ပိုတက်စီယမ်နိုက်ထရိတ် (ယမ်းစိမ်း)
ယမ်းစိမ်းဟုလူသိများသော ဓာတုပစ္စည်းကို အသွင်နှစ်မျိုးနှင့် တွေ့နိုင်သည်။ ပထမတစ်မျိုးမှာ ပိုတက်စီယမ်နိုက်ထရိတ် ဖြစ်ပြီး ဒုတိယတစ်မျိုးမှာ ဆိုဒီယမ်နိုက်ထရိတ်ဖြစ်သည်။ ထို ဓါတ်ပေါင်းနှစ်မျိုးလုံးကို မြေဩဇာအဖြစ် အသုံးပြုနိုင်သော် လည်း ပိုတက်စီယမ်နိုက်ထရိတ်ကိုသာ အလေးထားသုံးစွဲသင့်သည်။
ပိုတက်စီယမ်နိုက်ထရိတ်မှာ သာမန်မြေဩဇာများထက် သာလွန်ကောင်းမွန်သောမြေဩဇာဖြစ်ရုံမက ကမ္ဘာ့စိုက်ပျိုးရေး နယ်ပယ်တွင် ထိပ်တန်းဝင်မြေဩဇာတစ်မျိုးဖြစ်သည်။
ပိုတက်စီယမ်နိုက်ထရိတ်တွင်နိုက်ထရိုဂျင်ကို နိုက်ထရိတ်အဖြစ် 13 % နှင့် ပိုတက် K2O ကို 46 % ပါဝင်သည်။ ထို့ ကြောင့် N.P.K အချိုးအတိုကောက်အနေနှင့် 13 : 0 : 46 ဟုဖော်ပြသည်။
ဆိုဒီယမ်နိုက်ထရိတ်တွင်ကား အပင်၏အဓိကအာဟာရဖြစ်သော နိုက်ထရိတ်တစ်မျိုးတည်းသာ ပါဝင်သည်။ ယင်းအတွင်း ပါရှိသော ဆိုဒီယမ်မှာ အပင်များအတွက် မရှိမဖြစ်လိုအပ်သော ဒြပ်စင်မဟုတ်ပေ။
ဆိုဒီယမ်နိုက်ထရိတ်တွင်နိုက်ထရိုဂျင် 16.5 % သာပါဝင်သည်။ ထိုမြေဩဇာနှစ်မျိုးကို အပင်အာဟာရအရ နှိုင်းယှဉ်ကြည့် လျှင် ပိုတက်စီယမ်နိုက်ထရိတ် 13 : 0 : 46 က ဆိုဒီယမ်နိုက်ထရိတ် 16 : 5 : 0 : 0 ထက်များစွာသာလွန်ကြောင်း သိ သာသည်။
ထို့ကြောင့် စိုက်ပျိုးသူအနေနှင့် ထိုမြေဩဇာများကို ဝယ်ယူအသုံးပြုရာတွင် အရပ်အခေါ် ယမ်းစိမ်းအမည်ကို မသုံးဘဲ ပိုတက်စီယမ်နိုက်ထရိတ် 13 : 0 : 46 ကိုသာ ရွေးခြယ်ဝယ်ယူသင့်သည်။
ပိုတက်စီယမ်နိုက်ထရိတ်သည် မြေဩဇာကောင်းတစ်ရပ်ဖြစ်၍ ထူးခြားကောင်းမွန်သောလက္ခဏာများ ပါရှိနေသည်။
၁။ အပင်၏အဓိကအာဟာရ ၃ မျိုးအနက် ၂ မျိုးဖြစ်သော နိုက်ထရိုဂျင် ၁၃ နှင့် ပိုတက်စီယမ် ၄၆ ရာခိုင်နှုန်း ပါဝင် သည်။
၂။ အပင်အတွင်းဝင်ရောက်ရန် အလွန်လွယ်ကူသည်။ အမြစ်များမှသာမက အရွက်များမှလည်း လွယ်ကူလျှင်မြန်စွာ ဝင် ရောက်နိုင်သဖြင့် အရွက်ဖျန်းမြေဩဇာအဖြစ် အသုံးပြုနိုင်သည်။
၃။ အကယ်၍ နိုက်ထရိုဂျင်သည် အမိုးနီးယားအသွင်ဖြင့် ဝင်ရောက်ပါက အပင်အား အဆိပ်ဖြစ်စေနိုင်သည်။ ထိုသို့ အဆိပ်မဖြစ်ရန် အပင်အတွင်းဝင်ရောက်ပြီး မကြာမီအတွင်း ကာဘွန်ကွန်ပေါင်းများဖြင့် ထိုအဆိပ်ကို ဖြေဖျောက်ပစ်ရ သည်။ ပိုတက်စီယမ်နိုက်ထရိတ်မှ နိုက်ထရိုဂျင်မှာ နိုက်ထရိတ်ဖြစ်၍ အပင်အားအဆိပ်မသင့်၊ အပင်အတွင်း အချိန်အ တော်ကြာကြာအထိ ထိုအနေအထားအတိုင်း အန္တရာယ်ကင်းစွာ သိုထားနိုင်သည်။
