အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လက်ရှိဖြစ်ပေါ်နေသာ လေဖိအားနည်းရပ်ဝန်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေရှိသော်လည်း မြန်မာဘက်သို့ ရွေ့လျားရန်မရှိ

လက်ရှိဖြစ်ပေါ်နေသာ လေဖိအားနည်းရပ်ဝန်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေရှိသော်လည်း မြန်မာဘက်သို့ ရွေ့လျားရန်မရှိ

မေလ ၁၁ ရက်- နေ့လည် ၁ နာရီခွဲ Tropical Tidbits မှ ရရှိသော AIFS-ENSEMBLE (AIFS-ENS) ၏ မေလ ၁၁ ရက်နေ့ နောက်ဆုံး Update (GIF animations) များအပေါ် အခြေခံ၍ မေလ ၁၂ ရက် မှ မေလ ၂၄ ရက်အတွင်း - ဘင်္ဂလားပင်လယ်အော်နှင့် မြန်မာနိုင်ငံအတွက် မိုးလေဝသအခြေအနေ ကို ဖော်ပြပေးလိုက်ပါသည်။

၁။ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း အခြေအနေ

•  Monsoon Vortex စုဖွဲ့မှု - မေလ ၁၂ ရက်မှ ၁၄ ရက်အတွင်း သီရိလင်္ကာနိုင်ငံ အရှေ့မြောက်ဘက် ပင်လယ်ပြင်တွင် လေထုလည်ပတ်မှု (Cyclonic Circulation) သိသိသာသာ အားကောင်းလာသည်ကို တွေ့ရပါသည်။

•  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန - ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း (သီရိလင်္ကာနိုင်ငံမြောက်ပိုင်းကမ်းလွန်) တွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၄၈ နာရီ အတွင်း ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရကြောင်း တရားဝင်ကြေညာချက် ထုတ်ပြန်ထားပါသည်။

•  လေဖိအားနည်းရပ်ဝန်း (Low Pressure Area) - မေလ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း၌ သိသာထင်ရှားသော လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး၊ မေလ တတိယပတ်အတွင်း မြောက်ဘက်/အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ အနောက်တောင်မုတ်သုံလေကို “မြန်မာနိုင်ငံအတွင်းသို့ ဆွဲတင်ပေးမည့် အဓိကတွန်းအား” (Monsoon Onset Vortex) ဖြစ်လာပါမည်။

၂။ မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်မည့် မိုးလေဝသဆိုင်ရာအခြေအနေများ

မိုးရွာသွန်းမှု အခြေအနေ (Precipitation)

•  မိုးများနိုင်သည့်ဒေသများ - မေလ ၁၄ ရက်မှစ၍ အနောက်တောင်လေ အရှိန်ကောင်းလာမှုကြောင့် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်း တို့တွင် ၂၄ နာရီ မိုးရေချိန် ၄၀ mm မှ ၉၀ mm အထိ (အပြာရင့်ရောင်/ပန်းရောင်သန်းသောဧရိယာ) ရွာသွန်းနိုင်သဖြင့် မိုးများနိုင်ပါသည်။

•  မိုးအသင့်အတင့် - ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးရေချိန် ၁၅ mm မှ ၄၀ mm အတွင်း အသင့်အတင့် ရွာသွန်းနိုင်ပါသည်။

•  မိုးနည်းနိုင်သည့်ဒေသများ - မြန်မာနိုင်ငံအလယ်ပိုင်း (မန္တလေး၊ မကွေး၊ စစ်ကိုင်း) ဒေသများတွင် မေလ ဒုတိယပတ်အတွင်း မိုးရွာသွန်းမှု နေရာကွက်ကျားသာ ရှိနိုင်သေးသဖြင့် မိုးနည်းနေဦးမည် ဖြစ်ပါသည်။

• လေပြင်းတိုက်ခတ်နိုင်မှု (Wind) - 50 hPa Wind animation အရ မေလ ၁၅ ရက်နောက်ပိုင်းတွင် ကပ္ပလီပင်လယ်ပြင်နှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် လေတိုက်နှုန်း ၂၅ knots မှ ၃၅ knots အထိ(တနာရီ မိုင် ၃၀ မှ မိုင် ၄၀ ခန့်အထိ) ရှိလာနိုင်ပါသည်။

