အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စုပ်စားပိုးတော်တော်များများကိုနိုင်တဲ့ သဘာဝတမာပိုးသတ်ဆေး အသုံးပြုနည်း

စုပ်စားပိုးတော်တော်များများကိုနိုင်တဲ့ သဘာဝတမာပိုးသတ်ဆေး အသုံးပြုနည်း

  • အင်္ဂလိပ်အမည် - Neem Tree
  • ရုက္ခဗေဒအမည် - Azadirachta indica 

တမာပင်ဟာ အပူပိုင်းနဲ့ သမပိုင်းရာသီဥတုရှိတဲ့ နေရာဒေသတွေမှာ ရှင်သန်ပေါက်ရောက်တဲ့အပင် ဖြစ်ပါတယ်။ တမာပင်ဟာ သဘာဝပိုးသတ်ဆေးတွေ ပိုးနှင်ဆေးတွေ ပြုလုပ်ရာမှာ ထည့်သွင်းအသုံးပြုနိုင်တဲ့ အပင်တွေထဲက တစ်ပင်လည်းဖြစ်ပါတယ်။ ထို့အပြင် စီးပွားရေးအရလည်း အရေးပါတဲ့အပင်ဖြစ်ပြီး အပင်နဲ့ သတ္တဝါတွေရဲ့ ကျန်းမာရေးဆိုင်ရာ ကုသမှုတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်တဲ့ အပင်ဖြစ်ပါတယ်။ တမာပင်ကနေထွက်ရှိတဲ့ သဘာဝပစ္စည်းတွေကို မြေဩဇာနဲ့ ပိုးသတ်ဆေးပြုလုပ်တဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ တမာဆီ၊ တမာအမှုန့်၊ တမာရွက်နဲ့ တမာကြိတ်ဖက် စတာတွေကို အကျိုးရှိရှိ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

တမာပင်မှာရှိနေတဲ့ အာနိသင်တွေဟာ ပျပိုး၊ လှေးပိုး၊ ဖြုတ်စိမ်း၊ ဖြုတ်ညို၊ အကြေးပိုး၊ သီးလုံးဖောက်ပိုး၊ ယင်ဖြူ၊ ကမျဥ်းနီ၊ မှက်၊ ကျိုင်းကောင်၊ နှံကောင်၊ ငမြှောင်တောင်၊ ရွက်စားပိုးနဲ့ ဂျပိုးအုပ်စုဝင် စတဲ့အဖျက်ပိုးတွေကို ကာကွယ်နှိမ်နင်းပေးနိုင်ပါတယ်။ 

တမာဆီနဲ့ တမာရွက်မှာ အဓိကပါဝင်တဲ့ အရာကတော့ အဇာဒီရက်ခ်တင် (Azadirachtin) နဲ့ ဆလန်နင် (Salannin) ဆိုတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဒြပ်ပေါင်း ၂ မျိုးမှာဆိုရင် အင်းဆက်ပိုးမွှား အတော်များများကို ကာကွယ်နှိမ်နင်းနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ တမာပင်ကနေ ရရှိတဲ့ သဘာဝပစ္စည်းတွေဟာ ထူးခြားတဲ့ အာနိသင်ရှိကြပါတယ်။

တမာပိုးသတ်ဆေးတွေဟာ ဓာတုပိုးသတ်ဆေးတွေလို အဖျက်ပိုးတွေကို ချက်ချင်း သေစေနိုင်တာမျိုး မဟုတ်ပါဘူး။ တမာပိုးသတ်ဆေးတွေ ဖျန်းလိုက်ခြင်းအားဖြင့် အဖျက်ပိုးတွေကို အစာစားချင်စိတ်လျော့နည်းစေတာ၊ မအီမသာဖြစ်စေတာနဲ့ စိုက်ခင်းတွေဆီ မလာနိုင်တာမျိုးတွေ ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ အဓိကအားဖြင့် တမာပိုးသတ်ဆေးဆိုတာ ပိုးနှင်ပေးတဲ့သဘော ဖြစ်ပါတယ်။ တမာကို သဘာဝပိုးသတ်ဆေးအနေနဲ့ အသုံးပြုမယ်ဆိုရင် နည်းလမ်း ၂ မျိုးရှိပါတယ်။ တမာဆီ နဲ့ တမာရွက်ကို အသုံးပြုခြင်းဖြစ်ပါတယ်။ 

