည်။
ပဲမျိုးစုံသီးနှံတစ်မျိုးဖြစ်လေတော့ နိုက်ထရိုဂျင်အာဟာရအတွက် ပဲမြစ်ဖုဇီဝမြေသြဇာနှင့် လူးနယ်စိုက်ပျိုးရမှာ ဖြစ်ပါသည်။
တစ်ဧကလျှင် အပင်ဦးရေတစ်သိန်း အပြည့်အဝရရှိရန် တန်းကြား တစ်ပေခွဲ၊ ပင်ကြား ၃ မှ ၄ လက်မထားရှိ စိုက်ပျိုးရန်ဖြစ်သည်။
မတ်ပဲလိုပင် အပင်ငယ်စဉ် မှိုရောဂါကျရောက်ဖျက်ဆီးတတ်သေးတာပါ။ ပင်စည်ထိုးယင်လည်း ကျရောက်ဖျက်ဆီးတတ်တာဖြစ်သည်။ ကြိုတင်ကာကွယ်ရမှာ ဖြစ်ပါသည်။ ပေါင်းမြက်ကိုတော့ အပင်ငယ်စဉ်မှာ နိုင်နင်းအောင် နှိမ်နင်းထားဖို့ ဖြစ်ပါသည်။
အောက်တိုဘာလတွင် မုတ်သန်ဆုတ်ခွာသော်လည်း ဒေသအချို့တွင် မိုးကြီးရွာခြင်း၊ မိုးစွေခြင်းတွေ ဖြစ်တတ်ပါသည်။ ရိတ်သိမ်းဆဲစပါးများအလေအလွင့်မဖြစ်စေရေး၊ စိုက်ပျိုးဆဲ ဆောင်းသီးနှံများ အပင်ခြေရေမဝပ်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်ဖြစ်ပါသည်.
Nady Nwe
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါရှင့်
ဆက်စပ်မေးခွန်းများ
မတ်ပဲစိုက်ပျိုးရာမှာသုံးတဲ့မျိုးစေ့လူးနယ်ဆေးရဲ့ ကောင်းကျိုးနဲ့ အသုံးပြုလို့ရမဲ့ဆေးလေးညွှန်ပေးကြပါအုံးဆရာတို့
koHein Htet Soe • ဖြေကြားချက် 0 ခု
ရွှေဘိုပေါ်ဆန်းသက်လတ်စပါးသက် 77ရက်ရှိပါပီ။ဒီလ 13/14 ရက်က ဆစ်ပိုးကာကွယ်ဖို့ Profenofos+Lambda cyhalothrin ဆေးတွဲကို ဖြန်းခဲ့ပါတယ် ဒါမဲ့ ခုဆစ်ပိုးက လောက်ကောင်အဆင့်ရောက်ပီး ပင်စည်တွင်းဝင်ရောက်ဖျက်စီးနေကြလို့ပါ။ Acetamiprid20%+Fipronil 20% ပါတဲ့ဆေးထပ်ဖြန်းမလို့ပါဗျ။ သင့်တော်လားဗျ။တစ်ပတ်စောင့်ပီးမှဖြန်းရမလားဗျ။ဖြန်းဆေးဖြန်းပီး နဲ့ 3Gနဲ့ပိုတက် ရောပက်သုံးရင်ရော ပိုပီးအာနိသင်ထိနိုင်လားဗျ။
ko naing phyo wai • ဖြေကြားချက် 1 ခု
ယင်ဖြူ အရမ်းများနေပါတယ် ဖြုတ်စိမ်းလဲရှိတယ် Thiamethoxam -20 WDG (10 g) + Lambda Cyhalothrin -5W/ V(15 cc)ဖျန်းပါတယ် ယင်ဖြူ မပျောက်ဘူးဖြစ်နေပါတယ် Abamectin -1.8% W/ V (20cc) လဲဖျန်းပါတယ် ယင်ဖြူ အမြစ်ပျက် နှိပ်နှင်းရန် ဆေးနဲ့ မိုစေ့ ဗိုင်းရပ် ကာကွယ်ဆေးလေးသိချင်ပါတယ်ဗျာ
စည်သူလွင် • ဖြေကြားချက် 1 ခု
မတ်ပဲ ၁၅ .၂၀ရက်သားမှာ ဆာလ်ဖာ၈၀%ပါတဲ့ရွက်ဖျန်းဆေးဖျန်းလို့ရပြီလား ဆာလ်ဖာကို အလူမီနီယမ်မှိုသတ်ဆေးနဲ.ရောဖျန်းလို့ရလား
Sawsamson • ဖြေကြားချက် 2 ခု
စပါးရွက်မာ အမဲစက်များ ရှိနေတာဘာဖစ်လို့လဲ ဘယ်လိုကုသရမလဲဗျ
kyaw khaing oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
More from Soe Myint
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....