ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ ဥစိုက်ပျိုးနည်း

09/01/2018 16:15 PM တွင် May Phyo Wai May Phyo Wai မှ ရေးသား

ကန်စွန်းဥတွင် ကဆီဓာတ်များစွာပါဝင်မှုကြောင့် အပူပိုင်းနှင့်သမပိုင်းဒေသများတွင် စိုက်ပျိုးလေ့ရှိသော အရေးကြီး သီးနှံဖြစ်သည်။ အရောင်မှာ အဝါရောင်၊ အညိုရောင်၊ အနီရောင်နှင့် အညိုနုရောင်ရှိသည်။ အဝါဖျော့ သို့မဟုတ် အဖြူရောင်အသားရှိသော ဥများသည် ပန်းရောင်၊ အနီရောင် သို့မဟုတ် လိမ္မော်ရောင်ရှိသော ဥများ နှင့် နှိုင်းယှဉ်ပါက အချိုဓာတ် လျော့နည်းပါသည်။ အရွက်နုများ အညွှန့်များကို လည်းစားသုံးကြသည်။ ကန်စွန်ဥကို မီးဖုတ်၍ သော် လည်းကောင်း၊ ကင်၍သော်လည်းကောင်း၊ ပြုတ်၍သော်လည်းကောင်း စားသုံးကြသည်။ ထို့အပြင် စက်မှုကုန်ကြမ်း သီးနှံအဖြစ် လည်းအသုံးဝင်သည်။ အခြားဥစားသီးနှံများနှင့် နှိုင်းယှဉ်ပါက ကယ်လိုရီများစွာ ပို၍ပါဝင်ပါသည်။ တိရိစ္ဆာန်အစာအဖြစ်လည်း စိုက်ပျိုးကြပါသည်။ ကန်စွန်းဥကို တရုတ်၊ နိုင်ဂျီးရီးယား၊ယူဂျန်တာ၊ အင်ဒိုနီးရှား၊ တန် ဇေးနီးယား၊ ဗီယက်နမ်၊ အီသီရိုပီးယား အစရှိသော နိုင်ငံများတွင် အများဆုံးစိုက်ပျိုးကြသည်။

ကန်စွန်းဥမှရရှိနိုင်သောကျန်းမာရေးအကျိုးကျေးဇူးများ
၁) ကယ်လိုရီများစွာ ပါဝင်သည်။
၂) ဗီတာမင် B6 , C နှင့် D ပါဝင်သည်။
၃) သံဓါတ်ပါဝင်မှုများသည်။ ရောဂါဒဏ်ခံနိုင်ရည်ရှိစေသည်။
၄) မဂ္ဂနီဆီယမ်များစွာပါဝင်သည့်အတွက် စိတ်ဖိစီးမှုကိုလျော့နည်းစေသည်။
၅) ပိုတက်စီယမ်ဓာတ်ပါဝင်သည်။
၆) ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးသည်။ အစာခြေဖျက်မှုကို ကောင်းစေသည်။
၇) ကာဗွန်ဟိုက်ဒြိတ်ကြောင့် သွေးတွင်သကြားဓာတ်ကိုလည်း မတက်စေပါ။
၈) အရွယ်တင်နုပျိုစေသည်။
၉) မျက်စိကျန်းမာရေးအတွက် အထောက်အကူပြုသည်။

ရာသီဥတု
ကန်စွန်းဥစိုက်ပျိုးမည်ဆိုပါက ပူနွေးစိုထိုင်းဆများသော ရာသီဥတုတွင် တစ်နှစ်လျှင် ၄ - ၅ လရရှိရန် လိုအပ်ပါသည်။ အကောင်းဆုံးအပူချိန်မှာ ၂၃ဒီဂရီ စင်တီဂရိတ် မှ ၂၈ဒီဂရီ စင်တီဂရိတ် အထိဖြစ်သည်။ အပူပိုင်းနှင့် သမပိုင်းဒေသ များတွင် စိုက်ပျိုးနိုင်သည်။ အထွက်နှုန်းကောင်းရရှိရန်အတွက် နှစ်စဉ်မိုးရေချိန် ၃၀ မှ ၆၀ လက်မ ရှိရန်လိုအပ်သည်။ နေ့အချိန်တွင် နေသာခြင်း၊ ညအပူချိန်ကျဆင်းခြင်းသည် ကန်စွန်းဥဖြစ်ပေါ်မှုအတွက် အကောင်းဆုံးဖြစ်သည်။ အမြင့် မီတာ ၁၅၀၀၀-၁၇၀၀ ထိ မြင့်သောတောင်ကုန်းများတွင်လည်း နွေရာသီ သီးနှံအဖြစ်စိုက်ပျိုးနိုင်သည်။