•  မုတ်သုံလေ စတင်ဝင်ရောက်ခါစတွင် ဖြစ်ပေါ်တတ်သော မိုးတိမ်တောင် (Thunderstorms) များကြောင့် ကုန်းတွင်းပိုင်းဒေသများ၌ လေပြင်းတိုက်ခတ်ခြင်း များ ဒေသအလိုက် ဖြစ်ပေါ်နိုင်ပါသည်။

၃။ အနောက်တောင်မုတ်သုံလေ ဝင်ရောက်ခြင်း (Monsoon Onset)

•  မေလ ၁၅ ရက်မှ ၁၈ ရက်အတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်း (တနင်္သာရီတိုင်းနှင့် ကပ္ပလီပင်လယ်ပြင်) သို့ စတင်ဝင်ရောက်လာနိုင်ပါသည်။

•  မေလ ၂၁ ရက် မှ ၂၄ ရက်အတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတခုလုံးသို့ ဆက်လက်ဝင်ရောက်သွားနိုင်ပါသည်။

၄။ အထူးသတိပြုရန် အချက်များ

•  မိုးကြိုးအန္တရာယ် - မေလ ဒုတိယပတ်အတွင်း ကုန်းတွင်းပိုင်း အပူရှိန်မြင့်မားမှုနှင့် ပင်လယ်မှ စိုထိုင်းဆဝင်ရောက်မှုတို့ကြောင့် မိုးထစ်ချုန်းရွာစဉ် မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း များကို အထူးဂရုပြုရန် လိုအပ်ပါသည်။

•  ပင်လယ်ပြင် - ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်နေသဖြင့် မေလလယ်တွင် ပင်လယ်ပြင်လှိုင်း အသင့်အတင့်မှ အနည်းငယ်ကြီးနိုင်ပါသည်။

လက်ရှိဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မေလ ၁၄ ရက်နေ့တွင် အားအကောင်းဆုံးဖြစ်လာပြီး ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေ ၆၀% ရှိသည်။ မြန်မာနိုင်ငံဘက်သို့ ရွေ့လျားရန်မရှိပါ။

လက်ရှိဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မေလ ၁၆ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေ ၄၀% သို့လျော့ကျလာပါသည်။

ထို့ကြောင့် လက်ရှိဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် -

🔸 ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေ မရှိပါ။

🔸 မြန်မာနိုင်ငံဘက်သို့ ဆက်လက်ရွေ့လျားရန်မရှိပါ။

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

3
ဦးလှမြိုင် မြန်မာ

ဦးလှမြိုင် မြန်မာ

လွန်ခဲ့သော ၄ လ က

ဒီနှစ်မိုးဦးကျရင် နှမ်းသီးနှံစိုက်ဘို့အတွက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (အငြိမ်းစားတွဲဘက်ပါမောက္ခ)ဆရာဦးသိန်းဆု ရဲ့ ပညာပေးဗီဒီယိုဖိုင်မှာပါရှိတဲ့ *မထွန်ယက်စိုက်ပျိုးရေး*နည်းစနစ်နှင့် *မြေကြီးကိုလုံအောင်ဖုန်း*နည်းစနစ်တို့နဲ့အတူ ဓါတုလွတ် ဩဂဲနစ်စိုက်ပျိုးစနစ်တို့ကိုအကောင်အထည်ဖေါ်စိုက်ပျိုးသွားမှာဖြစ်ပါတယ် လိုအပ်မည့်အကြံများစိုက်ပျိုးပညာရှင်များမှအကြံပြုချက်များကိုမျှော်လင့်နေလျက်ပါ

Kyaw Htoo

Kyaw Htoo

လွန်ခဲ့သော ၄ လ က

မကွေးတိုင်း ပခုက္ကူ ဘက်မိုးရွာနိုင်မယ့်အခြေအနေလေးခန့်မှန်းပေးပါအုမ်း

Johnyawlay

Johnyawlay

လွန်ခဲ့သော ၄ လ က

ကျေးဇူးတင်ပါသည် ။ဆရာ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 0 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 1 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။