လျှော်ဖြူခြံ တည်ထောင်တော့မယ်ဆိုရင်

04/04/2018 16:47 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။
လျော်ဖြူခြံများ တည်ထောင်ရာတွင် မြေနေရာရွေးချယ်မှုနှင့် ပါတ်သက်၍ ဝိဝါဒကွဲပြားမှု ရှိနေမည်ဖြစ်ပါသည်။အလွန်ဆိုးဝါးသောမြေနှင့် ရေဝပ်ဒါဏ် မခံနိုင်ခြင်းမှအပ ဇီဇာမကြောင်သော သစ်ပင်ဖြစ်ခြင်းကြောင့် တော်ရုံမြေအမျိုးအစားတွင် ဖြစ်ထွန်းသည် ဆိုသော်လည်း စိုက်ပျိုးသူ၏ ငွေကြေးသုံးစွဲနိုင်မှု နှင့်စဉ်းစားချင်ချိန်နိုင်မှု အပေါ်မူတည်၍ အဆုံးအဖြတ် ပေးသွားမည်ဖြစ်ရာ တန်ကြေးမြင့်မားခြင်း နိမ့်ကျခြင်းတို့သည် လမ်းပန်းဆက်သွယ်ရေး မြေအမျိုးအစား ရာသီဥတု ရေရရှိမှု စသော ကောင်းမွန်မှု ဆိုးဝါးမှုတို့အား အဆုံးအဖြတ် ပေးသွားမည်ဖြစ်ပါသည်။
 
မည်သူမဆို လမ်းပန်းဆက်သွယ်ရေး ရေ၊ မြေ၊ ရာသီဥတု ကောင်းမွန်သောနေရာတွင်သာ စိုက်ပျိုးလိုကြမှာပါ။ဒါပေမဲ့ ကိုယ်နိုင်သောဝန်နှင့်ချင့်ချိန် လုပ်ရတာဆိုတော့ မိမိနှင့် ကိုက်ညီသောမြေကိုသာ ရွေးချယ်စိုက်ပျိုးပြီး လျော်ဖြူနှင့်ထိုက်တန်သော ပြုစုထိန်းသိမ်းမှု လုပ်ရတော့မှာလေ လျော်ဖြူက အကြမ်းဒါဏ်ခံ ဇီဇာမကြောင်သော သစ်ပင်ဆိုတာ အမြဲအမှတ်ရ နေရန်လိုပြီး သူကို ပျော့ညံ့သွားအောင် ဇီဇာကြောင် မသွားအောင် မလုပ်ရန်လိုအပ်ပါတယ်။
 
မိမိပုဂ္ဂလိကအမြင် အယူအဆအရ ပြောရပါလျင် လျော်ဖြူသည် တန်ဘိုးမြင့်မားသော သစ်ပင်ထဲတွင် ထည်သွင်းခြင်း မပြုသင့်သေး၍ မပါဝင်သေးသောကြောင့် သူနှင့်တန်သော စိုက်ပျိုးမြေ ပြုစုထိန်းသိမ်းမှုကိုသာ လုပ်သင့်သည်ဟုမြင်၍ ငွေကြေးရင်နှီးမှု များစွာစိုက်ထုတ်၍ မျော်လင့်ချက် မြင့်မားစွာဖြင့် မလုပ်ဆောင်သင့်ဘဲ အတိုင်းအတာ တစ်ခုအနေဖြင့်သာ မျော်မှန်း လုပ်ဆောင်သင့်သည်ဟု အကြံပြုလိုပါသည်။
 
မျော်လင့်ချက် များစွာထား၍ ကုန်ကျစရိတ်များစွာ အကုန်အကျခံ လုပ်ဆောင်ခဲ့သော်လည်း မျှော်လင့်သည့် အတိုင်း ဖြစ်မလာခဲ့သော သစ်ပင်များ သီးနှံများ လုပ်ငန်းများ မိမိတို့ကြုံတွေ့ခဲ့ဘူးကြသည်မဟုတ်ပါလား။ ဒီတွင်ပြောစရာ အချို့ရှိလာနိုင်ပါသည် မိမိစိုက်သောသစ်ပင်မှ ထွက်ကုန်သည် လက်ရှိစျေးနှုန်း မြင်မားနေပြီး အဖိုးတန်သစ်ပင်မို့ ငွေကြေးများများ စိုက်ထုတ်ရင်းနှီး မည်ဆိုသော အတွေးနှင့်ပြောကြမှာပါ။
 
မိမိအနေဖြင့်ပြောလိုတာကတော့ ယခု တစ်နေ့လျှင် သိန်းချီ၍ ဝင်ငွေရနေသော လျော်ဖြူခြံပိုင်ရှင်များသည် စတင်စိုက်ပျိုးချိန်က မိမိစိုက်သည့်ခြံမှ တစ်ပင်လျင် (၁ကျပ်သား)နှုန်း အပင်(၁၀၀)စိုက်လျင် တစ်ပိဿာထွက်တစ်ပိဿာလျှင်(၁၀၀၀၀ကျပ်)စျေးနှင့် မျော်မှန်း တွက်ချက်ပြီး စိုက်ခဲ့ကြတာပါ။ ဒါပေမဲ့ အကျိုးခံစားမှုက ယခုတော့ ဆထက်တန်ဘိုး မြင့်မား၍ နေသည်ကို တွေ့ရပါတယ်။ အစေးစျေးနှုန်းကလည်း မြင့်လားလာတာကိုး။
 
