ငွေနှင်းမှိုစိုက်ပျိုးရာတွင် ကြုံတွေ့ရသောပြဿနာများ

20/11/2020 12:45 PM တွင် ဝတ်ရည်အောင် ဝတ်ရည်အောင် မှ ရေးသား

မှိုမျှင်ပြည့်ပြီး ဖြူဖွေး‌သော်လည်းမှိုပွင့်မလာခြင်း

    မျိုးအလိုက် ကြိုက်နှစ်သက်သော အပူချိန်၊ အလင်းအမှောင်မရရှိခြင်း လုံလောက်သော လေထုစိုထိုင်းဆ မရခြင်း၊ မှိုမျိုးထုပ်ပေါင်းအနပ်မညီခြင်းနှင့် ဘတ်တီးရီးယားရောဂါတို့ကြောင့် ဖြစ်သည်။

ပထမအကြိမ်နှင့်ဒုတိယအကြိမ်ထွက်ရှိပြီး နောက်ထပ်မှို ထွက်မလာခြင်း

    ကုန်ကြမ်းအာဟာရနည်းပါးခြင်း၊ မှိုခူးစဉ် အသားစများကျန်ခဲ့ခြင်း၊ ရာသီဥတုပြင်းလွန်းချိန်တွင် စိုထိုင်းဆပေးနိုင်မှုအားနည်းခြင်းတို့ကြောင့်ဖြစ်သည်။

ကျပ်ခိုးမှိုရောဂါကျရောက်ခြင်း

    လေဝင်လေထွက်ညံ့ဖျင်းခြင်း၊ စိုက်ခန်းတွင်း သန့်ရှင်းမှုအားနည််းသော အချိန်များတွင်  အစိုဓာတ်မြင့်မားပါက ကျရောက်တတ်သည်။

အဝါရောင်ကျိချွဲမှိုများ ကျရောက်ခြင်း

    အပူချိန်မြင့်မားသောကာလ စိုက်ထုပ်ပေါ်မှာ အဝါရောင်မှိုမျှင်ကဲ့သို့ကျရောက်ပြီး အစိုဓာတ််ရလေ ပွားလေဖြစ်သည်။ အစိုဓာတ်ဖြတ်ခြင်း၊ လက်နှင့်ဖယ်ပေးခြင်း၊ အပူချိန်လျှော့ပေးခြင်း၊ EM5 ဖျန်းပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်သည်။             

မှိုရိုင်းများ ကျရောက်ပျက်စီးခြင်း

    ရင့်ကျက်ခန်းတွင်ဖယ်ထုတ်နိုင်သည်။ ပေါင်းမနပ်ခြင်း (သို့) ပေါင်းအနပ်မညီခြင်းကြောင့် ဖြစ်ပေါ်တတ်သည်။

မှိုပွင့်များဆက်လက်မကြီးထွားပဲညှိုးခြောက်ခြင်း

    သားဆက်ကြိမ်ရေများခြင်း၊ အောက်ဆီဂျင် အလုံအလောက်မရရှိခြင်း၊ ပူပြင်းလွန်း၍ အစိုဓာတ် အလုံအလောက်မရရှိခြင်းတို့ကြောင့် ဖြစ်သည်။ 

ဖျက်ပိုးများ

    မှိုစားယင်၊ မွှား၊ လိပ်ခုံးကျိုင်း၊ ခရုနှင့် ပက်ကျိတို့ကျရောက်သည်။

    မှိုစားယင် (၅) မျိုးတွေ့ရပြီး လောက်ကောင်အဓိကဖျက်ဆီးသည်။ အချို့မျိုးစိတ် များမှာ ၁၅°C အောက်နှင့် ၃၀°C အထက်တွင် ပေါက်ဖွားမှုနှေးသည်။ ပူသောရာသီတွင် ပေါက်ဖွားနှုန်းမြန်သည်။ အကောင်ကြီးဘဝတွင် မွှား၊ ဘတ်တီးရီးယားနှင့် မှိုရောဂါသယ်ဆောင်နိုင်သည်။ နှိမ်နှင်းရန်ခက်သည့်အတွက် ခံနိုင်ရည်ရှိသောမျိုးစိုက်ခြင်း၊ ခြင်ရိုက်ဘတ်တံ အသုံးပြုခြင်း၊ တမာဆေးရည်သုံးခြင်းနှင့် EM5 ဖျန်းခြင်းတို့ကြာင့် ကျရောက်မှုလျော့နည်းသည်။

မှတ်ချက် - လတ်လတ်ဆတ်ဆတ်ချက်ပြုတ်စားသုံးရသော စားသုံးကုန်ဖြစ်သောကြောင့် အခြားပိုးသတ်ဆေးများ (လုံးဝ)မသုံးသင့်ပါ။

  • မွှားသည် မှိုတွင် ဖျက်ဆီးမှုအမြင့်ဆုံး / သက်တမ်း (၂-၈) ပတ် အထိ ကြာမြင့်တတ်သည်။
  • အမျိုးအစား(၄)မျိုးရှိပြီးပူနွေးစွတ်စိုသော ရာသီဥတုကိုကြိုက်သည်။ စိုက်ခန်းအတွင်း မှိုမျှင်များကို စားသောက်ဖျက်ဆီးပြီး ၃ ရက်အတွင်း တစ်ခန်းလုံးပျံ့နှံ့နိုင်၍ ဖျက်ဆီးပစ်နိုင်သည်။
  • ကျရောက်သည်ကိုသိလျှင် အစိုဓာတ်ဖြတ်ခြင်း၊ ဆေးရွက်ကြီးပြုတ်ရေ ဖျန်းခြင်းနှင့် EM5 ဖျန်းတို့ကို ပြုလုပ်နိုင်သည်။
  • မွှားကျသောမှိုစိုက်ထုပ်များကို မီးရှို့ဖျက်ဆီးပစ်ရမည်။
  • မှိုစိုက်ခန်းကို (၃) လထိ မစိုက်ဘဲ သန်ံရှင်းရေးပြုလုပ်ပြီးမှ အသုံးပြုသင့်သည်။
  • လိပ်ခုံးကျိုင်းသည် မှိုပွင့်၊ အဖူးများကို စားသောက်ဖျက်ဆီးနိုင်သည်။
  • စိုက်ခန်းအောက်ခြေ သန့်ရှင်းမှုအားနည်းခြင်း၊ အောက်ခင်းမရှိသော မြေစိုက်တဲများကိုပုံမှန်သန့်ရှင်းခြင်း၊ အစိုဓာတ်ထိန်းရန် သဲခင်းများ ပြုလုပ်ပေးသင့်သည်။
  • ခရု၊ ပက်ကျိ ရာသီအလိုက်ကျရောက်တတ်သည်။  မှိုဖူး/ပွင့် စားသောက်ဖျက်ဆီးတတ်သည်။ စိုက်ခန်းပတ်လည် ပြောင်အောင်ရှင်းပြီး ဆေးရွက်ကြီးမှုန့်ဖြူး၍ ကာကွယ်တားဆီးနိုင်သည်။

ကိုးကားချက် - မှိုမျိုးစုံစိုက်ပျိုးထုတ်လုပ်နည်းများ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်