ENI ဖောင်ဒေးရှင်း၏ ကူညီထောက်ပံ့မှုဖြင့် မကွေး၊ မင်းလှ၊ မြို့သစ်ဒေသများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော PC Myanmar စီမံကိန်းမှ ထုတ်လွှင့်ပေးမယ့် နှမ်း၊ မြေပဲ၊ ဝါ၊ ဖရုံ၊ ခရမ်းချဉ် သီးနှံတွေမှာ ဆောင်ရွက်သင့်သော ရိတ်သိမ်းချိန်လွန်နည်းပညာများအကြောင်းကို စိုက်ပျိုးရေးဦးစီးဌာန၊ ရိတ်သိမ်းချိန်လွန် နည်းပညာဌာနခွဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမ ဒေါက်တာလှလှမြင့်ကို မေးမြန်းထားတဲ့ ရေဒီယို အစီအစဉ်လေးပဲ ဖြစ်ပါတယ်။
နှမ်း၊ မြေပဲ၊ ဝါ၊ ဖရုံ၊ ခရမ်းချဉ် သီးနှံတွေမှာ ဆောင်ရွက်သင့်သော ရိတ်သိမ်းချိန်လွန်နည်းပညာများအကြောင်းများ၊ နှမ်းထောင်ရာတွင် ပြုလုပ်သင့်သော အကြောင်းအရာများ၊ အရည်အသွေးကောင်းမြေပဲရရှိရန် ဘယ်လိုလုပ်ဆောင်ရမလဲ၊ မြေပဲတောင့်များ အခြောက်ခံရာတွင် လုပ်ဆောင်ရမည့်အချက်များ၊ အယ်ဖာတောက်ဆင်မှို ကင်းစင်အောင် လုပ်ဆောင်ရမည့်အချက်များ၊ ဝါထွက်ကောင်းအောင် ပြုလုပ်သင့်သည့်အချက်များ၊ ဝါဂွမ်းများ ထိခိုက်မှု နည်းစေမည့် အချက်များ၊ ဖရုံသီးများကောင်းစွာ သိုလှောင်ထားနိုင်ရန် လုပ်ဆောင်သင့်သည့် အချက်များ၊ သတိထားသင့်သည့် အချက်များ၊ ခရမ်းချဉ်သီးနှံများအတွက် အကောင်းဆုံး သိုလှောင်နိုင်ရန် လုပ်ဆောင်ရန်အခြေအနေများ၊ ရိတ်သိမ်းချိန်လွန် နည်းပညာများ အားနည်းခြင်းကြောင့် ဖြစ်ပေါ်လာသော အားနည်းချက်များကို ပြုပြင်သင့်သည့် အချက်များအကြောင်းကို တောင်သူများသိရှိနိုင်ရန်အတွက် ဖော်ပြပေးလိုက်ရပါတယ်ရှင်။
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်