မြေချဉ်လား ငံလား အလွယ်တိုင်းတာနည်း
မိမိခြံထဲ စိုက်ကွင်းမြေကို ချဉ်လား ငံလား တိုင်းတာပြီး မြေပြင်ကြမယ် စသဖြင့် အများစု လုပ်ကိုင်လာကြပါတယ်။ အချို့က လစ်တမတ် စက္ကူ နဲ့တိုင်းသလို ရေဆင်း စိုက်ပျိုးရေး သုတေသနဌာနက ထုတ်တဲ့ မြေဆီ ဓာတ်ခွဲသေတ္တာငယ် (soil test box) နဲ့ တိုင်းကြပါတယ်။ အချို့ကတော့ မြေချဉ်ငံတိုင်း ကိရိယာ (pH meter)နဲ့ တိုင်းတာပါတယ်။ အခက်အခဲရှိပြီး မြေအချဉ်အငံ တိုင်းလိုသူတွေ အတွက် အဆင်ပြေပါလိမ့်မယ်။ ဒီအကြောင်းမှာ ကျွန်တော် မြင်တာက မြေချဉ်တာ ငံတာကို အချို့လူတွေက pH meter ထောက်ပြီး ဓာတုတွေ အသုံးများလို့ မြေပျက်ပြီဆိုတာမျိုးကို ချက်ချင်း လက်မခံပါနဲ့။ မြေမှာ နေရာ (၁၀) နေရာလောက်ထောက်ပြီး မြေပျက်တယ်လို့ ချက်ချင်းကောက်ချက်ဆွဲလို့ မသင့်ပါ။ အနည်းဆုံး တစ်ဧကလောက်ရှိတဲ့မြေတွေမှာ အနည်းဆုံး မြေနမူနာ နေရာ (၂၀) အထက် များများ ယူလေ ကောင်းလေ ဖြစ်ပါတယ်။ မြေနမူနာ မယူသင့်တဲ့ နေရာတွေလည်း ရှိပါသေးတယ်။
(၁)မြေဆွေးပုံ ထားတဲ့နေရာ ဒါမှမဟုတ် အပင်ခြေမြေဆွေးမြေသြဇာ ပုံထားတဲ့နေရာ (၂) ကျောက်ကြမ်း များတဲ့နေရာ (၃) ခြံစည်းရိုး တာဘောင်နေရာ (၄) ရေဝပ်လွန်းသောနေရာနဲ့ ချောင်း၊ အိုင်နဲ့ ပေ ၃၀ ခန့်မှန်းအတွင်း (၅) ရေဖျော်တိုင်းသော ကိရိယာကို သုံးရမယ်ဆိုလျှင် ဥပမာ- လစ်တမတ်စက္ကူ ၊ pH meter တို့မှာ ရေကို ပီအိပ်ချ် ၇ (pH 7) ရှိတဲ့ ရေသန့်သာ သုံးသင့်ပါတယ်။ ရေသန့်ခက်သောနေရာမှာ ရေရဲ့ ချဉ်ငံကို အရင် စစ်ယူပြီးမှ အသုံးပြုရန် လိုပါတယ်။
ဒါတွေကို ရှောင်ကျဉ်ပြီး တိုင်းမှ အနီးစပ်ဆုံး အဖြေကို ရပါလိမ့်မယ်။ ကိရိယာလေးနဲ့ မြေတစ်ဆုပ်လောက်တိုင်းပြီး ချဉ်ပါတယ်၊ ငံပါတယ်ပြောရင် လုံးဝမယုံပါနဲ့။ တကယ်တိုင်းချင်ရင် စိုက်ခင်းအတိုင်းမြေနမူနာ ယူမယ် တောက်လျှောက်တိုင်းမယ်ဆိုရင် ဇစ်ဇက်ပုံ(zig zag) ပုံစံ လျှောက်ပြီး တိုင်းခြင်း မြေနမူနာ ယူမှုတွေ ပြုလုပ်သင့်ပါတယ်။ မြေနမူနာယူခြင်းကို ပြီးမှ သီးသန့်ပြောပါ့မယ်။ ဒီလိုတိုင်းမှ ၇၀ ရာခိုင်နှုန်း သာ မှန်တဲ့အဖြေလို့ သုံးသပ်ရပါလိမ့်မယ်။ မိမိခြံထဲမှာ မြေတွင်း အာဟာရ လိုအပ်တာသိဖို့ မြေချဉ်တာလား ငံနေတာလား အရင်သိရပါလိမ့်မယ်။ ပီအိပ်ချ် ၇ (pH 7) အထက်ဆို ငံတယ်၊ အောက်ဆို ချဉ်တယ်ဆိုတာ အားလုံးသိထားပြီးသားပါ။ မြေငံတွေမှာဆို သစ်ဆွေးဓာတ်ပမာဏ နည်းပါးနေတတ်လို့ သစ်ဆွေးတွေ ဖြစ်စေမည့်အရာတွေ များများ လိုအပ်ပြီး မြေချဉ်နေပြီဆိုရင်တော့ ထုံးထည့်ပြီးပြင်မယ်ပေါ့ဗျာ။
ဒီတော့ဗျာ မိမိခြံထဲက မြေကို ချဉ်လား ငံနေတာလားကို မီးဖိုချောင် ပစ္စည်းနဲ့ အလွယ်တကူ ခန့်မှန်းနိုင်တယ်ဆိုရင် ယုံမလား??