တမာဆီအသုံးပြုခြင်း  

အသင့်အသုံးပြုနိုင်တဲ့ တမာဆီတွေရှိပေမယ့် ယခုဆောင်းပါးမှာတော့ မိမိအိမ်မှာ တစ်နိုင်တစ်ပိုင် ပြုလုပ်အသုံးပြုလိုသူတွေအတွက် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ တမာဆီနဲ့ တမာကြိတ်ဖက်ဟာ အသုံးဝင်တဲ့ သဘာဝပစ္စည်းတွေဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ တမာအစေ့ကနေ တမာအဆီရရှိအောင်ကြိတ်ပြီးတဲ့နောက် ကျန်ရှိတဲ့ တမာကြိတ်ဖက်တွေကို သီးသန့်စုစည်းထားရပါတယ်။ ထွက်ရှိလာတဲ့ တမာဆီနဲ့ တမာကြိတ်ဖက်တွေကို ပိုးသတ်ဆေးအနေနဲ့ အသုံးပြုနိုင်ပါတယ်။ ၂ မျိုးစလုံးကို အသုံးပြုနိုင်တယ်ဆိုပေမယ့် ယေဘုယျအားဖြင့်တော့ တမာဆီကိုပဲ ပိုးသတ်ဆေးအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။ သို့ပေမဲ့ တမာဆီကို ၎င်းတစ်မျိုးတည်းအသုံးပြုပြီး အပင်တွေကို ဖျန်းလို့မရသေးပါဘူး။ ဖျန်းတဲ့အခါမှာ အဆီတွေကို အရည်ပျော်အောင် ဖျော်စပ်ဖို့လိုပါသေးတယ်။ သဘာဝအရ ရေနဲ့ ဆီဟာ ဖျော်စပ်လို့မရနိုင်ပါဘူး။ ဆီဟာ ရေမှာပျော်ဝင်နိုင်ခြင်း မရှိတာကြောင့် ရေအသုံးပြုမယ့်အစား အကူပစ္စည်းအနေနဲ့ ရိုးရိုးဆပ်ပြာအရည် (သို့မဟုတ်) အမည်းရောင်ရှိတဲ့ ဆပ်ပြာတွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အမည်းရောင်ဆပ်ပြာတွေဟာ များသောအားဖြင့် သဘာဝအော်ဂဲနစ်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး ပိုးတွေကို ခုခံနိုင်စွမ်းရှိတာကြောင့် ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ဆပ်ပြာကို ရေနဲ့ ဖျော်စပ်ရမှာ ဖြစ်ပါတယ်။ ဆပ်ပြာ ၁ ကီလိုဂရမ်ဆိုရင် ရေ ၅ လီတာနဲ့ ဖျော်စပ်နိုင်ပါတယ်။ ဆေးဖျန်းဖို့အတွက်ဖျော်စပ်ပုံကတော့ 

တမာဆီ ကိုတော့ ရေတစ်ဂါလံလျှင် ၁၀ စီစီနှုန်း၊ 

ဆေးဖျန်းပုံးတစ်ပုံးတွက်ဆိုလျှင် တမာဆီ ၄၀ စီစီ မှ ၅၀ စီစီခန့်ထည့်ရပါမယ်။ 

ဆပ်ပြာဖျော်ရည်ကတော့ ဆေးဖျန်းပုံးတစ်ပုံးတွက် ၄၀ စီစီနှုန်း ထည့်နိုင်ပါတယ်။

ထို့နောက် ၎င်း တမာဆီနဲ့ ဆပ်ပြာရည် ၂ မျိုးကို ရောကာ  လှုပ်ခါပေးရပါမယ်။ ပြီးလျှင် ဆေးဖျန်းပုံးအတွင်းသို့ ရေထည့်ကာ သဘာဝပိုးသတ်ဆေးအနေနဲ့ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ 

ယနေ့အချိန်မှာတော့ အသင့်အသုံးပြုနိုင်တဲ့ တမာဆီတွေ ရှိနေပြီဖြစ်လို့ အလွယ်တကူ ဝယ်ယူအသုံးပြုနိုင်ပါတယ်။