မြေဆီလွှာ
ကန်စွန်းဥ စိုက်ပျိုးရန်အတွက် ပွရွသောမြေဖြစ်ရန် လိုအပ်သည်။ သို့မှသာ အမြစ်ကောင်းစွာ ကြီးထွားလာမည်ဖြစ် သည်။ မြေအမျိုးအစားများစွာတွင် စိုက်ပျိုးနိုင်သော်လည်း သြဂဲနစ်များစွာပါဝင်သော သဲသမမြေအမျိုးအစားသည် အကောင်းဆုံးဖြစ်သည်။ ရေစီးရေလာကောင်းမွန်ရန် အရေးကြီးသည်။ ရေဝပ်ခြင်းကို ခံနိုင်ရည်မရှိပါ။ စီးပွားဖြစ် စိုက်မည်ဆိုပါက မြေဆီလွှာအား စစ်ဆေးရန်လိုအပ်သည်။ အလွန်စေးသောမြေ၊ လေဝင်လေထွက် မကောင်းသောမြေ နှင့် သဲဆန်လွန်းသောမြေများအား ရှောင်ရှားရမည်။ ချဉ်ငံကိန်း pH ၅.၈ မှ ၆.၆ အတွင်း အကောင်းဆုံး ဖြစ်ထွန်း နိုင်သည်။

မြေပြုပြင်ခြင်း
ထယ်ရေးညက်စေရန် ဆောင်ရွက်ရမည်။ မြေဆီလွှာသည် ၁ပေခန့် အနက် ရှိရမည်။ တန်းခြား ၂ ပေခန့် ထား၍ လိုင်းဖော်ထားရမည်။ ဘောင်ဖော်၍လည်း စိုက်ပျိုးနိုင်သည်။

မျိုးပွားခြင်း
ဥမှသော်လည်းကောင်း၊ နွယ်ကိုဖြတ်၍သော်လည်းကောင်း၊ မျိုးပွားနိုင်သည်။ အများအားဖြင့် နွယ်ကိုင်းကိုဖြတ်၍ မျိုးပွားခြင်းသည် အများစုအသုံးပြုလျက်ရှိသည်။ နွယ်ကိုင်းကို ၇ - ၉ လက်မ အရှည် (၂ - ၃) ဆစ် ပါဝင်စေလျက် ပျိုးခင်း စိုက်ပျိုးရမည်ဖြစ်သည်။

မျိုးစေ့နှုန်းနှင့် စိုက်ပျိုးခြင်း
မျိုးစေ့နှုန်းထားနှင့် အပင်ဦးရေသည် မြေအမျိုးအစား စိုက်ဧက၊ မျိုးကွဲနှင့်စိုက်နည်းစနစ်ပေါ်တွင် မူတည်သည်။ ယေဘူယျအားဖြင့် တစ်ဧကလျှင် (၂၀၀၀၀ - ၂၅၀၀၀) ကိုင်းဖြတ်များလိုအပ်သည်။ ပျိုးခင်းတွင် လိုအပ်သောအရှည် နှင့် အဆစ်များ ရရှိရန်အတွက် တန်ကြား ၂ ပေ နှင့် ပင်ကြား ၇ လက်မ စိုက်ပျိုးရမည်။ ဖြတ်ပိုင်းများအား မြေစာပုံများပြုလုပ်၍ ၂ပေ ¬x ၂ပေ ပင်ကြား၊ တန်ကြားဖြင့်လည်း စိုက်ပျိုးနိုင်သည်။ မြေစာပုံတစ်ခုစီတွင် ဖြတ်ပိုင်း ၄ခု မှ ၆ ခုထိ စိုက်ပျိုးရမည်။ ဖြတ်ပိုင်း၏ အလယ်ပိုင်းကို မြေဆီလွှာတွင် မြှုပ်အောင်ထည့်ကာ ထိပ်နှစ်ဖက်ကို မြေ ပေါ်တွင် ပေါ်နေစေရမည်။ စိုက်ပျိုးပြီးပါကရေသွင်းပေးရမည်။

ရေသွင်းခြင်း
ရေသွင်းခြင်းသည် မြေအမျိုးအစား၊ စိုက်နည်းစနစ်နှင့် ရာသီဥတုအခြေအနေပေါ်တွင် မူတည်သည်။ ဥ မှ မစိုက်ပျိုးမီ ရေသွင်းပေးထားရန် လိုအပ်သည်။ စိုက်ပျိုးပြီး (၃) ရက်ကြာလျှင် ရေပေးသွင်းရန် လိုအပ်သည်။ ထို့နောက် တစ်ပါတ် လျှင် တစ်ကြိမ် ရေသွင်းရမည်။ မရိတ်သိမ်းမီ တစ်ပါတ်အလိုတွင် ရေသွင်းခြင်းကို ရပ်တန့်ရမည်။ အပင်အောက်ခြေ တွင် ရေစီးဆင်းမှုကောင်းရမည်ဖြစ်သည်။ အစိုဓာတ်များပါက အရည်အသွေးကို ကျဆင်းပျက်ဆီးစေမည်ဖြစ်သည်။

