ဝက်မွေးမြူရေးအောင်မြင်စေဖို့ မျိုးဝက်မများအား စနစ်တကျ ပြုစုစောင့်ရှောက်နည်း
ဝက်မွေးမြူရေးကို လုပ်ကိုင်သူများအနေဖြင့် မိမိတို့မွေးမြူထားသော မျိုးဝက်မများအား မည်သို မည်ပုံ စနစ်တကျ ပြုစုစောင့်ရှောက်ရမည်ကို သိရှိထားရန်လိုသဖြင့် ပြုစုစောင့်ရှောက်နည်းကို ဖော်ပြ ပေးလိုက်ပါသည်။
မွေးဝက်မများကို ပြုစုစောင့်ရှောက်ရာတွင်(၁)မွေးခါနီး အချိန်ကာလ (၂)မွေးဖွားစဥ် အချိန်ကာလ နှင့် (၃)မွေးပြီးနို့ပေး ကာလဟူ၍ အပိုင်း ၃ပိုင်း ခွဲခြားနိုင်ပါသည်။
(၁) မွေးဖွားခါနီး အချိန်ကာလ
မျိုးဝက်မ၏ ကိုယ်ဝန်ဆောင်ကာလမှာ ၁၀၉-၁၂၅ရက် (၁၁၄)ရက် ဖြစ်ပါသည်။ သားမမွေးမီ ၂ပါတ်အလိုတွင် ဝက်မကြီးကို သားမွေးခန်းသို့ ပြောင်းထားရပါမည်။ ကိုယ်ဝန်ပျက်ကျခြင်းကို ကာကွယ် ရန်အတွက် သီးခြားထားရှိသင့်ပါသည်။ သားမွေးခန်းကို ဝက်မ မဝင်ခင် သေချာစွာ ပိုးသတ်ဆေး ကြောထားရပါမည်။
သားမမွေးခင် ၁ပါတ်အလိုတွင် ဝက်မကို သန်ချပေးရပါမည်။ ဝမ်းချုပ်ခြင်းမရှိအောင် အထူး ဂရုစိုက်ရန် လိုအပ်ပါသည်။ သားမွေးခါနီး ဝက်မကြီးများ အနှောင့်အယှက်ကြုံနိုင် ပါက နို့ခမ်းခြင်းနှင့် မွေးကာစ ကလေးများကို ထိခိုက်ဒဏ်ရာ ရခြင်းများ ဖြစ်တတ်ပါသည်။ ဝက်မကြီး မွေးခါနီးတွင် အမ တန်ဆာမှာ ယောင်လာပါသည်။ အငြိမ်မနေ၊ အစာမစား၊ အသိုက်လုပ်တတ်ပါသည်။
ထိုအချိန်မျိုးတွင် ကျေးလက်ဒေသတွင် မွေးမြူသူများ အနေဖြင့် ကောက်ရိုး(သို့)မြက်ခြောက် ခင်းထည့်ပေးပါ။ ဝက်မအများစုသည် အပူချိန်မြင့်သည့် နေ့အချိန်ထက် အပူချိန်လျော့နည်း၍ ရာသီဥတု အေးသည့် ညဥ့်နက်ပိုင်းတွင် ည၈နာရီမှ မနက် ၄နာရီအတွင်းတွင် အမွေးများသဖြင့် ညပိုင်းတွင် မီးအလင်း ရောင်ရရှိရေး ကြိုတင်စီစဉ်ပေးရပါမည်။

(၂) မွေးဖွားစဥ် အချိန်ကာလ
ဝက်မကြီး မွေးဖွားစဥ်တွင် လူ ၁ဦးမှ စောင့်ကြည့်ကူညီ ရန် လိုအပ်ပါသည်။အထူးသဖြင့် ဝက်မဒန်းများ၊ ညှပ်ရိုးကျဥ်းသည့် ဝက်မျိုးများ၊ ဝလွန်းသည့် ဝက်မများသည် မွေးဖွားရ ခက်ခဲတတ် ပါသည်။ မွေးဖွားစဥ် သားအိမ်ညှစ်အားနည်းပါက ဝက်မ၏ဗိုက်ကို လက်ဖဝါးဖြင့်ဖိကာ အောက်သို့ ဖြည်းညှင်းစွာ တွန်းပေးလိုက်၊ ပြန်လျော့လိုက် လုပ်ပေးရပါမည်။ အချင်း အားလုံး ကျ/မကျကို သေချာစွာ စောင့်ကြည့်ရပါမည်။
(၃) မွေးဖွားပြီး နို့ပေးကာလ
