“မြေအောင်းရောဂါတွေအတွက် ထရိုင်ကိုဒါးမား အကျိုးပြုမှို”
ထရိုင်ကိုဒါးမားဆိုတဲ့ နာမည်ကိုကြားဖူးကြမှာပါ။ ကျွန်မတို့ စိုက်ပျိုးရေးသမားတွေအတွက် အကျိုးပြုတဲ့မှိုပါ။ အပင်တွေမှာ ဆိုးဆိုးဝါးဝါးကျရောက်တတ်တဲ့ မှိုရောဂါနဲ့ ဘက်တီးရီးယားရောဂါတွေကို နှိမ်နင်းနိုင်တဲ့ အကျိုးပြုမှိုအကြောင်း ပြောပြချင်ပါတယ်။ ဘယ်လိုတွေအကျိုးပြုလဲ ဘယ်လိုတွေအသုံးပြုရမလဲ လေ့လာကြည့်ရအောင်ပါ။
အကျိုးပြုမှိုတွေကို စနစ်တကျ သုံးတတ်မယ်ဆိုရင် မြေဆီလွှာပျက်စီးဆုံးရှုံးမှုမရှိတော့ပဲ မြေသားတည်ဆောက်မှုတွေ ကောင်းမွန်လာပါလိမ့်မယ်။ ဒီမှိုတွေ အပင်အမြစ်ရဲ့ ဘေးနားမှာရှိတဲ့အခါ လာတိုက်ခိုက်မယ့် ရောဂါတွေကို ကာကွယ်ပေးသွားပါလိမ့်မယ်။ ဒါကြောင့် ထရိုင်ကိုဒါးမားမှိုကို သဘာဝ မှိုသတ်ဆေးအနေနဲ့ သုံးကြပါတယ်။
သဘာဝကြီးကနေပေးထားတဲ့ပစ္စည်း ဖြစ်နေတာကြောင့် ကျွန်မတို့အတွက် သတင်းကောင်းတစ်ခုပါပဲ။ သဘာဝကရတာဖြစ်လို့ နှုန်းထားပိုကျွေးမိလို့ အပင်ကိုထိခိုက်မှာကိုလည်း စိုးရိမ်စရာမလိုပါဘူး။ တစ်ပတ်တစ်ခါကျွေးသင့်တယ်လို့ ပညာရှင်တွေကတော့ သတ်မှတ်ပေးထားကြပါတယ်။ သတိထားသင့်တာတစ်ခုကတော့ အရည်အနေနဲ့ကျွေးမယ်ဆိုရင် အပင်အတွက် ရေများတဲ့လက္ခဏာတွေ ဖြစ်သွားနိုင်ပါတယ်။ အပင်ကိုမကျွေးခင်အချိန်အထိ လေလုံအောင် သိမ်းထားသင့်ပါတယ်။ ထရိုင်ကိုဒါးမားမှိုတွေကို မြေချဉ်ငံကိန်း၅.၅ ကနေ ၇.၅ အတွင်းထားနိုင်ဖို့လမ်းညွှန်ထားပါတယ်။ရောဂါဖြစ်မှ ကုသတာထက် အစောပိုင်းကတည်းက ကြိုတင်ကာကွယ်တဲ့အနေနဲ့သုံးသင့်ပါတယ်။
ထရိုင်ကိုဒါးမားမှိုတွေက သက်ရှိတွေဖြစ်တဲ့နည်းတူ သူတို့ရဲ့ ဘဝစက်ဝန်းတစ်ခုလည်ပတ်ဖို့ ၂၈ ရက်လိုပါတယ်တဲ့။ မှိုမျှင်တစ်ခုကနေ တစ်ခုထပ်ပွားဖို့ ကြာချိန်လို့ ပြောလို့ရပါတယ်။ မှိုမျှင်တစ်မျှင်ကနေ ထပ်ခါထပ်ခါပွားနိုင်ကြပါတယ်။ ဒါပေမယ့် ပွားတဲ့အကြိမ်အရေအတွက်တွေ များလာတဲ့အခါ စွမ်းဆောင်ရည်တော့ လျော့သွားနိုင်ပါတယ်။ ဒီအချက်ကြောင့် အပင်အတွက် ထရိုင်ကိုဒါးမားမှိုကျွေးတဲ့အခါ တစ်ခါကျွေးပြီးလည်း အချိန်တစ်ခုမှာ ထပ်မံကျွေးသင့်ကြောင်း သတိထားသင့်ပါတယ်။ ဒါကြောင့် တစ်ကြိမ်အသုံးပြုပြီးတဲ့အခါ မှိုတွေကို ပြန်လည်အားဖြည့်ပေးတဲ့အနေနဲ့ သဘာဝမြေသြဇာတွေ ထည့်ပေးသင့်ပါတယ်။ တီကျစ်မြေသြဇာ၊ အရိုးမှုန့်မြေသြဇာ၊ နွားချီးမြေဆွေး၊ ကောက်ရိုးဆွေး၊ ကော်ဖီမှုန့်ကြိတ်ဖက်များ၊ အုန်းဆံမှုန့်များ စသည်ဖြင့် အသုံးပြုပေးရင် မှိုတွေရဲ့လုပ်ဆောင်မှု ပိုမိုကောင်းမွန်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုမျိုး ထရိုင်ကိုဒါးမားမှိုကို ပြန်လည်အားဖြည့်ပေးခြင်းလုပ်ငန်းကို တစ်ပတ်မှာတစ်ခါ ပြုလုပ်ပေးရင် လုံလောက်ပါတယ်။
ထရိုင်ကိုဒါးမားမှိုကို အိမ်မှာ ဘယ်လိုပွားယူမလဲ?