မြေသြဇာကျွေးခြင်း
ဓါတ်မြေသြဇာနှင့် သဘာဝမြေသြဇာများကို အချိုးကျ ကောင်းမွန်စွာကျွေးခြင်းဖြင့် အထွက်နှုန်းကောင်းများ ရရှိမည် ဖြစ်သည်။ ကောင်းစွာဆွေးမြေ့သော နွားချေး (သို့မဟုတ်) မြေဆွေးကို တစ်ဧကလျှင် အိတ် ၁၄၀ မှ ၁၈၀ အထိ မြေ ပြင်ချိန်တွင် ထည့်သွင်းရ မည်ဖြစ်သည်။ N:P:K အချိုး ၂၈:၂၀:၂၈ ကီလိုဂရမ်/ဧက နှုန်းထည့်သွင်းပေးရမည်။ ယူရီးယားကို နှစ်ကြိမ်ခွဲ၍ ထည့်သွင်းပေးရမည်ဖြစ်သည်။ ပထမအကြိမ်ကို အပင်စိုက်ပျိုးချိန်တွင် ထည့်သွင်းရမည်။ ဒုတိယအကြိမ် ကို စိုက်ပျိုးပြီး ၅ ပါတ်တွင် ထည့်သွင်းရမည်။ ပိုတက်နှင့်တီစူပါကို စိုက်ပျိုးချိန်တွင် တစ်ချိန်တည်း အားလုံးထည့် သွင်းနိုင်သည်။

ကြားပေါင်းလိုက်ခြင်း
စိုက်ပျိုးပြီး ၂ ပါတ်မှ ၅ ပါတ်အတွင်း ပေါင်းမြက်ရှင်းလင်းရန် လိုအပ်သည်။ ဒုတိယအကြိမ်မြေသြဇာ ကျွေးခြင်းကို ဒုတိယကြိမ် ကြားပေါင်းလိုက်ခြင်းနှင့်အတူ ဆောင်ရွက်ရန်လိုအပ်သည်။

ပိုးမွှာကာကွယ်နှိမ်နှင်းခြင်း
အများဆုံးကျရောက်တတ်သော ပိုးမွှားမှာ ကျိုင်းဖြစ်သည်။ ကာကွယ်ရန်အတွက်စိုက်ပျိုးရေးသုံး ပစ္စည်းများကို ပိုး မွှားကင်းစေရမည်။ ယခင်စိုက်ပျိုးပြီး ကန်စွန်းဥ အပင်အစိတ်အပိုင်းအကြွင်းကျန်များကို ဖယ်ရှားရမည်။ ပျော့ပုပ် ရောဂါဖြစ်ပေါ်မှုများသည်။ ကာဗာဒိုင်ဇင် ၁ ဂရမ် ကို ရေတစ်လီတာတွင် ဖျော်စပ်၍ ပက်ဖျန်းနိုင်သည်။

ရိတ်သိမ်းခြင်း
ကောင်းစွာရင့်မှည့်သော ကန်စွန်းဥများအား (၄) လ (ရက် ၁၂၀) ခန့်တွင် ရိတ်သိမ်းနိုင်သည်။ သို့သော် မျိုးပေါ်မူတည် ၍ ပြောင်းလဲနိုင်သည်။ အရွက်များ အဝါရောင် ပြောင်းလဲသွားပါက ကန်စွန်းဥ ရိတ်သိမ်းချိန် ရောက်သည်ကို လွယ်ကူ စွာ သိရှိနိုင်သည်။ တူးဆွ၍ ရိတ်သိမ်းနိုင်ပါသည်။

အထွက်နှုန်း
အထွက်နှုန်းသည် မျိုးကွဲ၊ မြေအမျိုးအစား၊ ရာသီဥတု၊ ရေပေးသွင်းခြင်းနှင့် အပင်ပြုစုစောင့်ရှောက်မှုပေါ်တွင် မူတည် သည်။ တစ်ဧကလျှင် ၆၀၀၀ မှ ၇၀၀၀ ပိဿာထိ ရရှိနိုင်သည်။ ရေသွင်းစိုက်ပျိုးပါက ပိုကောင်းသော အထွက်ကို ရရှိနိုင်သည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်