ဒီလိုဆေးတွေဖျန်းမယ်ဆိုရင် အဖျက်ပိုးတွေ မကျရောက်ခင်ကတည်းက ပုံမှန်ကြိုတင်ဖျန်းပေးဖို့ လိုအပ်ပါတယ်။ ဓာတုပိုးသတ်ဆေးတွေလို မဟုတ်တာကြောင့် ပိုးကျရောက်တာတွေ့မှ ဖျန်းမယ်ဆိုရင်တော့ ထိရောက်မှုနည်းနိုင်ပါတယ်။ ကြိုတင်ဖျန်းထားခြင်းဖြင့် ပိုးသတ်ဆေးရဲ့အနံ့နဲ့ ပိုးမွှားတွေကို နှင်ပေးနိုင်သလို ပိုးတွေရဲ့ကြီးထွားမှုကို ရပ်တန့်စေပြီး အဖျက်ပိုးများရဲ့ မျိုးဆက်နဲ့ မျိုးပွားနိုင်မှုကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။  

တမာရွက်အသုံးပြုခြင်း 

တမာအရွက်ကိုလည်း တမာအဆီလိုပဲ ထိရောက်မှုရှိတဲ့ သဘာဝပိုးနှင်ဆေး အဖြစ်နဲ့ အသုံးပြုနိုင်ပါတယ်။ ပထမဆုံးအနေနဲ့ လက်ဆတ်တဲ့ တမာရွက်တွေခူးဆွတ်ရပါမယ်။ ပြီးရင် ရေထဲမှာ ၂ ပတ်ခန့် စိမ်ထားရမှာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်တာဟာ အရွက်ထဲမှာရှိတဲ့ အဇာဒီရက်တင် (Azadirachtin) ဆိုတဲ့ ဓာတ်ကို ရရှိအောင်ပြုလုပ်ခြင်းဖြစ်ပါတယ်။ ၂ ပတ် ပြည့်တဲ့အခါမှာ အစိမ်းရောင်ရှိသောအရည်ကို ရရှိမှာဖြစ်ပါတယ်။ ပြီးလျှင် အရည်ကို စစ်ယူပြီး ဆေးဖျန်းပုံးထဲထည့်ကာ ဖျန်းနိုင်ပြီ ဖြစ်ပါတယ်။ ၎င်းအရည်ကို ရေနဲ့လုံးဝ ထပ်မရောဘဲ ဖျန်းရမှာ ဖြစ်ပါတယ်။

ထို့ကြောင့် မိမိပတ်ဝန်းကျင်မှာ တမာပင်ရှိတယ် အသုံးပြုဖို့လည်း လွယ်ကူတယ်ဆိုရင်တော့ သဘာဝပိုးသတ်ဆေး (သို့မဟုတ်) ပိုးနှင်ဆေးအနေနဲ့  အသုံးပြုနိုင်ပါတယ်။ 

ကိုးကားချက် 

https://www.justagric.com/ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

4
Kaung San

Kaung San

လွန်ခဲ့သော ၂ နှစ် က

အရက်ဆီဦးရေသုံးတယ်ဗျကျနော်ကတော့ အဆင်ပြေပါတယ်

Win Myat Chel

Win Myat Chel

လွန်ခဲ့သော ၂ နှစ် က

အရက်က တောအရက်သူံးလို့ရလားရှင့် ဘယ်အရက်သုံးရမလဲရှင့် တမာပိုးသတ်ဆေးပြုလုပ်ရာမှာ

U Pyae Sone Thant

U Pyae Sone Thant

လွန်ခဲ့သော ၂ နှစ် က

တမာရွက်နှင့် ရေအချိုးစား သိပါရစေ ခင်ဗျာ

Aye Min

Aye Min

လွန်ခဲ့သော ၂ နှစ် က

တမာဆီကို ဘယ်မှာဝယ်လို့ရပါသဲ ခဗျ

You

ဆက်စပ်မေးခွန်းများ

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 1 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

ခုလိုမျိုး ၂ပင်လောက် ဖြစ်နေတယ်ခဗျာ အစားကျွေးထားတာ၅ရက်ရှိပါပြီး အမိုင်နိုဆေးဖြန်းထားပါတယ် အစားကျွေးတာများလို့ခဗျာ ဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 5 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။