လိုအပ်တဲ့ပစ္စည်းတွေကတော့
• ထရိုင်ကိုဒါးမားမှို အမှုန့်အနည်းငယ်
• ဆန် ၃ ခွက်
• ရေ ၂ ခွက်
• မွှေစရာ ဇွန်းတစ်ချောင်း ၊
• ဇစ်ပါတဲ့ ပလပ်စတစ် လေလုံအိပ် ၊
• သားရေကွင်း ၊
• အပ်
- ဆန် ၃ ခွက် ရေ ၂ ခွက်နဲ့ ထမင်းကို ရေခမ်းချက်လိုက်ပါ။ ထမင်းချက်ပြီးသား ၂ ဇွန်းမောက်မောက်ကို ဇစ်ပါတဲ့ ပလပ်စတစ်အိပ်ထဲကိုထည့်ပါ။ လေတွေကုန်အောင် ညှစ်ထုတ်လိုက်ပါ။ ဇစ်ပိတ်လိုက်ပြီး ကိုင်လို့ရတဲ့အထိ အေးအောင်ထားလိုက်ပါ။
- ထမင်းတွေအေးသွားတဲ့အခါ ထရိုင်ကိုဒါးမားမှို ၂ ဇွန်းထည့်ပါ။ ပြီးရင်ပြန်ပိတ်လိုက်ပါ။ ဒီအချိန်မှာတော့ လေတွေကို ညှစ်ထုတ်စရာမလိုတော့ပါဘူး။ ဇစ်နဲ့ပြန်မပိတ်တော့ဘဲ သားရေပင်နဲ့စည်းလိုက်ပါ။
- အိတ်ထဲမှာ ထမင်းနဲ့ မှိုတွေနဲ့ သမအောင်လိုက်ပါ။ နယ်ပြီးရင်တော့ ကျစ်ကျစ်လစ်လစ်ဖြစ်အောင် အိတ်ထဲမှာပဲ တစ်ဖက်ဖက်ကိုကပ်ပြီး စုလိုက်ပါ။ အပေါ်ပိုင်းမှာ လေတွေခိုနေသေးရင် အပ်နဲ့ဖောက်လိုက်ပါ။ ပြီးရင်တော့ သန့်ရှင်းတဲ့တစ်နေရာရာမှာ သိမ်းထားလိုက်ပါ။ မှောင်နေတဲ့နေရာမဖြစ်ဖို့တော့ လိုပါတယ်။
- (၂)ရက်တစ်ခါလောက်ကြည့်ပေးပြီး ထမင်းတွေအပေါ်တက်လာရင် အောက်ဘက်ကိုဖိဖိချပေးပြီး လေတွေထုတ်ပေးပါ။ ၇ ရက်ကြာတဲ့အခါ သုံးလို့ရပါပြီ။ ၃ -၄ ပတ်လောက်ထိ သုံးလို့ရနိုင်ပါတယ်။မှိုတွေက အစိမ်းရင့်ရောင်ကနေ အဝါဖျော့၊ အဖြူရောင်တွေထိ တွေ့နိုင်ပါတယ်။
မှိုတွေအောင်မြင်တယ်ဆိုရင်တော့ အုန်းဆီနံ့သင်းသင်းလေး ရမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ အိမ်မှာပဲ ထရိုင်ကိုဒါးမားမှိုကို မွေးမြူလို့ရပြီဖြစ်ပါတယ်။ မှိုမွေးထားတဲ့ ထမင်း ၁ ကီလိုဂရမ်ကို ရေ ၂၀၀ လီတာနဲ့ ရောစပ်ပြီး အသုံးပြုနိုင်ပါပြီ။ မှိုမွေးတဲ့အထဲမှာမှ မလိုအပ်တဲ့မှိုမျိုးတွေကို ဖယ်ပစ်ဖို့နဲ့ စနစ်တကျစွန့်ပစ်ဖို့တော့ ဂရုစိုက်ရပါမယ်။ ထရိုင်ဂိုဒါးမားမှိုအကြောင်းသိလေ ကောင်းကောင်းမွေးမြူနိုင်လေဖြစ်မှာပါ။