ချဉ်နေလား၊ ငံနေလား သိဖို့ ရှာလကာရည် နဲ့ မုန့်ဖုတ်ဆိုဒါ အနည်းငယ်ဆီ လိုအပ်ပြီး ဖန်ခွက် ၂လုံးရှိရပါလိမ့်မယ်။ ရေသန့် တဘူး အပါအဝင်ပေါ့ဗျာ။ မြေကြီး တခွက်စာကို ဖန်ခွက်ထဲထည့် ရှာလကာရည် ခွက်တဝက်ကိုထည့် ရောပြီး ဇွန်းနဲ့မွှေရန် လိုအပ်ပါတယ်။ အမြုပ် တစီစီထွက်လာရင် ပီအိပ်ခ်ျ ၇-၈(pH 7-8) ကြားရှိတယ်လို့ အဖြေရပါတယ်။ အမြုပ်မထွက်ဘူးဆိုလျှင် မိမိယူလာတဲ့မြေတခွက်ကို တခြားဖန်ခွက်ထဲမှာ မြေကြီးတခွက်၊ ဆိုဒါ ခွက်တဝက် ရေသန့်ထည့်ပြီး မွှေလိုက်ပါ။ အမြုပ် တစီစီထွက်လာရင် ပီအိပ်ချ် ၅-၆ (pH 5-6) လို့ ယူဆတဲ့ အဖြေထွက်ပြီပေါ့ဗျာ။ စမ်းသပ်မှု ၂ခုလုံးမှာ ချဉ်ငံကိန်း ၇ (pH 7) ရတဲ့ မြေအုပ်စုကတော့ အလွန်ရှားပါလိမ့်မယ်။ မြေတခု စမ်းတိုင်းမှာ ဖန်ခွက် ၂လုံး၊ တလုံးက ရှာလကာရည် တလုံးက မုန့်ဖုတ်ဆော်ဒါ ရေဖျော်ပြီး တပြိုင်တည်း ယှဉ်စမ်းခြင်းက သိသာထင်ရှားစေပါတယ်။ ချိန်ခွက်ဆိုတာက နို့ဆီခွက် စသဖြင့် ပမာဏတခု တိုင်းတာရန် အတွက်ဖြစ်ပါတယ်။
မြေနမူနာယူနည်း
မြေ နမူနာယူမယ်ဆိုရင် ပေါက်ပြားနဲ့ ဂေါ်ပြား အိတ်တလုံး လိုပါလိမ့်မယ်။ ပေါက်ပြားနဲ့ မြေနမူနာယူမယ့်နေရာ ရှင်းပြီး ဗွီ(V) ပုံ မြေကိုပေါက်ထုတ်ပြီး မြေအလယ်သားကို ဖယ်ရပါလိမ့်မယ်။ ပြီးရင် ဂေါ်ပြားနဲ့ V ပုံ ကျင်းနောက်ကနေ ကိတ်မုန့်လှီးသလို လှီးချရပါမယ်။ အဲဒီမျက်နှာ၂ခုကမြေကို သမစွာမွှေပြီး အိတ်ထဲ ထည့်ရပါလိမ့်မယ်။ ထိုနည်းအတွင်း နေရာပေါင်းစုံမှ မြေကို ထိုအိတ်ထဲမှ စုထည့်ပြီး မိုးကာပေါ် တလင်းပေါ်မှာ သမအောင် ကြိမ်ဖန်များစွာ မွှေပြီး မြေချဉ်ငံကိန်းကို တိုင်းနိုင်ပါတယ်။
Khant Zaw Htet (ACOM)
အမည်မသိ
လွန်ခဲ့သော ၃ နှစ် ကsoil text box ဘယ်မှာ ဝယ်လို့ ရနိုင်မလဲ ခင်ဗျ။
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါခင်ဗျာ ကျွန်တော် ဒီတခါ သိချင်တာက ကျနော့် ငရုတ်ခင်းက ပုလဲဓါတ် ပိုသုံးလိုက်လို့ အပင်ခြေက မြေမာလာပါတယ် အဲဒါ ကျောက်မှုန့်ကို အပင်ခြေကို ထည့်လို့ရသလား သိချင်လို့ပါ ဖြေပေးကျပါဦး ခဗျ
Aung Aung • ဖြေကြားချက် 1 ခု
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
မဂ်လာပါEM ၁လီတာဗူးကို ၁ဧက အတွက်အကုန်သုံးရမှာလာ ဆေးပုံးတစ်ပုံးကိုဘယ်လောက်ဖျန်းရမလဲဖြေကြားပေးပါ။
bominthu • ဖြေကြားချက် 1 ခု
အိမ်စားဖို့ ဆလပ်ရွက် ၊ ပူစီနံ ၊ ကိုက်လန်၊ ကန်စွန်း၊နံနံ ၊ အစရှိတဲ့ ဟင်းသီးဟင်းရွက်ပင်လေးတွေ ပျိုးထားပါတယ်။ စိုက်ပျိုးဖို့မြေက အဆင်ပြေရဲ့လား ဘာထည့်ပေးရဦးမလဲ သိချင်လို့ပါဆရာ။ မြေကြီးစမ်းသပ်ကြည့်တာကတော့ - အောက်ဆုံးအလွှာ 1.5cm အလယ်အလွှာ 1.4cm အပေါ်ဆုံးအလွှာ 0.6cm စုစုပေါင်းအမြင့် 3.5cm ရှိပါတယ်။ ကျေးဇူးပြု၍ဖြေကြားပေးပါခင်ဗျာ။
ကို ငယ် • ဖြေကြားချက် 2 ခု
မြေသန်ဆေးဘယ်မာဝယ်လို့ရလဲ
Hmai OoSwe • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from Khant Zaw Htet
အားလုံး