မြေကြီးထဲက ဓာတ်ဖို ဖလှယ်နိုင်စွမ်း

10/03/2020 12:30 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဓာတ်ဖို ဖလှယ်နိုင်စွမ်းဆိုတာ အပင်တွေက အာဟာရတွေ ရနိုင်တာ မရနိုင်တာမျိုး မြေဆီသြဇာကောင်းတဲ့ မြေမျိုး ဟုတ် မဟုတ် ဆိုတာကို ဆုံးဖြတ်ပေးနိုင်တဲ့ အရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ပြီးတော ဓာတ်ဖို ဖလှယ်နိုင်စွမ်းအားဆိုတာက အဓိကအားဖြင့်တော့ မြေကြီးထဲမှာ ရှိတာဖြစ်ပါတယ်

အဲ့တော့ မြေကြီးနဲ့ ဓာတ်ဖို ဖလှယ်နိုင်စွမ်းအား ဘယ်လိုတွေ ဆက်နွယ်နေသလဲ

မြေကြီး အမျိုးအစားနဲ့ ဓာတ်ဖို ဖလှယ်နိုင်စွမ်းအား

မြေကြီးတစ်ခုရဲ့ ဓာတ်ဖိုဖလှယ်နိုင်စွမ်းအားဆိုတာကတော့ မြေကြီး အမျိုးအစားနဲ့လိုက်ပြီးတော့ ကွာခြားနိုင်ပါတယ်။ အဲ့လို ကွာခြားတာကြောင့်လည်း စိုက်တိုင်းမဖြစ်တဲ့ မြေတွေ ဖြစ်ပေါ်နေကြတာပါ။ ဒါဆိုရင် CEC က မြေကြီးတွေရဲ့ ဘယ်အရာတွေနဲ့ သက်ဆိုင်နေသလဲ ဆိုတာကတော့ Clay လို့ခေါ်တဲ့ မြေစေးပါဝင်တဲ့ ရာခိုင်နုန်း ရယ် မြေချဉ်ငံကိန်းရယ် နဲ့ မြေထဲမှာ ရှိတဲ့ အော်ဂဲနစ်ပစ္စည်းတွေ ဘယ်လောက်ပါနေလဲ ဆိုတာနဲ့ သက်ဆိုင်တာဖြစ်ပါတယ်။

Clay လို့ခေါ်တဲ့ မြေစေးပါဝင်တဲ့ ရာခိုင်နန်း

သူနဲ့က တိုက်ရိုက်အချိုးကျပါတယ် ဘယ်လိုလဲဆိုတော့ ပါဝင်တဲ့ရာခိုင်နှုန်းများလေလေ ဓာတ်ဖိုဖလှယ်နိုင်စွမ်းအားက ကောင်းလေလေဖြစ်ပါတယ်။ ဒါပေမဲ့လို့ သင့်တော်တဲ့ ရှိသင့်တဲ့ ရာခိုင်နှုန်း ရှိသင့်ပါတယ်။ သဲမြေတွေမှာဆိုရင်တော့ CEC က 2 meq/100g လောက်ပဲ ရှိပြီးတော့ အရမ်းကို နည်းပါးပါတယ်၊ ဒါကြောင့်မို့ အပင်တွေအတွက် လိုအပ်တဲ့ အာဟာရတွေကို ထိန်းမထားနိုင်တာကြောင့် သဲဆန်တဲ့မြေပေါ်မှာ စိုက်ချင်တယ်ဆိုရင် အော်ဂဲနစ်ပစ္စည်းတွေ များများထည့်ခိုင်းတာဖြစ်ပါတယ်။ သဲကန္တာရမှာ သီးပင်စားပင်တွေ စိုက်လို့မရနိုင်ဘူး ခက်ခဲတယ်ဆိုတာကတော့ အဲ့လို ဓာတ်ဖို ဖလှယ်နိုင်စွမ်းအား နဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့ ပြောလို့ရနိုင်ပါတယ်။ အဲ့လိုဆို ဘာကြောင့် မြေဆွေးတွေ ထည့်ခိုင်းတယ်ဆိုတာကတော့ ဘာလို့လဲဆိုတော့ ဓာတ်ဖိုဖလှယ်နိုင်အားတွေ ကောင်းအောင်လို့ပဲ ဖြစ်ပါတယ်။ ထည့်နေကြ ဓာတုမြေသြဇာတွေက ကြာလာရင် မြေသားကိုလည်း ပျက်စေနိုင်လို့ ဓာတ်ဖိုဖလှယ်နိုင်စွမ်းအားကို ကောင်းစေအောင် ပြန်ထိန်းတဲ့ သဘောမျိုးထည့်ခိုင်းတာဖြစ်ပါတယ်။

မြေချဉ်ငံကိန်းနဲ့ ဓာတ်ဖို ဖလှယ်နိုင်စွမ်းအား

မြေချဉ်ငံကိန်းက အပင်တွေအတွက်လည်း အရေးကြီးသလို ဓာတ်ဖို ဖလှယ်နိုင်စွမ်းအားကိုလည်း ဆုံးဖြတ်ပေးနိုင်ပါတယ်။ မြေချဉ်ငံကိန်းနဲ့က ဓာတ်ဖိုဖလှယ်နိုင်စွမ်းအားကလည်း တိုက်ရိုက်အချိုးကျပါတယ်။ မြေချဉ်ငံကိန်းက ကျလေလေ ဓာတ်ဖိုဖလှယ်နိုင်အားကလည်း ကျလေလေဖြစ်ပါတယ်။

ခုလိုဆိုလူတွေလုပ်ကြတဲ့ နိုက်ထရိတ် မြေသြဇာတွေသုံးတယ်။ အဲ့လို မြေသြဇာတွေ သုံးပြီးအချိန်ကြာလာတဲ့အခါမှာ ဓာတ်ဖိုတွေက မရှိသလောက်ကိုနည်းပါးလာပြီးတော့ ဓာတ်ဖို ဖလှယ်ဖို့ မရှိတော့ပဲနဲ့ ဓာတ်ဖိုဖလှယ်နိုင်စွမ်းအားတွေ ကျဆင်းလာတာ ဖြစ်ပါတယ်။

အာဟာရ ရရှိမှုတွေနဲ့ ဓာတ်ဖိုဖလှယ်နိုင်စွမ်းအား

ဓာတ်ဖိုဖလှယ်နိုင်စွမ်းအားနည်းတဲ့ မြေကြီးတွေမှာ စိုက်ထားတဲ့ အပင်တွေမှာ ဆိုရင်တော့ ပိုတက်စီယမ် (K+) မဂ္ဂနီစီယမ် (Mg2+) တွေ နဲ့တစ်ခြား ဓာတ်တွေ ချို့တဲ့နေတဲ့ လက္ခဏာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ မြေကြီးထဲမှာ မရှိတာမဟုတ်ပါဘူး ရှိပြီးသားကို ဖလှယ်မပေးနိုင်တော့တာပါ။

မြေကြီးထဲမှာ အပင်တွေအတွက် အရေးကြီးတဲ့ ကိုယ်တွေ မထည့်ပေးရတဲ့ အာဟာရတွေ ရှိပါတယ်။ အဲ့အာဟာရတွေကို မြေကြီးကနေ ဓာတ်ဖိုဖလှယ်စွမ်းအားနဲ့ ဖလှယ်ထုတ်ပေးနေတာပါ။ အောက်ဖက်မှာ ပုံလေး ပြထားပါတယ်။ ဒါက မြေအနက်နဲ့ လိုက်ပြီးတော့ ဓာတ်ဖို ဖလှယ်စွမ်းအား ကွာခြားပုံကို ဖော်ပြထားတဲ့ပုံပါပဲ။

ခုဆိုရင်ဓာတ်ဖိုဖလှယ်နိုင်စွမ်းအားနဲ့ မြေကြီး အမျိုးအစားတွေအကြောင်း နည်းရင် ဘာဖြစ်တတ်လဲ၊ ဘာတွေနဲ့ သက်ဆိုင်နေတာလဲ ဆိုတဲ့ အချက်တွေကို သိရှိပြီးတော့ အကျိုး တစ်ခုခုတော့ ဖြစ်ထွန်းလိမ့်မယ်လို့ ယုံကြည်ပါတယ်။

နောက်ထပ် ဆုံတွေ့ကြပါဦးစို့

ထွန်းဝင်းကျော်

http://www.soilquality.org.au/factsheets/cation-exchange-capacity


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်