ငါးမွေးကန်တည်ဆောက်ရန်အတွက် မြေ၏အရည်အသွေးကို အောက်ပါနည်းလမ်းဖြင့် စမ်းသပ်မှုပြုလုပ်ရပါမည်။

စမ်းသပ်မှု (၁)
- မြေသားကို လက်ဖြင့်ယူပြီး ဆုပ်နယ်ခြင်း၊ ဖိနှိပ်ခြင်းနှင့် လောက်စာလုံးပုံစံ ဘောလုံးငယ်ပုံစံ ပြုလုပ်ပါ။
- လောက်စာလုံးပုံစံ၊ ဘောလုံးပုံစံပြုလုပ်ထားသော မြေသားအားလုံးကို အပေါ်သို့ပြစ်တင်ပြီး၊ အောက်သို့အကျတွင် ပြန်လည် ဖမ်းယူပါ။
- သဲမြေ၊ ဂဝံကျောက်မြေပါခဲ့လျှင် မြေသားတစ်ခုနှင့် တစ်ခု စီးကပ်မှုမရှိဘဲ၊ မြေသားဘောလုံးသည် ကွဲကျမွာသွားလိမ့်မည်။ ၎င်းမြေမျိုး မကောင်းပါ။ လောက်စာလုံးပုံစံ၊ ဘောလုံးပုံစံမြေသားသည် ကွဲဖြာကျခြင်းမရှိဘဲ စည်းစည်းလုံးလုံးရှိနေပါက ၎င်းမြေသားသည် ကောင်းမွန်ပါသည်။ ရွှံ့မြေ ပါဝင်မှုများသည်ဟု ပြောနိုင်ပါသည်။ သို့သော် ၎င်းမြေမျိုးကိုသုံးရန် သင့်/မသင့်ကို ဒုတိယနည်း ဖြင့် ပြန်လည်ဆန်းစစ်ရမည်။ အောက်ပါအတိုင်း ဒုတိယနည်းကို စမ်းသပ်ပါ။
စမ်းသပ်မှု (၂)
- ငါးကန်တူးမည့်နေရာတွင် အကျယ် (၁) တောင် (၁၈ လက်မ)၊ အနက် နှစ်တောင်ခွဲ (၃ ပေ ၉ လက် မ) လူတစ်ယောက်၏ ခါးအနက်ခန့် အနက်ကို တူးဖော်ပါ။
- မနက်ပိုင်းနေထွက်ချိန်တွင် တူးထားသောကျင်းထဲသို့ ရေပြည့်အောင်ဖြည့်ပါ။
- ညနေပိုင်းတွင် တွင်းထဲမှရေများသည် မြေကြီးထဲသို့ စိမ့်ဝင်သွားလိမ့်မည်။
- နောက်တစ်ကြိမ် တူးထားသောတွင်းထဲသို့ ရေပြည့်အောင်ထည့်ပါ။ တွင်းအပေါ်မှ တစ်ခုခုဖုံးအုပ် ထားပေးပါ။ နောက်တစ်နေ့မနက်ပိုင်းတွင် တွင်းထဲတွင် ရေရှိနေလျှင် ၎င်းမြေမျိုးသည် ရေကို လုံလောက်စွာ ထိန်းသိမ်းထားနိုင်ကြောင်း သိနိုင်သည်။ ၎င်းနေရာတွင် ငါးကန်တူးဖော်နိုင်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more
WorldFish