၄။ ပိုတက်စီယမ်နိုက်ထရိတ်တွင် မည်သည့်ဓါတ်မြေဩဇာများတွင်မှ မတွေ့နိုင်သော ဟော်မုန်းကဲ့သို့ နှိုးဆွသတ္တိ Stimulating power ရှိသည်။
၅။ ပိုတက်စီယမ်နိုက်ထရိတ်သည် အပင်အတွင်း ဝင်ရောက်သွားသောအခါ အပင်အတွင်းရင့်မှည့်ဟော်မုန်း အက်သလင်း Ethylene ကိုဖြစ်ပေါ်စေသည်။ ဟော်မုန်း၏အစွမ်းကြောင့် ရင့်ပြီးအသီးများကို အရောင်တောက်ပစေသည်။ မှည့်ချိန်ကို စောစေပြီး ပို၍လှပတောက်ပြောင်သောအရောင်ကို ဖြစ်ထွန်းစေသည်။ အလေးချိန်ကိုလည်းတိုးစေသည်။ ကြက်မောက် သီး၊ ငရုတ်သီး၊ ခရမ်းချဉ်သီး၊ သရက်သီး အစရှိသည့် အပင်များတွင် အသုံးပြုနိုင်သည်။
အပင်မှရိတ်သိမ်းချိန်မတိုင်မီ အခြားရင့်မှည့်ဟော်မုန်းကို အသုံးပြုပါက အသီးများမှည့်ရုံသာမက အရွက်များပါ ဝါပြီးပျက် ဆီးသွားနိုင်သည်။ အကယ်၍ ပိုတက်စီယမ်နိုက်ထရိတ်ကို အသုံးပြုပါက အရွက်များမပျက်ဆီးပဲအသီးများကိုသာ မှည့်စေမည်ဖြစ်သည်။
၆။ အရွက်ဖျန်းဆေးအဖြစ် 0.5 % (ရေ ဆယ်ပိဿာတွင် ပိုတက်စီယမ်နိုက်ထရိတ် ၅ ကျပ်သား) ဖြင့် သီးနှံပင်၏သက် တမ်းတစ်လျောက် လိုအပ်သလိုအကြိမ်ကြိမ် ပက်ဖျန်းနိုင်သည်။
✔အပင်တိုင်းတွင်အချိန်မရွေးအသုံးပြုနိုင်သည်။
ဦးဖရက်သိန်းဖေ ၂၉/၁၁/၂၀၁၅
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကိုယ်တိုင်လုပ် အပင်အားဆေးများ
အကြောင်းအရာ 2
ပိုတက်စီယမ်
ရေချမ်း
လွန်ခဲ့သော ၂ လ ကနှမ်း မြေပဲ စတဲသစ်သီးဝလံမဟုတ်တဲ့ဆီထွက်သီးနှံတွေမှာရောအသုံးပြုလို့ရပါသလားခင်ဗျာ
Myo Hsan Oo
လွန်ခဲ့သော ၂ လ ကယမ်းစိမ်းပါဝင်သော အိမ်သုံးဆေး ဆားခါး ကို အပင်တွက် အသုံးပြုလို့ရပါသလား
ဦးလှပြုံး
လွန်ခဲ့သော ၂ နှစ် ကNPK. 0:52:34ကို သရက်ပန်းမပွင့်မှီအသုံးပြုလို့ရပါသလားခင်ဗျာ
မန်သစ်ခိုင်
လွန်ခဲ့သော ၃ နှစ် က၁၃း၀း၄၆ေမြသြဇာကဘာနာမည်နဲ႔ထွက်တာလည်း
Kyaw Bo Bo Htut
လွန်ခဲ့သော ၄ နှစ် ကပိုတက်စီယမ်နိုက်ထရိတ်က ဘယ်လိုဆိုင်မျိုးတွေမှာ၀ယ်လို့ရလဲခင်ဗျ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 3 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 4 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
နံပတ်2 • ဖြေကြားချက် 4 ခု
Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား
Khing Hein • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဦးဖရက်သိန်းဖေ
အားလုံး