ဝက်မကြီးမှ ဝက်ငယ်အားလုံးမွေးဖွားပြီး အချင်းများ ကျပြီးပါက မိနစ်၂၀ခန့် အနားပေးပြီးမှ ဝက် ငယ်များအားလုံးကို နို့ဦးရည်စတင်တိုက်ကျွေးပါ။ သို့မှသာ ဝက်မကြီးအနားရ၍ ပင်ပန်းမှုသက်သာ ပါမည်။
နို့ပေးဝက်မကြီးများ ကျန်းမာရန်နှင့် မွေးဝက်ငယ်များ အားလုံးအတွက် နို့အလုံအလောက် ထုတ်ပေးနိုင်ရန် လွန်စွာအရေးကြီးပါသည်။ ဝက်မကြီးများ မကျန်းမာပါက နို့ထွက်နှုန်းလျော့နည်းခြင်း၊ နို့မထွက်ခြင်းတို့ကြောင့် ဝက်ငယ်များ ကိုယ်အလေးချိန် လျော့နည်းခြင်း၊ သေဆုံးခြင်းများဖြစ်၍ ဆုံးရှုံးမှု များနိုင်ပါသည်။ မွေးပြီး ၁၂ နာရီအတွင်း နို့ချပေးပါ သည်။
နို့ပေးဝက်မများအား ကျွေးမွေးရမည့်အစာပမာဏမှာ ဝက်ငယ်၏ အသက်အရွယ်အလိုက် လိုအပ်သည့်နို့ပမာဏနှင့် ဝက်ငယ်အား အစာကျွေးမှုပေါ်မူတည်၍ အတိုးအလျော့လုပ်၍ ကျွေးမွေး ရမည် ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Myo Gyi
လွန်ခဲ့သော ၃ လ ကသံချဆေးထိုးရင် kgအလိုက်ထိုးရပါတယ်
Min Moe Oo
လွန်ခဲ့သော ၄ နှစ် ကအသားတိုးဝက်တစ်ပိုင်တစ်နိုင်မွေးမြူချင်ပါသဖြင့်အကြံဥာဏ်ကောင်းများပေးပါခင်ဗျ။ကျေးဇူးတင်ပါသည်
ကိုစူပလီ
လွန်ခဲ့သော ၄ နှစ် ကသံချဆေးကဘယ်လောက်ထိုးရမလဲ
ဆက်စပ်မေးခွန်းများ
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
ဥစားကြက်စတင်မွေးမြူချင်တာဘယ်ကစရမလဲမသိလို့အကြံလေးပေးပါဦး ခြံငှားမယ်ဆိုလည်းဘေးပတ်ဝန်ကျင်ရဲ့အဆင်ပြေတာဘယ်လိုရှာရမလဲအကြံလေးပေးပါခဗျာ
ဟံ • ဖြေကြားချက် 1 ခု
နွား၀အောင် ဘယ်လို ကျွေးမွေးရပါသလည်းခင်ဗျ
နံပတ်2 • ဖြေကြားချက် 6 ခု
နွားဝယ်လာတာနွားကအစားကောင်းမစားအနည်းငယ်သာစားအစားကောင်းလာအောင်ဝလာအောင်ဘယ်လိုလုပ်ရမလဲဖြေပေးကျပါဗျအစားစားလာအောင်အဓိကရှင်းပြပေးပါဆေးနည်းပြောပေးပါ
zin Phyo naung • ဖြေကြားချက် 3 ခု
ဝက်ဝယ်သူတွေမရှိတာဆိုးတယ်နော် ရှိတော့လည်း စျေးနှိမ်ကျတယ် တကယ်အစစ်အမှန်ကုန်သည်နဲ့တွေကျတယ် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် တိုက်စွန်းအောက်အင်းကျေးရွာ အောက်အင်းကျေးရွာကပါ ကူညီကြပါအုန်း အဆက်အသွယ်ကောင်းတွေနဲ့
Han Min Htut • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဦးဇော်(dof)
အားလုံး