သီးနှံကာကွယ်ရေးအတွက် R ၆လုံး
ပိုး ရောဂါ ကျလာလို့ ဆေးသုံးတော့မယ်ဆိုရင် ပထမဦးစွာ မှန်မှန်ကန်ကန် (Right) စဉ်းစားရမယ့် အချက် ၆ချက်ရှိပါတယ်။
၁။ Right Type - ဆေးအမျိုးအစားမှန်ရမယ်
အပင်မှာကျရောက်တဲ့ ပိုး သို့မဟုတ် ရောဂါဖြစ်စေတဲ့သက်ရှိကို သေချာခွဲခြားရပါမယ်။ စုပ်စားပိုးလား အရွက်စားပိုးလား ပင်စည်ထိုးပိုးလား ခွဲခြားရပါမယ်။ ရောဂါဆိုရင်လည်း မှိုရောဂါလား ဘက်တီးရီးယားရောဂါလား ဗိုင်းရပ်စ်ရောဂါလားခွဲခြားရပါမယ်။ မှိုရောဂါဆိုရင်တောင်ဘယ်အုပ်စုကလဲ မှိုကိုအုပ်စုခွဲရပါမယ်။ ဒါကို အများစုမလုပ်နိုင်ပါဘူး။ မှန်မှန်ကန်ကန် ခွဲခြားနိုင်မှ ဆေးရွေးချယ်တဲ့အခါ မှန်ကန်မှာပါ။ နှောင်းပင်နာကျလိုရောဂါမျိုးကို Propiconazole လိုဆေးကမနိုင်ပါဘူး။ နာမည်ကြီးတဲ့ဆေးတိုင်း ဈေးကြီးတဲ့ဆေးတိုင်း ထိရောက်တဲ့ ကာကွယ်နှိမ်နင်းမှုကိုမပေးပါဘူး။ မှိုသတ်ဆေးတွေမှာ ဆေးထုတ်အများစုက ရွက်ပြောက် ရွက်ခြောက်နိုင်တယ်ဆိုတယ်။ ဒါပေမယ့် အပင်ရောဂါအများစုက ရွက်ပြောက် ရွက်ခြောက်တွေများတယ်မဟုတ်လား။ ဒီတော့ ရောဂါဖြစ်တိုင်း ဒီဆေးသုံးရမလိုဖြစ်နေတယ်။ ရွက်ပြောက်ဖြစ်ရင်တောင် သေချာရောဂါဖြစ်စေ သက်ရှိကို သေချာခွဲဖို့လိုပါတယ်။ ယင်ဖြူကျနေတာကို ထိသေတစ်မျိုးမျိုး သုံးနှိမ်နင်းတာလဲ အချည်းနှီးပါပဲ။ ပိုး ရောဂါဖြစ်စေတဲ့ သက်ရှိကို မှန်မှန်ကန်ကန်ခွဲနိုင်မှ ထိရောက်တဲ့ ကာကွယ်နှိမ်နင်းမှုကိုရမှာပါ။
၂။ Right Time - သုံးတဲ့အချိန်မှန်ရမယ်
ဆေးအုပ်စုတွေမှာ တစ်ချို့က မှိုရဲ့ အစောပိုင်းကိုပဲဟန့်တားတယ် တစ်ချို့က နောက်ပိုင်းအဆင့်ကိုဟန့်တားတယ်။ ဥပမာ Azoxystrobin လိုမျိုးဆေး ပင်လုံးမပြန့်တဲ့ Mancozeb လိုဆေးကို ရောဂါကျွမ်းမှ သုံးရင်အလကားပဲ။ သူတို့က မှိုရဲ့ ဇီဝကမ္မအစောပိုင်းကိုသာ ဟန့်တားတဲ့အတွက် ရောဂါကျဖို့ အလားအလာရှိရင် သူ့တို့ ကာကွယ်တဲ့အနေနဲ့သုံးနိုင်ပါတယ်။ ဒါပေမယ့် Difenocozole လိုမျိုးဆေးကျ နောက်ရောဂါအနည်းငယ်ဆိုးလာရင် ကုသဆေးအနေနဲ့ သုံးရပါတယ်။ ထိသေအများစုက အစောပိုင်းဟန့်တားတာမို့ အစောပိုင်း ကာကွယ်တဲ့အနေနဲ့ သုံးနိုင်ပါတယ်။ ပင်လုံးပြန့် အချို့ကလည်း ကုသတဲ့အနေနဲ့သုံးလို့ရပါတယ်။ အာ့ကျ ဘာမှစဉ်းစားမနေနဲ့ ပင်လုံးပြန့်ပဲသုံးမှာပေါ့လို့ဆိုရင်လည်း သူ့မှာအားနည်းချက်က မြန်မြန်ဆေးယဉ်လွယ်ပါတယ်။ ဒါကြောင့်သုံးတဲ့ဆေးအကြောင်းလည်း ကောင်းကောင်းသိဖို့လိုတာပေါ့။ ဆေးတွေမှာ ဆေးဖျန်းပြီး မစားရမယ့်ကာလရှိပါတယ်။ တစ်ချို့က တစ်လ တစ်ချို့က ၂ပတ် တစ်ချို့ biopesticide တွေဆို ၂ရက်ထိရှိပါတယ်။ ရောင်းခါနီးမှ သက်တမ်းကြာတဲ့ ဆေးမျိုးသုံးရင်တော့ စားသုံးသူမှာ ပြဿနာဖြစ်တာပေါ့။
