ရောဂါဘယကင်းဝေးဖို့ ယင်လုံအိမ်သာ စနစ်တကျ အသုံးပြုကြစို့

03/03/2024 11:00 AM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့အဆိုအရ ဝင်ငွေနိမ့်နဲ့ အလယ်အလတ်ဝင်ငွေသာရှိတဲ့ နိုင်ငံတွေမှာ သောက်သုံးရေမလုံလောက်မှု၊ ရေနဲ့ပတ်ဝန်းကျင် မသန့် ရှင်းမှု၊ အစားအသောက် မသန့်ရှင်းမှုတို့နဲ့ ဆက်စပ်ပြီး ဖြစ်ပွားတဲ့ရောဂါတွေကြောင့် နှစ်စဉ်သေဆုံးနေရသူ ၈၂၉၀၀၀ လောက်ရှိနေပါတယ်တဲ့။ အဲ့ဒီထဲက ၆၀ ရာခိုင်နှုန်းလောက်ကတော့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေကြောင့် သေဆုံးကြရတာပါ။ 

မသန့်ရှင်းမှုတွေ ဖြစ်ရတဲ့ထဲမှာ ယင်လုံအိမ်သာမရှိမှု၊ စနစ်တကျမသုံးစွဲမှု တွေကလည်း ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒီလိုမသန့်ရှင်းမှုတွေကနေ ကာလဝမ်းရောဂါ၊ ဝမ်းကိုက်ရောဂါ လိုမျိုး ဝမ်းပျက်ဝမ်းလျှောရောဂါတွေ၊ နောက်ထပ် တိုက်ဖွိုက်၊ ပိုလီယိုနဲ့ အူလမ်းကြောင်း ဆိုင်ရာရောဂါတွေထိ ပျံ့နှံ့စေနိုင်တယ်လို့လည်း WHO က ဆိုထားပါတယ်။

အထက်ပါအချက်တွေကို ကြည့်ခြင်းအားဖြင့် ယင်လုံအိမ်သာတွေကို စနစ်တကျသုံးစွဲရေးဟာ အလွန် အရေးပါတယ်ဆိုတာ တွေ့နိုင်ပါတယ်။ 

ဒါကြောင့် ‘ ရောဂါဘယကင်းဝေးဖို့ ယင်လုံအိမ်သာ စနစ်တကျ အသုံးပြုကြစို့’ ဆိုတဲ့ အောက်ပါ ပိုစတာ လေးနဲ့ နှိုးဆော်ဖော်ပြပေးလိုက်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်