အပင်အကျိုးပြုအရည်အသွေးများ ပိုကောင်းအောင် နွားချေးကဲ့သို့သော မြေဆွေးများကို ပြုပြင်အသုံးချနည်း

04/05/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၄၉)

အော်ဂဲနစ်မြေသြဇာဖြစ်သော မြေဆွေးနှင့် ဇီဝမြေသြဇာများ ပူးတွဲသုံးခြင်းသည် သီးနှံအရည်အသွေး တိုးစေသည် (၁)

ဘာကြောင့်အသုံးပြုသင့်သလဲ?

  • ၁။၂၁ ရာစုတွင် အပင်များအတွက် ထိခိုက်မှုလျော့ကျစေသည့် ပတ်ဝန်းကျင်ဖြစ်စေသော နည်းပညာဖြစ်သည်။
  • ၂။ အော်ဂဲနစ်မြေသြဇာတစ်ခုချင်းစီ၏ ကောင်းသောအရည်အသွေးများကို တိုးလာစေသည့် မြေသြဇာ များ ပူးတွဲသုံးခြင်းဖြစ်သည်။

အော်ဂဲနစ်မြေသြဇာအမျိုးမျိုး

အာဟာရဆိုင်ရာ အရည်အသွေးများ

ဘိုကာရှီ ကောက်ရိုးမြေဆွေးပုံ၏ ရက်အလိုက် စီအန်(C:N) အချိုးကျခြင်း

ဘိုကာရှီ ကောက်ရိုးမြေဆွေးပုံ၏ ရက်အလိုက် နိုက်ထရိုဂျင် % ပါဝင်မှု

အော်ဂဲနစ်မြေသြဇာတစ်မျိုးစီ၏ စတီးဗီးယားပင်၏ အရွက်ခြောက်အလေးချိန် (ဂရမ်/တစ်ပင်) တိုးစေခြင်း

 

တွေ့ရှိချက်

  • ၁။ အော်ဂဲနစ်မြေသြဇာဖြစ်သော သိုးချေး ၊ ဘိုကာရှီ ၊ ကြက်ချေးတို့ကို သီးခြားစီသုံးခြင်းသည် စတီးဗီးယားပင်၏   အရွက်ခြောက်အလေးချိန် (ဂရမ်/တစ်ပင်) တိုးသည်။ ဘိုကာရှီမြေဆွေးသည် စတီးဗီးယားပင်၏ အရွက်ခြောက်အလေးချိန် (ဂရမ်/တစ်ပင်) အများဆုံးဖြစ်သည်။
  • ၂။ အီးအမ်သုံးထားသော အကျိုးပြုသက်ရှိပါဝင်သည့် ရက် ၈၅ - ၉ဝ သား ဘိုကာရှီ ကောက်ရိုးမြေဆွေးတွင် စီအမ်အချိုး ကျလာသည်။ ရက် ၆ဝ - ၉ဝ ရက်သားတွင် နိုက်ထရိုဂျင်% အမြင့်ဆုံးဖြစ်သည်။

အော်ဂဲနစ်မြေသြဇာ၏ အကျိုးပြုဇီဝကမ္မဖြစ်စဥ်မှတစ်ဆင့် အပင်အတွက် လက်တွေ့အကျိုးပြုမှုနှင့် အသုံးချနိုင်မှု ဆက်စပ်သုံးသပ်ချက်

၂၁ ရာစုတွင် လိုအပ်နေသော ဂေဟစနစ်မိတ်ဖက်ဖြစ်စဥ်အဖြစ် အော်ဂဲနစ်မြေသြဇာများ၏ အပင် အတွက် အရည်အသွေးကောင်းခြင်းကို တစ်ခုစီခွဲခြားအသုံးချခြင်းထက် စုပေါင်းအသုံးချခြင်း (Integrated use) ကို ဆောင်ရွက်သင့်သည်။

  • ၁။ တောင်သူများ၏ ကျွမ်းကျင်သော ပုံမှန်နည်းပညာအခြေခံများကို အသုံးချခြင်း။
  • ၂။ ရေရှည်သုံးသင့်သော အော်ဂဲနစ်မြေသြဇာများကို ဇီဝမြေသြဇာများပူးတွဲပြီး အရည်အသွေးတိုးစေခြင်း။
  • ၃။ ဖြည့်စွက်အာဟာရဓာတ်များပါဝင်သော အော်ဂဲနစ်မြေသြဇာများလည်း စျေးကွက်တွင်ရနိုင်ခြင်း။
  • ၄။ အပင်အရည်အသွေးကောင်းရန် ကုန်ကျစရိတ်လျှော့ချနိုင်သောနည်းများနှင့်
  • ၅။ ရာသီဥတုနှင့်လိုက်လျောညီထွေသောနည်းများဖြင့် စုပေါင်းဆောင်ရွက်သင့်သည်။

အော်ဂဲနစ်မြေသြဇာ အရည်အသွေးများ ပိုကောင်းအောင် ပြုပြင်သုံးစွဲပုံကို သီးနှံအလိုက်ဖော်ပြပါဦးမည်။

ကိုးကား

Jusoh et al. Composting of rice straw with effective microorganisms (EM) and its influence on

   compost quality Iranian Journal of Environmental Health Sciences & Engineering 2013, 10:17

Lozano-Contreras, M.G., Ramírez-Jaramillo, G. and RamírezSilva, J.H. (2021) Interaction Effects between Organic Fertilizers and Biofertilizers on the Growth of Stevia rebaudiana Bertoni. Open Access Library Journal, 8: e8065. https://doi.org/10.4236/oalib.1108065

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်