ထရိုင်ကိုဒါးမားမှိုတွေက အစားကြီးလို့ လွယ်လွယ်ကူကူနဲ့ပဲ ပွားယူလို့ရပါတယ်။ ဝယ်ယူထားတဲ့မှိုတွေကို တိရိစ္ဆာန်အညစ်အကြေး မြေဆွေးတွေထဲကို ထည့်လိုက်ပြီး ဂုံနီအိတ်အစိုနဲ့ ဖုံးအုပ်ထားလိုက်ရုံပါပဲ။ ၁၂- ၁၅ ရက်လောက်ကြာတဲ့အခါ နွားချီးမြေဆွေးပုံတစ်ခုလုံးမှာ ထရိုင်ဂိုဒါးမားမှိုတွေ ပေါက်နေပြီဖြစ်ပါတယ်။ ဒီမြေဆွေးတွေကို ထရိုင်ကိုဒါးမားမှိုပါတဲ့ မြေဆွေးအဖြစ် အပင်အတွက် သုံးလို့ရပြီဖြစ်တယ်လို့ အိန္ဒိယက ပညာရှင်တစ်ချို့ကပြောပါတယ်။
ဒီမှိုတွေကို သဘာဝမြေတွေမှာ တွေ့ရတတ်ပြီး ၂၅ ဒီဂရီစင်တီဂရိတ်နဲ့ ၄၀ ဒီဂရီစင်တီဂရိတ်ကြားမှာပဲ အသက်ရှင်နိုင်ပါတယ်။ စျေးကွက်ထဲကနေ ထရိုင်ကိုဒါးမားမှိုအမှုန့်ဝယ်ပြီး ကိုယ်တိုင်ပွားယူကာ စိုက်ပျိုးရေးမှာ အကျိုးထိရောက်စွာ အသုံးပြုနိုင်ကြစေဖို့ ရေးသားတင်ပြလိုက်ရပါတယ်။
သိမ့်ဇာ
Ref; https://waytogrow.net/blogs/articles/trichoderma-a-biofungicide
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ထရိုင်ကိုဒါးမား
Zaw Latt
လွန်ခဲ့သော ၁ လ ကအဲ့ဒါလိုချင်တာ ပို့ပေးပါ့လား ဘယ်မှာဝယ်ရမှန်းမသိလို့ပါ
အိပ်စိုက်
လွန်ခဲ့သော ၂ နှစ် ကအမှုံ့ကဘယ်မှာဝယ်လို့ရမလဲ
ကိုမိုးဒီ
လွန်ခဲ့သော ၃ နှစ် ကထရိုင်ကိုဒါးမားမှိုဝယ်ချင်ပါတယ်ခင်ဗျား
ဦးဇော်ထွေး
လွန်ခဲ့သော ၅ နှစ် ကမလိုအပ်တဲ.မှိုဆိုတာဘာကိုပြောတာလည်း ကျွဲ၊နွားချေးတဲထရိုင်ကိုဒါးမားကိုဘယ်လောက်အချိုးနဲ.ထည်.ရမလဲ ကျေးဇူးပြု၍အကြောင်းပြန်စေလို
တောင်သူ
လွန်ခဲ့သော ၅ နှစ် ကထရိုင်ကိုဒါးမားမှိုအမှုန့်ဝယ်ချင်ပါတယ်ခဗျာ ကျေးဇူးတင်ပါတယ်ဘယ်မှာဝယ်ရမှာလဲခဗျာ
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မိုးကောင်းမြို့နယ် တောင်နီကျေးရွာမှာ၁၀လပိုင်းထဲမှာပြောင်းချိုစိုက်လို့ရပါသလားခင်ဗျာ။
yan Naing Htwe • ဖြေကြားချက် 4 ခု
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 2 ခု
မြေ ph level တိုင်းတာရန် တိုင်းစက်အပြင် အခြား မည်သည့်နည်းလမ်းဖြင့် တိုင်းတာလို့ရနိုင်ပါလဲ ခင်ဗျ
U Soe • ဖြေကြားချက် 5 ခု
ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ
Nyan Lwin Tun • ဖြေကြားချက် 2 ခု
ပဲပုပ် စစိုက်မှာမလို့ပါ ပဲမြစ်ဖုဘက်တီးရီးယား ဘယ်မှာဝယ်လို့ရနိုင်ပါလဲ ပဲပုပ်အတွက်
Nay • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from သိမ့်ဇာ
အားလုံး