ထိုသူများအနေဖြင့်လည်း ထိုက်သင့်သော တွက်ချက်မျှော်မှန်းမှုနှင့် လုပ်ဆောင်ခဲ့ခြင်းကြောင့် မလိုအပ်သော အသုံးစရိတ်များ မသုံးစွဲခြင်း သစ်ပင်နှင့်ကိုက်ညီ သင့်လျော်သော ပြုစုထိန်းသိမ်းမှုကိုသာ လုပ်ဆောင်ခဲ့ခြင်းကြောင့်သစ်ပင်များသည်ကြံခိုင်နေပြီး ဒေသ၏ ရေမြေရာသီဥတုနှင့် တစ်သားတည်းဖြစ်နေခြင်းကလည်း ပြုစုထိမ်းသိမ်းမှု အပါအဝင် ကုန်ကျစရိတ်နည်းပါးပြီး အမြတ်အစွန်း ပိုမိုရရှိစေတာပါ။
 
ဒီတော့ သင်သာ လျော်ဖြူစိုက်ပျိုးမည့်သူ စိုက်ပျိုးနေသူသာဆိုလျင် သစ်ပင် အကျင့်ပျက်အောင် လျော်ဖြူနှင့်မကိုက်ညီသော သာလွန်မြင့်မားသော ပြုစုထိန်းသိမ်းမှုအားလုပ်ဆောင် သွားမည်လားဆိုတာကိုတော့ စဉ်းစားချင့်ချိန် ဆုံးဖြတ်ရန် လိုအပ်ပေမည်။ ငွေကြေးတတ်နိုင်သူများကတော့ လုပ်နေမယ်လို့ ယုံကြည်ပါတယ်။လျော်ဖြူနှင့်ဆန့်ကျင်ဘက် အမြတ်အစွန်းများသည်ဟု ကျော်ကြားခဲ့သော ကျော်ကြားသော သစ်ပင်များ သီးနှံများအား စိုက်ပျိုးသူတို့သည် လက်ရှိ လျော်ဖြူအစေး အများအပြား ထုတ်လုပ်နေသော ခြံပိုင်ရှင်များလောက် အကျိုးအမြတ်ရနေပါသလား ရနိုင်မည်လား။ မရရှိပါ မရနိုင်ပါလို့ပြောပါရစေ။
 
အဘယ်ကြောင့်နည်း
 
တန်ဖိုးမြင့်သစ်ပင်များအတွက် ရင်နှီးမြုပ်နှံမှု၊ ပံ့ပိုးမှု၊ ပြုစုထိမ်းသိမ်းမှု အတွက် ကုန်ကျစရိတ်များက မြင့်မားနေလို့ပါ။တန်ဖိုးမြင့်သစ်ပင်စိုက်ပျိုးသည် ဆိုတော့လည်း လမ်းပန်းဆက်သွယ်ရေး ရာသီဥတု မြေအမျိုးအစား ရေရရှိမှု အခြေခံ အဆောက်အဦး၊ စက်ယန္တယား၊ ဝန်ထမ်း၊ လုပ်သား အပြည့်အစုံ နှင့် လုပ်ဆောင်ရမည်ဖြစ်သလို ထိုက်သင့်သော ပြုစုထိန်းသိမ်းမှု လုပ်ရမှာပင်။ ဒီလို ရင်းနှီးမြုပ်နှံမှု များများဖြင့် အမြတ်အစွန်းများများရရန်မျော်လင့်ချက် မြင့်မားစွာဖြင့် လုပ်ဆောင်ခဲ့သော်လည်း ထင်သလိုဖြစ်မလာ၊ ရမလာ ဖြစ်လာ ရလာတာကတော့  အမြတ်အစွန်းနည်းခြင်းနဲ့ ရှုံးနိမ့်ခြင်းပါဘဲ။ ဒီတော့ အချို့စိုက်ပျိုးသူများ စိုက်ပျိုးရေးလောကမှ စောစီးစွာ စွန့်ခွာသွားရခြင်းပါ။  
 
စိုက်ပျိုးရေး ဆိုသည်မှာကား သချင်္ာနည်းဖြင့် တွက်၍မရဘူး ဆိုတာကို တကယ်စိုက်ပျိုးရေး လုပ်လာလျှင် သိလာပါလိမ့်မည်။ ဒီတော့ လျော်ဖြူစိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းတွင် ငွေကြေးရင်နှီးမှု များစွာလိုအပ်သလား။ မလိုအပ်ဘူးဆိုတာ ခွဲခြားသိမြင်နိုင်ပြီလို့ ယုံကြည်ယူဆရင်း……..
 
ဦးသက်လွင်(ထန်းညီနောင်ပျိုးဥယျာဉ်)

ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်