အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ငါးများတွင် ဖြစ်ပွားလေ့ရှိသည့် ‌ဗိုင်းရပ်စ်(၅)မျိုးနှင့် ရောဂါလက္ခဏာများ

ငါးများတွင် ဖြစ်ပွားလေ့ရှိသည့် ‌ဗိုင်းရပ်စ်(၅)မျိုးနှင့် ရောဂါလက္ခဏာများ

    ငါးတွေမှာ အဖြစ်များတဲ့ ရောဂါပိုးတွေနဲ့ ရောဂါလက္ခဏာတွေကို ရန်ကုန်တိုင်း၊ ရွှေပေါက်ကံမြို့နယ်၊ Nay Min - စီးပွားဖြစ် ငါးသားဖောက်မွေးမြူထုတ်လုပ်ရေး လုပ်ငန်းမှ တတ်ကျွမ်းနားလည်သူထံ မေးမြန်းပြီး ရေးသားဖော်ပြပေးလိုက်ပါတယ်။

     ရေချိုရေငန်မှာ ရှင်သန်ပေါက်ဖွားနေတဲ့ ငါးမျိုးစိတ်တွေမှာ ဖြစ်ပွားနိုင်တဲ့ရောဂါပိုးတွေနဲ့ ရောဂါဖြစ်တည်ပုံ များစွာရှိတဲ့အနက်၊ ခန္ဓာကိုယ်ချို့ယွင်းတဲ့ လက္ခဏာမျိုးဆိုရင် မကူးစက်တတ်တဲ့ရောဂါ (Non-infectious disease) လို့ သက်မှတ်ပြီး၊ ပတ်ဝန်းကျင်အခြေအနေကြောင့် ဖြစ်ပွားတဲ့ရောဂါ (Direct environmental effects)၊ အစာအာဟာရကြောင့် ဖြစ်ပွား‌တဲ့ရောဂါ (Nutritional effects) ဆိုပြီး ရှိပါတယ်။ 

    ကူးစက်တတ်တဲ့ ရောဂါ (Infectious disease) တွေမှာတော့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတတ်တဲ့ရောဂါ၊ ဘက်တီးရီးယားကြောင့် ဖြစ်ပွားတတ်သော ရောဂါ၊ မှိုကြောင့် ဖြစ်ပွားတတ်တဲ့ ရောဂါ၊ ကပ်ပါးပိုးကြောင့် ဖြစ်ပွားတတ်တဲ့ရောဂါ ဆိုပြီး (၄)မျိုးရှိပါတယ်။

     ဒီတစ်ခါမှာတော့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတတ်တဲ့ရောဂါတွေထဲက ငါးတွေမှာအဖြစ်များဆုံး ‌ဗိုင်းရပ်စ် (၅) မျိုးနဲ့ ၎င်းတို့ရဲ့ ရောဂါလက္ခဏာတွေကို အရင်ဆုံးဖော်ပြပေးသွားပါမယ်။

(၁) Epizootic ulceractive syndrome (EUS) 

(၂) Koi herpes virus diesase (KHVD)

(၃) Grass-carp reo viral diesase

(၄) Viral nervous necrosis (VNN)

(၅) Grouper irido viral diesase တို့ ဖြစ်ပါတယ်။

    ဒီ‌ဗိုင်းရပ်စ်ရောဂါပိုးမျိုး ရှိလာတဲ့အခါ ငါးတွေရဲ့ (gross signs) ရောဂါလက္ခဏာတွေကတော့ အစာစားနှုန်းကျဆင်းလာခြင်း၊ ကိုယ်အလေးချိန်‌ကျဆင်းလာခြင်း၊ ငါးများထိုင်းမှိုင်းပြီး ရေပေါ်တွင် ခေါင်းဖော်၍ ငြိမ်သက်စွာကူးနေခြင်း၊ ဦးခေါင်း၊ ဆူးတောင်၊ အမြှီးပိုင်း၊ ကျောပိုင်းနဲ့ ပါးဟက်ပိုင်းတွေမှာ အနီစက်တွေ ဖြစ်ပေါ်လာခြင်း၊ ကိုယ်ပေါ်မှာ အနာကွက်တွေ ဖြစ်ပေါ်လာပြီး သွေးများယိုစီးလာခြင်းတို့ ဖြစ်ပါတယ်။

    ဒီလိုရောဂါမျိုး ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့- မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေအပူချိန် ပြောင်းလဲခြင်း၊ အက်ဆစ်ဓာတ်မြင့်မားခြင်း ၊ အောက်စီဂျင်ပျော်ဝင်မှုနှုန်း ကျဆင်းလာခြင်းတို့ကြောင့် ဖြစ်ပါတယ်။

    ဒီလို ဗိုင်းရပ်စ်ရောဂါမျိုးကို ရေချိုရေငန်စပ် ငါးမျိုးစိတ်အားလုံးမှာ ဖြစ်ပွားနိုင်ပါတယ်။ ရောဂါကာကွယ်ခြင်းနဲ့ ရောဂါထိန်းချုပ်ဖို့အတွက် ကန်ရေ၏ Ph level ပေါ်မူတည်ပြီး ထုံးထည့်ပေးခြင်း၊ bleaching powder ကို  တစ်ဧက (၉)ပေါင်နှုန်း ထည့်သွင်းပေးနိုင်ပါတယ်။

    ရောဂါကုသခြင်းအတွက်တော့ အောက်စီတက်ထွာဆိုက်ကလင်း Oxytetracycline- ၁၀၀ ဂရမ်/ အစာ ၁၀ ပိဿာ) KmnO4 - 4IB / I Acre တို့နဲ့ ကုသပေးကြပါတယ်။

နန်းထက်ထက်ချစ်(ABM)

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 0 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 1 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။