၃။ Right Amount - သုံးတဲ့ပမာဏမှန်ရမယ်
အာ့တာလည်းအရေးကြီးပါတယ်။ ဆေးနှုန်းထားများတာပဲဖြစ်ဖြစ် နည်းတာပဲဖြစ်ဖြစ် ဆေးယဉ်တာကို အားပေးပါတယ်။ ပိုးကိုသေစေချင်တာနဲ့ ဆေးနှုန်းထားပိုလိုက်ရင်လည်း နောင်ကျ အဲ့လိုနှုန်းထားမဖျန်းရင်မနိုင်တော့ဘူး။ လျော့ဖြန်းရင်လည်း မကြိုက်တာကို နည်းနည်းစီကျွေး ယဉ်ပါးလာအောင်လုပ်သလိုပါပဲ။ ဒါမို့ဆေးနှုန်းထားမှန်မှန်ကန်ကန် ရွေးဖို့လိုပါတယ်။
၄။ Right place - ဆေးသုံးတဲ့နေရာမှန်ရမယ်
တစ်ချို့ ရေကြောကပြန့်တဲ့ဆေးတွေကို အောက်ရွက်တွေဖျန်းမှ အပင်အပေါ်ပြန့်ပါတယ်။ အဲ့လိုဆေးမျိုး အပင်အပေါ်ပိုင်းမှာ ဖျန်းရင်တစ်ပင်လုံးမပြန့်ပါဘူး။ အစာကြောက ပြန့်တဲ့ဆေးတွေက တစ်ပင်လုံးပြန့်နိုင်ပါတယ်။ မျိုးစေ့လူးနယ်မလား တန်းကြားထည့်မှာလား။ အနာကို သုတ်မှာလား။ အစရှိသဖြင့် ထိရောက်တဲ့နည်းကို သုံးစွဲရပါမယ်။
၅။ Right Environment - ရာသီဥတုအခြေအနေကောင်းရမယ်
ဆေးဖျန်းပြီး မိုးရွာလာရင်တော့ သုံးတဲ့ဆေးက ဘယ်ထိရောက်တော့မှာလဲ။ ပင်လုံးပြန့်တွေအတွက်တောင် အပင်ထဲစိမ့်ဝင် ပျံ့နှံ့ဖို့အနည်းဆုံး ၃နာရီလောက်တော့ ကြာသင့်ပါတယ်။ ဆေးစက်က ပင်တွင်းသေချာပြန့်နှံ့ဖို့ ဆေးစက်က မြန်မြန်ခြောက်သွားလို့ မရပါဘူး။ ဒီတော့ နေပူချိန်မှာ ဆေးမဖျန်းသင့်ပါဘူး။ လေအရမ်းတိုက်နေရင်လည်း ဆေးက ပတ်ဝန်းကျင်ကိုပြန့်လွင့်တာမို့ ဂရုစိုက်သင့်ပါတယ်။
၆။ Right Education - ဆေးတွေအကြောင်း ချင့်ချိန် စဉ်းစားနိုင်တဲ့ အသိဉာဏ်ရှိရမယ်
ဆေးအကြောင်းသေချာသိနေမှ ဆေးကိုသုံးသင့်တယ်။ ဓာတုဆေးတွေက သုံးတတ်ရင်ဆေးဖြစ်တယ်။ မသုံးတတ်တော့ ဘေးဖြစ်ပါတယ်။ ကိုယ်တွေနိုင်ငံမှာ တောင်သူမသိတာကို အခွင့်ကောင်းယူပြီး လုပ်စားသူတွေကလည်းများသား။ တစ်ခါက ကွင်းဆင်းတော့ ရောဂါက Cercospora လေ။ ကွင်းဆင်းဆေးရောင်းတဲ့သူက ထိသေတစ်မျိုး အကြွေးပေးတယ်။ ကျွန်တော်က ဒါမဖျန်းနဲ့ပြောပေမယ့် ဆေးညွှန်းပေမယ့် သူက အကြွေးရတာပဲ ယူတယ်။ ရောဂါက ETL လွန်မှ ဆေးရောင်းတဲ့သူက ကိုယ်ညွှန်းတဲ့ဆေးပေးတယ်။ အဲဒီအချိန်ကျ ဆေးသုံးလဲ အလကားပဲလေ။ တောင်သူအတွက် ကျန်ခဲ့တာ အကြွေးတွေပါ။ တစ်ချို့နေရာကျ ဘက်တီးရီးယားကျနေပါတယ်ဆိုတာတောင် မန်ကိုဇက်သုံးတဲ့နေရာရှိပါတယ်။ ဒီတော့ ဓာတုဆေးတွေအကြောင်း သေချာမသိပဲ ကိုင်တွယ်ခြင်းက ပတ်ဝန်းကျင် စားသုံးသူ ဆေးဖျန်းသူကိုယ်တိုင်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ပိုးမွှားရောဂါ ပြဿနာဖြစ်လာရင် တောင်သူက ဆေးကလွဲပြီး အခြားဟာစဉ်းစားမိမှာမဟုတ်ဘူး။ အခြားနည်းတွေဟာ ကာကွယ်မှသာ ထိရောက်တယ်။ မှို ပိုးသတ်ဆေးတွေ လုံးဝမသုံးရဘူးပြောသူဟာလည်း အစွန်းရောက်သလို ဒါကိုချည်း သုံးရမယ်ဆိုတာလည်း အစွန်းရောက်ပါတယ်။ ရောဂါ ပိုးမွှားကို သေချာစစ်ဆေးကာ မှန်မှန်ကန်ကန် သုံးစွဲနည်း ၆ ချက်နဲ့ လုပ်ကိုင်ရင် ပတ်ဝန်းကျင်နှင့် စားသုံးသူကိုအန္တရာယ်နည်းစေပါတယ်။ ဒါကြောင့် တောင်သူကို အမှန်တကယ် ကူညီမယ့် စိုက်ပျိုးရေးပညာရှင်တွေလည်း လိုပါတယ်။ ဓာတုဆေးတွေအကြောင်းလည်း သေချာလေ့လာသင့်ပါတယ်။
မောင်သူ့ထက်နိုင်
ဆရာမဒေါ်မြင့်မြင့်မေ၏ R၆လုံးမှ သီးနှံကာကွယ်ရေးသို့ဆွဲယူရေးသားသည်။
FSWG Facebook page မှ ပြန်လည်ကူးယူဖော်ပြပါသည်။
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
စိုက်ပျိုးရေးနဲ့မသက်ဆိုင်ပေမဲ့ ဗဟုသုတအနေနဲ့မေးချင်ပါတယ် ဒီနှစ်ဟာဝါထပ်တာလူတိုင်းသိပြီးဖြစ်ပါတယ် ဒီနေ့ စက်တင်ဘာ10ရက်နေ့ဟာ မြန်မာလ ဝါခေါင်လဆုတ်13ရက်ဖြစ်ပါတယ် အရင်နှစ်(2025)ဟာ ဝါမထပ်သောကြောင့် စက်တင်ဘာ 10ရက်(ဒီကနေ့) ဟာ တော်သလင်းလဆုတ်4ရက်ဖြစ်နေပါတယ် ထိုအရာမှာ ဒီနှစ်တော်သလင်းလဟာ အရင်နှစ် တော်သလင်းလထက် နောက်ကျ ကျန်နေပါတယ် ထို့ကြောင့် ဒီလကို တော်သလင်းလလို့ သတ်မှတ်လို့ရပါသလား ဘယ်လိုတေအမှန်ယူရမလဲ ရှင်းပြပေးပါဦးဆရာခင်ဗျ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ဆားခါးက သီးနှံတွေအတွက် ဘယ်လိုအကျိုးကျေးဇူးရှိတယ်ဆိုတာ ဗဟုသုတအနေနဲ့သိထားချင်ပါသဖြင့် ဆရာတို့ကျေးဇူးပြု၍ ဖြေကြားပေခဲ့ပါအုံးခဗျာ။
ကိုငြိမ်းဦး • ဖြေကြားချက် 1 ခု
ပေါင်းသတ်ဆေးဖြန်းလို့အဆင်ပြေအုံးမလားဗျ၁လသားတုန်းကကွန်းဟုပ်တစ်ကြိမ်ဖြန်းထားသေးလို့ကြွက်သတ်ဆေးကောဘာသုံးသင့်လဲဗျဘေးနားမှာကြက်ခြံရှိလို့
သူရစိုး • ဖြေကြားချက် 4 ခု
ပဲပုပ်နှင့် ပဲငပိကတူတူပဲလားဗျ ဒီဆေးတေသုံးလို့ရလားဗျ
ဇင်ကိုလတ် • ဖြေကြားချက် 2 ခု
နှိမ်နင်းရခက်တဲ့ဗီဇပြောင်းတက်ပွတ် တက်ကားကိုထိထိရောက်ရောက်နှိမ်နင်းနိုင်တဲ့ဆေးပေါ်ပြီလားဗျ
မျိုးဇော် • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026