ကျွဲ၊ နွား ခွာနာလျှာနာရောဂါကုထုံးများ
ခွာနာလျှာနာရောဂါစဖြစ်သော တိရစ္ဆာန်များသည်
၁။ ထိုင်းမှိုင်းနေတတ်ပြီး ဦးချို၊ ခြေဖျား၊ လက်ဖျားများပူသည်။
၂။ နာကျင်မှုကြောင့် ခြေထောက်၊ လက်များ မကြာခန လှုပ်နေတတ်သည်။
၃။ ပါးစပ်ပြင်ပြီး တံတွေးများကာ သွာရည်အမျှင်တန်းများကျတတ်ပြီး အစာစားနှုန်း နည်းသွားတတ်သည်။
၄။ ပါးစပ်တဝိုက်နှင့် ခွာတဝိုက်တွင် မီးလောင်ဖုသကဲ့သို့ အဖုများပေါက်လာတတ်သည်။ ပိုမိုဆိုးဝါးပါက ခွာကျွတ်သည်အထိ ဖြစ်တတ်သောကြောင့် မိမိတို့အိမ်တွင် ပြုစုကုသနိုင်ရန် အောင်ပါအတိုင်း ပြုလုပ်ပေးသင့်ပါသည်။
(၁) လေဝင်လေထွက်ကောင်းပြီး ခြောက်သွေ့သောခြံ (သို့မဟုတ်) တင်းကုတ်ထဲမှာ ရောဂါဖြစ်သောတိရစ္ဆာန်ကို ခွဲပြီးထားပါ။
(၂) ခွာကြား၊ ခွာဖနောင့်တို့တွင်ရှိသော အနာများကို စင်ကြယ်စေရန် ရေကြက်သီးနွေးဖြင့် အရင် ဆေးကြောပါ။
(၃) ရေနွေးဖြင့် ဆေးကြောပြီးပါက ရေတစ်လီတာကို ကျောက်ချဉ်တစ်ကျပ်သားရောစပ်ပြီး ထိုကျောက်ချဉ်ရေဖြင့် ထပ်မံဆေးကြောပေးပါ။
(၄) လျှာ၊ အာခေါင်၊ ပါးစောင်တို့ကို ကျောက်ချဉ်မှုန့်ဖြင့် တစ်နေ့ နှစ်ကြိမ်ပွတ်ပေးပါ။
(၅) ပိုးလောက်တွယ်ခြင်းမျိုးရှိခဲ့ပါက ဆေးကတ္တရာလိမ်းပေးခြင်း၊ ပရုတ်နှင့် နှမ်းဆီရောစပ်၍ လိမ်းပေးခြင်းတို့ ပြုလုပ်နိုင်သည်။
(၆) ဝမ်းချုပ်နေပါက ဆားခါး သို့မဟုတ် အိမ်သုံးဆား ရှစ်ကျပ်သားကို ချင်းစိမ်း၂ ကျပ်သားပြုတ်ရည်ဖြင့် တစ်လီတာဘူးထဲတွင် ရောစပ်ကာ နံနက်၊ ည နှစ်ကြိမ်တိုက်ပေးနိုင်သည်။
(၇) အစာစားနည်းပါက ထမင်းရည်ထဲကို ထန်းညှက်ရည်နှင့် ဆားထည့်ကာ တိုက်ကျွေးပေးနိုင်ပါသည်။
(၈) အားဆေးလိုအပ်ပါက ဗီတာမင်စီပါဝင်သော အားဆေးမျိုးကို အသုံးပြုနိုင်ပါသည်။
Ref: ဆရာမ ဂမုန်းဖြူဖြူ၏”ခွာကွဲတိရစ္ဆာန်များ ခွာနာလျှာနာ ဖြစ်ပွားပါက မိမိအိမ်တွင် အလွယ်တကူကုသနိုင်သော နည်းလမ်း” မှကောက်နှုတ် တင်ပြပါသည်။
KoAgyi Agyi
လွန်ခဲ့သော ၄ နှစ် ကခွာနာလျှာနာဝင် ပြီး အမွှေတွေရှည်လာတယ်ဆရာ ပီးတော့ အစာလည်းကောင်းကေင်းမစားတော့ဘူး ပိန်ပြီး အာနည်းတာမောတာတွေဖြစ်နေပါတယ် မနက်မနက် ရေချိုပေးပါတယ် အာဆေးလည်းမကြာခဏ ထိုးပါတယ် ပုံမှန်တော့ မထိုးဖြစ်ဘူး အခြေနေက ထူးမလာသေးဘူး နို့ကနည်းနည်းဘဲရတော့တယ် ရွာကလူတွေက ရေစိမ်မွှေးထိုး(အမွှေးရှည်)နွားတွေကို အောက်စျေးနဲ့ အသားလိုင်းထဲ ထည့်လိုက်ကြတယ် ကျနော်တို့အိမ်မှာလည်း ရေစိမ်မွှေးထိုး(အမွှေးရှည်)နွား နို့ညှစ် ၃ကောင်ရှိပါတယ်
ဆက်စပ်မေးခွန်းများ
ဘဲတွေခြေထောက်မှာ ပုံမှာ ပါတဲ့အတိုင်းဖြစ်နေပါတယ်။ လမ်းကောင်းကောင်းမလျှောက်နိုင်ပါ။ ဒါဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကာကွယ်ရမလဲ ဆရာများ လမ်းညွှန်ပါအုန်း။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နွားမျက်စိတဘက်ဝယ်လာထဲကမျက်ရည်ကျနေ10ရက်ကျော်ပြီးကြည့်ကြည့်တာတော့ဘာမှထိခိုက်ဒဏ်မတွေ့ရဘာလုပ်သင့်လဲဘာဖြစ်တာလဲရှင်းပြပြောပြပေးပါဗျ
zin Phyo naung • ဖြေကြားချက် 3 ခု
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 1 ခု
မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။
အုန်းကျော် • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဦးဇော်(dof)
အားလုံး